(၈)တန္းႏွင့္(၁၀)တန္း ေက်ာင္းသူ(၂)ဦးကို ရက္ရက္စက္စက္သတ္ခဲ့ရတဲ့ အေၾကာင္းအရင္းကို တရားခံေျပာၿပီ

စစ္ေဆးခ်က္ ေက်ာင္းသူ(၂)ဦးကို သတ္ခဲ့သည့္ တရားခံသန္းထြန္းသည္ (၁၃-၇-၂၀၂၀)ရက္ေန႔ နံနက္၆နာရီအခ်ိန္က နတ္မဟုတ္ကေလး ေက်း႐ြာ အေနာက္ဖက္(၁)ဖာလုံ ခန႔္အကြာရွိ ၎၏အစ္ကိုျဖစ္သူ ဦးထြန္းႏြဲ႕၏ လယ္တြင္ သူရင္းငွားအလုပ္လုပ္ကိုင္ ေနခဲ့ေၾကာင္း
ထိုေန႔ ေန႔လယ္တစ္နာရီခန႔္ အခ်ိန္ကဦးႏွင္းေအာင္၏ အခင္းေတာထဲ၌ ၎စုပုံထားေသာထင္းေခ်ာင္းအေျခာက္အားယူရန္သြားခဲ့သည္။ ထင္းမ်ားစုပုံထားေသာ ေနရာမွတစ္ဖာလုံခန႔္ အကြာတြင္တစ္႐ြာထဲ ေန သိန္းသန္းစိုး(ခ)ေမာင္စိုး၏သမီး ႏွစ္ေယာက္ျဖစ္ေသာ မနီလာစိုး ႏွင့္ မသြယ္သြယ္ဟိန္းတို႔ႏွစ္ဦးမွာ ၎ယူေဆာင္ရန္ထားရွိေသာထင္းတုံးန‌ွင့္ ထင္း‌ေခ်ာင္း တစ္‌ေခ်ာင္းတို႔အား သယ္‌ေဆာင္လာသည္ကို ေတြ႕ရသျဖင့္ ထင္းမ်ားကို ယူမသြားရန္တားျမစ္ခဲ့ေၾကာင္း သိရသည္။

ထိုညီအစ္မႏွစ္ဦး ႏွင့္ စကားမ်ားရန္ျဖစ္ရာအငယ္မျဖစ္သူက မၾကားဝံမနာ သာ စကားမ်ားျဖင့္ဆဲဆိုခဲ့ေၾကာင္း ေစာက္ပတ္႐ုပ္ ေဆးစားဘဲ ႀကီး ဘိန္းဆီစားႀကီးဟု ဆက္တိုက္ဆဲဆိုခဲ့ေၾကာင္း ထိုသို႔မဆဲဆိုရန္ တားျမစ္ေသာ္လည္း မရသျဖင့္၎မွာ မူးယစ္ေဆးဝါး လည္းအလြန္ အကြၽံသုံးစြဲထားသျဖင့္ စိတ္႐ိုင္းမ်ားဝင္ကာ မသြယ္သြယ္ဟိန္း၏ ညာဘက္နားထင္အား ညာလက္ျဖင့္႐ိုက္ခ်ခဲ့ေၾကာင္းသိရသည္။ ထို႔ ေနာက္ ေက်ာတြင္လြယ္ထားေသာ အျပာေရာင္ေရပိုက္စျဖင့္ခ်ဳပ္ထားသည့္ ဓါးထည့္အိတ္အတြင္းမွ အ႐ိုးအသြားအရွည္ တစ္ေတာင္ခန႔္ ရွိဓားဦးခြၽန္ျဖင့္မသြယ္သြယ္ဟိန္း၏ဝမ္းဗိုက္အား ထိုးခဲ့ေၾကာင္း ထို႔ေနာက္အႀကီးမျဖစ္သူမနီလာစိုးမွာ အနားကပ္ လာသျဖင့္ လက္တြင္ ကိုင္ထားေသာအဆိုပါဓားဦးခြၽန္ျဖင့္ထိုးခဲ့‌ေၾကာင္းညီအစ္မႏွစ္ဦးအား လိုက္ထိုးစဥ္ လမ္းေဘးၿခဳံဘုတ္အတြင္း လဲက်သြားခဲ့သည္။

