ျမစ္ေတြနဲ႔ပတ္သက္ၿပီး က်ိန္စာ မိေနတဲ့ တ႐ုတ္ျပည္ နဲ႔ သင္ခန္းစာယူရမယ့္ ျမန္မာျပည္

တ႐ုတ္ျပည္ ရဲ႕အႀကီးဆုံး ေရခ်ိဳကန္ႀကီးျဖစ္တဲ့ ပိုယန္ေရကန္ႀကီးကိစၥျပန္ဆက္ရရင္ ေရကန္ႀကီး ဟာ အရင္က ၅၁၆၀ စတုရန္းကီလိုမီတာ ရွိရာကေန ၃၈၆၀ စတုရန္းကီလိုမီတာအထိ ဧရိယာေလ်ာ့က် သြား တယ္ ။လူေတြက ေရနည္းေလေျမဖို႔ေလနဲ႔ လုပ္လာခဲ့ၾကတဲ့ ရလဒ္ပဲ။ အခုလို ကန္ေရလက္ခံဧရိယာရဲ႕ ၂၅ ရာႏႈန္းကို လုယူလိုက္ေတာ့ ကန္ကေရလက္ခံစရာေနရာ မရွိပဲေရႀကီးေရလွ်ံေတြျဖစ္ေပၚေ စ ပါတယ္ ။ ဒါမ်ိဳးကန္စပ္ မွာ ေျမဖို႔ၿပီး အိမ္ယာေတြေဆာက္တာ ေနရာေတာ္ေတာ္ မ်ားမ်ားမွာ ရွိသတဲ့ ။ ဒါ့ေၾကာင့္ ဒီႏွစ္မွာ တ႐ုတ္ျပည္မွာ မႀကဳံဖူး ေအာင္ေရႀကီးေရလွ်ံျဖစ္ကာ တာ႐ိုးခ်ိဳးခ်ရတဲ့ ဘဝ ေရာက္ေနတာျဖ စ္ပါသတဲ့။

တ႐ုတ္ အာဏာ ပိုင္ေတြ ဟာ ခ်ဳျမစ္ ရဲ႕ ေရကာတာ ကို ေဖာက္ခြဲခ် လိုက္ ပါ တယ္ ။အန္ေဝးျပည္နယ္ ရွိ ေရကာတာ ကို တနဂၤေႏြေန႔ က အခုလို ေဖာက္ခ်လိုက္ ရတဲ့ အေၾကာင္း ကေတာ့ အခ်ိန္မီေရ ဖိအား ကို ေလ်ာ့ခ်ဖို႔ျဖစ္ ပါတယ္။ အခုလိုေဖာက္ခ်လိုက္တဲ့အတြက္ ခ်ဳျမစ္ ရဲ႕ေရအျမင့္ဟာ ၇၀ စင္တီမီတာ (၂၈) လက္မေလာက္ ေလ်ာ့က်သြားမယ္လို႔ ေမွ်ာ္လင့္ ထား ပါ တယ္ ။ တ႐ုတ္ျပည္အေရွ႕ပိုင္း မွာ ဒီလ ဆန္းက စၿပီး လူ အေယာက္ ၁၄၀ ေလာက္ ေသဆုံး/ေပ်ာက္ဆုံး ျဖစ္ေစခဲ့တဲ့အျပင္ လူေပါင္း ၂၄ လန္းေလာက္ကို ထိခိုက္ေစခဲ့တယ္လို႔ တ႐ုတ္အေရးေပၚစီမံေရးဝန္ႀကီးဌာနက ဆို ပါတယ္ ။

တ႐ုတ္ျပည္ ယန္ဇီျမစ္တေၾကာ မွာ ဒီႏွစ္ ဇြန္လိုင္ လဆန္းပိုင္း ကတည္း က ေရႀကီးမႈေတြျဖစ္ေန တာပါ ။ Covid-19 အႀကီးအက်ယ္ ျဖစ္ခဲ့တဲ့ ဝူဟန႔္ၿမိဳ႕ဆိုရင္ ေရအႀကီးအက်ယ္လႊမ္းမိုးမႈကို ခံခဲ့ရပါတယ္။ ယန္ဇီျမစ္ဝမ္းေဒသက တ႐ုတ္ျပည္ရဲ႕ အႀကီးဆုံးေရကန္ႀကီး ဆိုရင္ ႏွစ္ ၆၀ ထဲမွာ အႀကီးဆုံး ေရႀကီးေရလွ်ံမႈ ျဖစ္ေပၚခဲ့ ပါတယ္။အဲ့ဒီ ပိုယန္ေရကန္ႀကီးဆိုရင္ ေႏြဘက္မွာ သေဘၤာႀကီးေတြ ကုန္းေျမ အလယ္ ေခါင္ မွာ တင္က်န္ခဲ့သေလာက္ ေရခမ္းေျခာက္ၿပီး ငါးေတြအႀကီးအက်ယ္ေသဆုံးခဲ့သလို မိုးရာသီမွာ ေရအႀကီးအက်ယ္လွ်ံတဲ့ ျပႆနာ ႀကဳံရ ပါတယ္ ။ (ပုံေတြကို ၾကည့္ပါ )

