ရွေးကောက်ပွဲအမှီ ပြည်ပမှမြန်မာများပြန်ခေါ်ရေး တပ်မတော်နှင့် တိုင်းရင်းသားပါတီများမှ ထောက်ခံသော်လည်း ကန့်ကွက်မဲများ၍ အဆိုရှုံးနိမ့်





REF: The Fifth Wave News

UNICODE

ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့် တင်သွင်းသော အရေးကြီးအဆို တွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများမှာ လည်း မြန်မာနိုင်ငံသို့ပြန်လာရန် MAI MMA လေကြောင်းလိုင်းများဖြင့်သယ်ဆောင်ပေးနေသော်လည်း နှောင့်နှေးကြန့်ကြာမှုများ ဖြစ် ပေါ်နေသဖြင့် မြန်မာတပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ်များ အသုံးပြု၍ ရွေးကောက်ပွဲအမှီ မိမိဆန္ဒအရ လွတ်လပ်စွာ မဲပေးနိုင် ရေးအတွက် ပြန်လည်ခေါ်ဆောင်ရန်ဖြစ်ကြောင်း သိရသည်။

ထျုသို့ပြန်ခေါ်နိုင်ရေး အတွက် နှစ်နိုင်ငံအစိုးရချင်းညှိနှိုင်းဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းရေး ကြီး အဆိုကို ဥက္ကဌ ကြီးမှတဆင့်တင်သွင်းအပ်ပါတယ် ဟု ပါရှိသည်။၎င်း အရေးကြီးအဆိုနှင့်ပတ်သက်ပြီး ဇူလိုင်လ ၂၁ ရက်နေ့ နေ့လည်ပိုင်း က ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မတ်တပ်ရပ် မဲခွဲဆုံးဖြတ်ခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များ မတ်တပ်ရပ် ထောက်ခံခဲ့ကြသည်။

ထိုသို့ ထောက်ခံခဲ့သော်လည်း ထောက်ခံမဲ ၁၂၅ မဲရရှိ ခဲ့ရာ ထောက်ခံမဲ၁၄၄ မဲမပြည့်သည့်အတွက် ယင်းအရေးကြီးအဆိုကို လက်ခံဆွေး နွေးရန်မရှိကြောင်း ဦးတီခွန်မြတ်ကကြေညာခဲ့သည်။ပြည်ပရောက်မြန်မာအလုပ်သမားများကို ရွေးကောက်ပွဲအမှီ ပြန်လည်ခေါ်ယူရေးကိစ္စ အရေးကြီး အဆိုကို ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်ကစာဖြင့် လက်မှတ်ရေးထိုးကာ ဇူလိုင်လ ၂၁ ရက် နေ့လည်ပိုင်းက ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် ထံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။

ပြည်ပရောက်မြန်မာအလုပ်သမားများ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားအလုပ်သမားများသည် ရွေး ကောက်ပွဲအမှီ မိမိစိတ်ဆန္ဒအရ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ပြန်လည်ခေါ်ဆောင်ရန် နှစ်နိုင်ငံအစိုးရခြင်း ညှိနှိုင်း ဆောင်ရွက်ပေး ရန်ပြည်ထောင့်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုဖြစ်ကြောင်း သိရသည်။

REF:  The Fifth Wave News

Add a Comment

Your email address will not be published. Required fields are marked *