ထိုအခါသူမတို႔ႏွစ္ဦး၏ခႏၶာကိုယ္အႏွံဓားျဖင့္းအဆက္မျပတ္ထိုးခဲ့ျပ‌ီးအစ္ကိုျဖစ္သူဦးထြန္းႏြဲ႕၏လယ္တဲသို႔ျပန္လာခဲ့ေၾကာင္းအခင္းျဖစ္ေနရာတြင္၎စီးနင္းသည့္နံပါတ္(၁၀)ခြဲအဝါေရာင္သဲႀကိဳးပါရႈိးဝါးဖိနပ္တစ္ဘက္က်န္ရစ္ခဲ့ေၾကာင္းညာဘက္ဖိနပ္မွာမည္သည့္ေနရာတြင္က်န္ခဲ့သည္ကို မမွတ္မိေသာဓားႏွင့္ အက်ႌမ်ားကိုလည္း လိုက္လံျပသခဲ့ၿပီးေနာက္ အင္း‌ေတာ္တရား႐ုံးရွိ တရားသူႀကီးေရ‌ွ႔ေမွာက္တြင္ ေျဖာင့္ ခ်က္ေပးကာဝန္ခံထြက္ဆိုခဲ့သည္။အင္းေတာ္ၿမိဳ႕နယ္က ႏွစ္‌ေလာင္းၿပိဳင္လူသတ္မႈကိုကသာခ႐ိုင္ရဲမႈးႀကီး အနီးကပ္ႀကီးၾကပ္ကြပ္ကဲမႈျဖင့္‌
ေဖာ္ထုတ္ကာ လူသတ္တရားခံအားတရားစြဲဆိုႏိုင္ေတာ့မည္ ျဖစ္ေၾကာင္းသိရသည္။

စစ္ကိုင္းတိုင္းေဒသႀကီးကသာခ႐ိုင္အင္းေတာ္ၿမိဳ႕နယ္နတ္မဟုတ္ကေလးေက်း႐ြာအနီးေမာင္းအင္းကန္နံေဘးတြင္အသက္၁၇ႏွစ္အ႐ြယ္ႏွင့္အသက္၁၄ႏွစ္အ႐ြယ္ေက်ာင္းသူႏွစ္ဦးကိုဓားျဖင့္အခ်က္ေပါင္းမ်ားစြာထိုးသတ္ခဲ့သည့္အမႈ၁၃-၇-၂၀၂၀ရက္ေန႔ကျဖစ္ပြားခဲ့သည္။အဆိုပါအမႈကိုေသဆုံးသူညီအစ္မ၏မိခင္ေဒၚတင္ျဖဴ ဦးက တရားလိုျပဳလုပ္ကာ အင္းေတာ္ၿမိဳ႕မရဲစခန္း၌ (ပ)၅၆/၂၀၂၀ရာဇသတ္ႀကီး ဥပေဒပုဒ္ မ(၃၀၂)ျဖင့္အမႈဖြင့္ခဲ့ျခင္းျဖစ္သည္။အမႈဖြင့္ၿပီးေနာက္ အမႉမွမသကၤာသူ သန္းထြန္း(ခ)အံေထာ္ကို သက္‌ေသခိုင္မာစြာျဖင့္ တရားစြဲဆိုတင္ ပို႔ႏိုင္ေရးအတြက္ကသာခ႐ိုင္ရဲတပ္ဖြဲ႕မႉးဒုတိယရဲမႉးႀကီးျမင့္‌ေသာင္းမွအနီးကပ္ႀကီး ၾကပ္ကြပ္ကဲခဲ့သည္။