အဲ့ဒီ ဝူဟန္ေဒသ ၊ ဟန္ဇီျမစ္ နဲ႔ ပိုယန္ျမစ္တို႔ကေန Romance of the Three Kingdoms ဒ႑ာရီ ဇာတ္လမ္း ရဲ႕ နာမည္ေက်ာ္ ပိုယန္ျမစ္ ေရေၾကာင္း တိုက္ပြဲအေၾကာင္းပါ ထည့္ေရးစရာေတြ ရွိေနတာပါ ။ အခု သဘာဝေဘးဒဏ္ျဖစ္ေစတဲ့ ကိစ ၥကို ဆက္ေဆြးေႏြးရေအာင္ ပါ။ ဘာျဖစ္လို႔ မိုး႐ြာရင္ေရႀကီး ေရလွ်ံေတြျဖစ္ၿပီး ေႏြဘက္မွာ ေရတစ္စက္မွ မက်န္ေအာင္ ခမ္းေျခာက္ကုန္တာလဲ…⁉️ ရာသီဥတုေျပာင္းလဲမႈ ေၾကာင့္နဲ႔ လူေတြေၾကာင့္အခုလို ျမစ္တို႔ရဲ႕က်ိန္စာကို ခံေနရတာပါ။ ဒီႏွစ္ မွာ အေနာက္ေျမာက္ပစိဖိတ္ေဒသ မွာ subtropical high pressure system က အေတာ္ဖိအားျမင့္မားတယ္လို႔ ဆိုပါတယ္။

အဲ့ဒီဖိအား နဲ႔ ေလေအး နဲ႔ ေတြ႕ရာက ယန္ဇီ ျမစ္ဝွမ္းေဒသမွာ မိုးအႀကီးအက်ယ္႐ြာသြန္းေစခဲ့တယ္ လို႔ ဆိုပါတယ္။▪️ ေနာက္တစ္ခ်က္ က ကမာၻႀကီးပူေႏြးလာမႈ ပါ။ ကမာၻႀကီး ပူေႏြးမႈဟာ ႏွစ္ေပါင္းမ်ား စြာ ၾကာလာတဲ့ အခါ မွာ ရာသီဥတုေဖာက္တဲ့ႏွစ္ အႀကိမ္မ်ားမ်ားပိုႀကဳံလာရ ပါေတာ့တယ္။နာတာရွည္ ေရာဂါျဖစ္ ေနသူ မွာ ေရာဂါဆိုးေတြမၾကာခန ထဝင္တတ္တဲ့ သေဘာပါ ။တကယ္ေတာ့ က်ေနာ္တို႔မွီတင္းေန ထိုင္တဲ့ ကမာၻေျမႀကီးကိုခ်စ္ခင္ၾကင္နာစြာျပန္ဂ႐ုစိုက္ဖို႔ အခ်ိန္က်ေရာက္ေနပါၿပီ။ ေနာက္ တစ္ခ်က္က လူေတြ ရဲ႕ သစ္ပင္ခုတ္ျခင္း နဲ႔ ေရ ကန္ေတြ အင္းေတြကို ေျမဖို႔ေနရာယူျခင္းပါ ။ ေျမဟာတန္ဖိုး ရွိေတာ့ လူေတြက ေျမဖို႔ၿပီး ေဟာ္တယ္ေဆာက္ၾက။

အိမ္ယာစီမံကိန္း ေတြလုပ္ၾက ပါတယ္ ။သဘာဝေဂဟစနစ္ႀကီးဟာ လူေတြ မဖ်က္ဆီးခင္ က ႏွစ္သန္းေပါင္းမ်ားစြာ သူ႔ဟာသူ စည္းခ်က္ ညီစြာ နဲ႔ လွပေအာင္တည္ရွိေန ခဲ့တာပါ ။ သဘာဝေရေဝလက္ခံေရကန္ေတြရွိတယ္။ သစ္ပင္သစ္ေတာေတြရွိတယ္။ မိုးမ်ားရင္ အပင္ေတြ က ေျမမၿပိဳေအာင္ ထိန္းခ်ဳပ္ေပး တယ္ ။ သစ္ပင္ေတြ မရွိလို႔ ေျမေတြျပဳန္းတီးေမ်ာ ပါသြားရင္ ျမစ္ေၾကာငး တိမ္သြားမယ္ ။ျမစ္ေၾကာင္း တိမ္ေကာ သြားရင္ ေရလက္ခံႏိုင္တဲ့ပမာဏေလ်ာ့ သြားမယ္ ။ မိုးတြင္းေရႀကီးမယ္ ။ ေႏြမွာ ေရခမ္းေျခာက္မယ္ ။ ျမစ္ထဲ ရွိေသာင္ကမ္းေတြ၊ အင္းေတြ၊ ေရကန္ေတြ ကို ေျမဖို႔ၿပီး ေဟာ္တယ္ေတြ၊ အိမ္ယာစီမံ ကိန္းေတြ လုပ္ၾကတဲ့ အခါ မွာ။

မိုးေရ ကို လက္ခံႏိုင္ တဲ့ ေရလက္ခံကန္ အ႐ြယ္ အစား လြန္စြာေလ်ာ့က် သြားတယ္။ဒါေတြေၾကာင့္ အင္းအိုင္ေတြ ၊ ေရကန္ေတြမွာ မိုး႐ြာရင္ ေရလွ်ံၿပီး ေႏြမွာေရခမ္းေျခာက္ တဲ့ ျပႆနာ တက္လာတယ္ ။ သူ႔ဟာသူ လွပေအာင္ သဘာဝ ကို အလွဆင္ ေပးေန တဲ့ ထမင္းေကြၽး၊ ဟင္းလွ်ာေပး၊ ေရတိုက္ေနတဲ့ ျမစ္ေတြကန္ေတြ ကို ဖ်က္ဆီးေတာ့ ျမစ္တို႔ ရဲ႕က်ိန္စာ ကို ျပန္ခံစားရ တာပဲ ။သဘာဝ မဟုတ္တဲ့ ဆည္ေတြ ေဆာက္ျခင္း ဟာလည္း ျပႆနာကို ပိုမိုရႈပ္ေထြးေစတယ္ လို႔ ဆို ပါတယ္ ။ အဲ့ဒီဆည္ကိစၥက ဘက္စုံကၾကည့္ၿပီးသုံးသပ္ရမွာမို႔ တ႐ုတ္ရဲ႕ Three George’s Dam ရဲ႕ ျပႆနာေတြကို ေနာက္မွတင္ျပပါရေစ။ ေကာင္းက်ိဳး ဆိုးက်ိဳးက ဒြန္တြဲေနစၿမဲပါ ။

ေသာက္စရာေရ၊ စားစရာဟင္း ၊ စိုက္စရာခ်ိဳးစရာေရ ကို အၿမဲေပးလႈခဲ့တဲ့ ျမစ္ေတြ၊ ေရကန္ အင္းအိုင္ေတြဟာ အခုေတာ့ က်ိန္စာတိုက္ေန ၿပီ လို႔ ဆိုေနၾကပါ ေၾကာင္း ေဖာ္ျပလိုက္ပါတယ္။

REF: LET PAN

UNICODE

တရုတ်ပြည် ရဲ့အကြီးဆုံး ရေချိုကန်ကြီးဖြစ်တဲ့ ပိုယန်ရေကန်ကြီးကိစ္စပြန်ဆက်ရရင် ရေကန်ကြီး ဟာ အရင်က ၅၁၆၀ စတုရန်းကီလိုမီတာ ရှိရာကနေ ၃၈၆၀ စတုရန်းကီလိုမီတာအထိ ဧရိယာလျော့ကျ သွား တယ် ။လူတွေက ရေနည်းလေမြေဖို့လေနဲ့ လုပ်လာခဲ့ကြတဲ့ ရလဒ်ပဲ။ အခုလို ကန်ရေလက်ခံဧရိယာရဲ့ ၂၅ ရာနှုန်းကို လုယူလိုက်တော့ ကန်ကရေလက်ခံစရာနေရာ မရှိပဲရေကြီးရေလျှံတွေဖြစ်ပေါ်ေ စ ပါတယ် ။ ဒါမျိုးကန်စပ် မှာ မြေဖို့ပြီး အိမ်ယာတွေဆောက်တာ နေရာတော်တော် များများမှာ ရှိသတဲ့ ။ ဒါ့ကြောင့် ဒီနှစ်မှာ တရုတ်ပြည်မှာ မကြုံဖူး အောင်ရေကြီးရေလျှံဖြစ်ကာ တာရိုးချိုးချရတဲ့ ဘဝ ရောက်နေတာဖြ စ်ပါသတဲ့။