ကသာခ႐ိုင္ ရဲတပ္ဖြဲ႕မႉး႐ုံးမႈခင္းႏွိမ္နင္းေရး ဌာနစုမွရဲအုပ္သက္ႏိုင္ဦး ရဲအုပ္တင္မ်ိဳးထြဋ္ ဦးေဆာင္ေသာတပ္ဖြဲ႕ဝင္မ်ား အင္း‌ေတာ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉးရဲမႉး မ်ိဳး‌ေအး‌ေဆြအင္းေတာ္ၿမိ့မ ရဲစခန္းမွနယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္မင္းေအာင္ဦး‌ေဆာင္‌ေသာ တပ္ဖြဲ႕ဝင္မ်ားအမႈစစ္‌ ေခ တၱၿမိဳ႕မရဲစခန္းမႈး ဒုရဲမႈးစိန္ရတို႔မွအထူးအမႉစစ္အဖြဲ႕ ဖြဲ႕စည္းကာအမႈကိုတိက်စြာ ေဖာ္ထုတ္ခဲ့ရေၾကာင္း သိရသည္။

REF: ပန္းပ်ိဳးလက္

UNICODE

စစ်ဆေးချက် ကျောင်းသူ(၂)ဦးကို သတ်ခဲ့သည့် တရားခံသန်းထွန်းသည် (၁၃-၇-၂၀၂၀)ရက်နေ့ နံနက်၆နာရီအချိန်က နတ်မဟုတ်ကလေး ကျေးရွာ အနောက်ဖက်(၁)ဖာလုံ ခန့်အကွာရှိ ၎င်း၏အစ်ကိုဖြစ်သူ ဦးထွန်းနွဲ့၏ လယ်တွင် သူရင်းငှားအလုပ်လုပ်ကိုင် နေခဲ့ကြောင်း
ထိုနေ့ နေ့လယ်တစ်နာရီခန့် အချိန်ကဦးနှင်းအောင်၏ အခင်းတောထဲ၌ ၎င်းစုပုံထားသောထင်းချောင်းအခြောက်အားယူရန်သွားခဲ့သည်။ ထင်းများစုပုံထားသော နေရာမှတစ်ဖာလုံခန့် အကွာတွင်တစ်ရွာထဲ နေ သိန်းသန်းစိုး(ခ)မောင်စိုး၏သမီး နှစ်ယောက်ဖြစ်သော မနီလာစိုး နှင့် မသွယ်သွယ်ဟိန်းတို့နှစ်ဦးမှာ ၎င်းယူဆောင်ရန်ထားရှိသောထင်းတုံးန‌ှင့် ထင်း‌ချောင်း တစ်‌ချောင်းတို့အား သယ်‌ဆောင်လာသည်ကို တွေ့ရသဖြင့် ထင်းများကို ယူမသွားရန်တားမြစ်ခဲ့ကြောင်း သိရသည်။

ထိုညီအစ်မနှစ်ဦး နှင့် စကားများရန်ဖြစ်ရာအငယ်မဖြစ်သူက မကြားဝံမနာ သာ စကားများဖြင့်ဆဲဆိုခဲ့ကြောင်း စောက်ပတ်ရုပ် ဆေးစားဘဲ ကြီး ဘိန်းဆီစားကြီးဟု ဆက်တိုက်ဆဲဆိုခဲ့ကြောင်း ထိုသို့မဆဲဆိုရန် တားမြစ်သော်လည်း မရသဖြင့်၎င်းမှာ မူးယစ်ဆေးဝါး လည်းအလွန် အကျွံသုံးစွဲထားသဖြင့် စိတ်ရိုင်းများဝင်ကာ မသွယ်သွယ်ဟိန်း၏ ညာဘက်နားထင်အား ညာလက်ဖြင့်ရိုက်ချခဲ့ကြောင်းသိရသည်။ ထို့ နောက် ကျောတွင်လွယ်ထားသော အပြာရောင်ရေပိုက်စဖြင့်ချုပ်ထားသည့် ဓါးထည့်အိတ်အတွင်းမှ အရိုးအသွားအရှည် တစ်တောင်ခန့် ရှိဓားဦးချွန်ဖြင့်မသွယ်သွယ်ဟိန်း၏ဝမ်းဗိုက်အား ထိုးခဲ့ကြောင်း ထို့နောက်အကြီးမဖြစ်သူမနီလာစိုးမှာ အနားကပ် လာသဖြင့် လက်တွင် ကိုင်ထားသောအဆိုပါဓားဦးချွန်ဖြင့်ထိုးခဲ့‌ကြောင်းညီအစ်မနှစ်ဦးအား လိုက်ထိုးစဉ် လမ်းဘေးခြုံဘုတ်အတွင်း လဲကျသွားခဲ့သည်။