တရုတ် အာဏာ ပိုင်တွေ ဟာ ချုမြစ် ရဲ့ ရေကာတာ ကို ဖောက်ခွဲချ လိုက် ပါ တယ် ။အန်ဝေးပြည်နယ် ရှိ ရေကာတာ ကို တနင်္ဂနွေနေ့ က အခုလို ဖောက်ချလိုက် ရတဲ့ အကြောင်း ကတော့ အချိန်မီရေ ဖိအား ကို လျော့ချဖို့ဖြစ် ပါတယ်။ အခုလိုဖောက်ချလိုက်တဲ့အတွက် ချုမြစ် ရဲ့ရေအမြင့်ဟာ ၇၀ စင်တီမီတာ (၂၈) လက်မလောက် လျော့ကျသွားမယ်လို့ မျှော်လင့် ထား ပါ တယ် ။ တရုတ်ပြည်အရှေ့ပိုင်း မှာ ဒီလ ဆန်းက စပြီး လူ အယောက် ၁၄၀ လောက် သေဆုံး/ပျောက်ဆုံး ဖြစ်စေခဲ့တဲ့အပြင် လူပေါင်း ၂၄ လန်းလောက်ကို ထိခိုက်စေခဲ့တယ်လို့ တရုတ်အရေးပေါ်စီမံရေးဝန်ကြီးဌာနက ဆို ပါတယ် ။

တရုတ်ပြည် ယန်ဇီမြစ်တကြော မှာ ဒီနှစ် ဇွန်လိုင် လဆန်းပိုင်း ကတည်း က ရေကြီးမှုတွေဖြစ်နေ တာပါ ။ Covid-19 အကြီးအကျယ် ဖြစ်ခဲ့တဲ့ ဝူဟန့်မြို့ဆိုရင် ရေအကြီးအကျယ်လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်။ ယန်ဇီမြစ်ဝမ်းဒေသက တရုတ်ပြည်ရဲ့ အကြီးဆုံးရေကန်ကြီး ဆိုရင် နှစ် ၆၀ ထဲမှာ အကြီးဆုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ ပါတယ်။အဲ့ဒီ ပိုယန်ရေကန်ကြီးဆိုရင် နွေဘက်မှာ သင်္ဘောကြီးတွေ ကုန်းမြေ အလယ် ခေါင် မှာ တင်ကျန်ခဲ့သလောက် ရေခမ်းခြောက်ပြီး ငါးတွေအကြီးအကျယ်သေဆုံးခဲ့သလို မိုးရာသီမှာ ရေအကြီးအကျယ်လျှံတဲ့ ပြဿနာ ကြုံရ ပါတယ် ။ (ပုံတွေကို ကြည့်ပါ )

အဲ့ဒီ ဝူဟန်ဒေသ ၊ ဟန်ဇီမြစ် နဲ့ ပိုယန်မြစ်တို့ကနေ Romance of the Three Kingdoms ဒဏ္ဍာရီ ဇာတ်လမ်း ရဲ့ နာမည်ကျော် ပိုယန်မြစ် ရေကြောင်း တိုက်ပွဲအကြောင်းပါ ထည့်ရေးစရာတွေ ရှိနေတာပါ ။ အခု သဘာဝဘေးဒဏ်ဖြစ်စေတဲ့ ကိစ ္စကို ဆက်ဆွေးနွေးရအောင် ပါ။ ဘာဖြစ်လို့ မိုးရွာရင်ရေကြီး ရေလျှံတွေဖြစ်ပြီး နွေဘက်မှာ ရေတစ်စက်မှ မကျန်အောင် ခမ်းခြောက်ကုန်တာလဲ…⁉️ ရာသီဥတုပြောင်းလဲမှု ကြောင့်နဲ့ လူတွေကြောင့်အခုလို မြစ်တို့ရဲ့ကျိန်စာကို ခံနေရတာပါ။ ဒီနှစ် မှာ အနောက်မြောက်ပစိဖိတ်ဒေသ မှာ subtropical high pressure system က အတော်ဖိအားမြင့်မားတယ်လို့ ဆိုပါတယ်။

အဲ့ဒီဖိအား နဲ့ လေအေး နဲ့ တွေ့ရာက ယန်ဇီ မြစ်ဝှမ်းဒေသမှာ မိုးအကြီးအကျယ်ရွာသွန်းစေခဲ့တယ် လို့ ဆိုပါတယ်။▪️ နောက်တစ်ချက် က ကမ္ဘာကြီးပူနွေးလာမှု ပါ။ ကမ္ဘာကြီး ပူနွေးမှုဟာ နှစ်ပေါင်းများ စွာ ကြာလာတဲ့ အခါ မှာ ရာသီဥတုဖောက်တဲ့နှစ် အကြိမ်များများပိုကြုံလာရ ပါတော့တယ်။နာတာရှည် ရောဂါဖြစ် နေသူ မှာ ရောဂါဆိုးတွေမကြာခန ထဝင်တတ်တဲ့ သဘောပါ ။တကယ်တော့ ကျနော်တို့မှီတင်းနေ ထိုင်တဲ့ ကမ္ဘာမြေကြီးကိုချစ်ခင်ကြင်နာစွာပြန်ဂရုစိုက်ဖို့ အချိန်ကျရောက်နေပါပြီ။ နောက် တစ်ချက်က လူတွေ ရဲ့ သစ်ပင်ခုတ်ခြင်း နဲ့ ရေ ကန်တွေ အင်းတွေကို မြေဖို့နေရာယူခြင်းပါ ။ မြေဟာတန်ဖိုး ရှိတော့ လူတွေက မြေဖို့ပြီး ဟော်တယ်ဆောက်ကြ။

အိမ်ယာစီမံကိန်း တွေလုပ်ကြ ပါတယ် ။သဘာဝဂေဟစနစ်ကြီးဟာ လူတွေ မဖျက်ဆီးခင် က နှစ်သန်းပေါင်းများစွာ သူ့ဟာသူ စည်းချက် ညီစွာ နဲ့ လှပအောင်တည်ရှိနေ ခဲ့တာပါ ။ သဘာဝရေဝေလက်ခံရေကန်တွေရှိတယ်။ သစ်ပင်သစ်တောတွေရှိတယ်။ မိုးများရင် အပင်တွေ က မြေမပြိုအောင် ထိန်းချုပ်ပေး တယ် ။ သစ်ပင်တွေ မရှိလို့ မြေတွေပြုန်းတီးမျော ပါသွားရင် မြစ်ကြောငး တိမ်သွားမယ် ။မြစ်ကြောင်း တိမ်ကော သွားရင် ရေလက်ခံနိုင်တဲ့ပမာဏလျော့ သွားမယ် ။ မိုးတွင်းရေကြီးမယ် ။ နွေမှာ ရေခမ်းခြောက်မယ် ။ မြစ်ထဲ ရှိသောင်ကမ်းတွေ၊ အင်းတွေ၊ ရေကန်တွေ ကို မြေဖို့ပြီး ဟော်တယ်တွေ၊ အိမ်ယာစီမံ ကိန်းတွေ လုပ်ကြတဲ့ အခါ မှာ။

မိုးရေ ကို လက်ခံနိုင် တဲ့ ရေလက်ခံကန် အရွယ် အစား လွန်စွာလျော့ကျ သွားတယ်။ဒါတွေကြောင့် အင်းအိုင်တွေ ၊ ရေကန်တွေမှာ မိုးရွာရင် ရေလျှံပြီး နွေမှာရေခမ်းခြောက် တဲ့ ပြဿနာ တက်လာတယ် ။ သူ့ဟာသူ လှပအောင် သဘာဝ ကို အလှဆင် ပေးနေ တဲ့ ထမင်းကျွေး၊ ဟင်းလျှာပေး၊ ရေတိုက်နေတဲ့ မြစ်တွေကန်တွေ ကို ဖျက်ဆီးတော့ မြစ်တို့ ရဲ့ကျိန်စာ ကို ပြန်ခံစားရ တာပဲ ။သဘာဝ မဟုတ်တဲ့ ဆည်တွေ ဆောက်ခြင်း ဟာလည်း ပြဿနာကို ပိုမိုရှုပ်ထွေးစေတယ် လို့ ဆို ပါတယ် ။ အဲ့ဒီဆည်ကိစ္စက ဘက်စုံကကြည့်ပြီးသုံးသပ်ရမှာမို့ တရုတ်ရဲ့ Three George’s Dam ရဲ့ ပြဿနာတွေကို နောက်မှတင်ပြပါရစေ။ ကောင်းကျိုး ဆိုးကျိုးက ဒွန်တွဲနေစမြဲပါ ။

သောက်စရာရေ၊ စားစရာဟင်း ၊ စိုက်စရာချိုးစရာရေ ကို အမြဲပေးလှုခဲ့တဲ့ မြစ်တွေ၊ ရေကန် အင်းအိုင်တွေဟာ အခုတော့ ကျိန်စာတိုက်နေ ပြီ လို့ ဆိုနေကြပါ ကြောင်း ဖော်ပြလိုက်ပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published.