ထိုအခါသူမတို့နှစ်ဦး၏ခန္ဓာကိုယ်အနှံဓားဖြင့်းအဆက်မပြတ်ထိုးခဲ့ပြ‌ီးအစ်ကိုဖြစ်သူဦးထွန်းနွဲ့၏လယ်တဲသို့ပြန်လာခဲ့ကြောင်းအခင်းဖြစ်နေရာတွင်၎င်းစီးနင်းသည့်နံပါတ်(၁၀)ခွဲအဝါရောင်သဲကြိုးပါရှိုးဝါးဖိနပ်တစ်ဘက်ကျန်ရစ်ခဲ့ကြောင်းညာဘက်ဖိနပ်မှာမည်သည့်နေရာတွင်ကျန်ခဲ့သည်ကို မမှတ်မိသောဓားနှင့် အင်္ကျီများကိုလည်း လိုက်လံပြသခဲ့ပြီးနောက် အင်း‌တော်တရားရုံးရှိ တရားသူကြီးရေ‌ှ့မှောက်တွင် ဖြောင့် ချက်ပေးကာဝန်ခံထွက်ဆိုခဲ့သည်။အင်းတော်မြို့နယ်က နှစ်‌လောင်းပြိုင်လူသတ်မှုကိုကသာခရိုင်ရဲမှုးကြီး အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့်‌
ဖော်ထုတ်ကာ လူသတ်တရားခံအားတရားစွဲဆိုနိုင်တော့မည် ဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်အင်းတော်မြို့နယ်နတ်မဟုတ်ကလေးကျေးရွာအနီးမောင်းအင်းကန်နံဘေးတွင်အသက်၁၇နှစ်အရွယ်နှင့်အသက်၁၄နှစ်အရွယ်ကျောင်းသူနှစ်ဦးကိုဓားဖြင့်အချက်ပေါင်းများစွာထိုးသတ်ခဲ့သည့်အမှု၁၃-၇-၂၀၂၀ရက်နေ့ကဖြစ်ပွားခဲ့သည်။အဆိုပါအမှုကိုသေဆုံးသူညီအစ်မ၏မိခင်ဒေါ်တင်ဖြူ ဦးက တရားလိုပြုလုပ်ကာ အင်းတော်မြို့မရဲစခန်း၌ (ပ)၅၆/၂၀၂၀ရာဇသတ်ကြီး ဥပဒေပုဒ် မ(၃၀၂)ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။အမှုဖွင့်ပြီးနောက် အမှူမှမသင်္ကာသူ သန်းထွန်း(ခ)အံထော်ကို သက်‌သေခိုင်မာစွာဖြင့် တရားစွဲဆိုတင် ပို့နိုင်ရေးအတွက်ကသာခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးမြင့်‌သောင်းမှအနီးကပ်ကြီး ကြပ်ကွပ်ကဲခဲ့သည်။

ကသာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှုခင်းနှိမ်နင်းရေး ဌာနစုမှရဲအုပ်သက်နိုင်ဦး ရဲအုပ်တင်မျိုးထွဋ် ဦးဆောင်သောတပ်ဖွဲ့ဝင်များ အင်း‌တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး မျိုး‌အေး‌ဆွေအင်းတော်မြိ့မ ရဲစခန်းမှနယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မင်းအောင်ဦး‌ဆောင်‌သော တပ်ဖွဲ့ဝင်များအမှုစစ်‌ ခေ တ္တမြို့မရဲစခန်းမှုး ဒုရဲမှုးစိန်ရတို့မှအထူးအမှူစစ်အဖွဲ့ ဖွဲ့စည်းကာအမှုကိုတိကျစွာ ဖော်ထုတ်ခဲ့ရကြောင်း သိရသည်။

REF:   ပန်းပျိုးလက်

Add a Comment

Your email address will not be published. Required fields are marked *