COVID စည္းကမ္း ခ်က္ေတြ နဲ႔ မကိုက္ ညီ တဲ့ ျမန္မာျပည္တစ္ဝန္းက ေက်ာင္း ေပါင္း (၂,၀၀၀) ေက်ာ္ အစိုးရမွ ဖြင့္ခြင့္ မေပးေသး
|ဇူလိုင္(၂၁)ရက္ေန႔မွာ အဆင့္-A ရရွိသည့္ အေျခခံ ပညာအထက္တန္းေက်ာင္း (၃,၇၇၂) စတင္ဖြင့္လွစ္ခဲ့ၿပီး အဆင့္-B ရရွိသည့္ (၁,၂၂၀) ေက်ာင္းႏွင့္ အဆင့္-C ရရွိသည့္ (၈၃၈) ေက်ာင္းမ်ား (စုစုေပါင္း ၂,၀၅၈ ေက်ာင္း) ဒုတိယအဆင့္ အေနျဖင့္ ဖြင့္လွစ္ ႏိုင္ေရးကို ဒီေန႔က စ ၿပီး လိုအပ္တဲ့ ျပင္ဆင္မႈေတြကို ေဆာင္႐ြက္ခိုင္းထားတယ္လို႔သိရပါတယ္။
ကိုဗစ္ကာလအတြင္း ေက်ာင္းဖြင့္ခ်ိန္ ျဖစ္တာေၾကာင့္ ေက်ာင္း သားေတြကို mask နဲ႔ face shields တပ္ဆင္ၿပီးမွ ေက်ာင္းထဲကို ဝင္ ေရာက္ေစၿပီး တစ္ဦး နဲ႔ တစ္ဦး (၆)ေပအကြာနဲ႔ စနစ္တက်တက္ ေရာက္ေစခဲ့တာပါ။COVID ကာလအတြင္းမွာေက်ာင္းသား မိဘေတြ အေန နဲ႔ကလည္း စိုးရိမ္စိတ္ေတြ ရွိေနေပမယ့္ သတ္မွတ္စည္းမ်ဥ္းေတြကို လိုက္နာကာ ေက်ာင္းေတြကို တက္ေရာက္ေစခဲ့ပါတယ္။
ေက်ာင္းေတြမွာေတာ့ ယခင္ ႏွစ္ေတြကလိုပဲ ေက်ာင္းသား အပ္ႏွံတက္ေရာက္မႈႏႈန္းက က်ဆင္းသြားတာမ်ိဳး မရွိပါဘူး။ေက်ာင္းေ ပါင္း (၅၆၀၀)ေက်ာ္ထဲကမွ Aအဆင့္ ရွိတဲ့ ေက်ာင္းေတြသာ ဖြင့္လွစ္ခဲ့တာပါ။ ဒီေန႔ ဇူလိုင္လ (၂၁)ရက္ေန႔မွာ အေျခခံပညာေက်ာင္းေတြ ျပန္ လည္ဖြင့္လွစ္ခဲ့ၿပီး အထက္တန္းအ ဆင့္ေက်ာင္းသားေတြ ေက်ာင္းစတင္တက္ရၿပီျဖစ္ပါတယ္။
တစ္တစ္ႏိုင္လုံးအတိုင္းအတာအေနနဲ႔ အေျခခံပညာ အထက္အဆင့္ ေက်ာင္းေပါင္း (၅၆၀၀)ေက်ာ္ရွိရာမွာေတာ့ COVID စည္းကမ္း ခ်က္ေတြနဲ႔ပတ္သက္ၿပီး ျပင္ဆင္ထားမႈမွာ Aအဆင့္ရရွိတဲ့ ေက်ာင္းေတြသာျပန္လည္ဖြင့္လွစ္ခြင့္ရရွိခဲ့တာပါ။ သတ္မွတ္ခ်က္မျပည့္တဲ့ ေက်ာင္းေတြကိုေတာ့တစ္ပတ္ အတြင္းဖြင့္လွစ္ခြင့္ေရအာင္ ေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။
” ဒီေန႔ကတာ့ A အဆင့္ရွိတဲ့ေက်ာင္းေတြကိုပဲ ျပန္ဖြင့္ခြင့္ေပးထားတာပါ။ ျပင္ဆင္မႈလိုအပ္ခ်က္ရွိတဲ့ တျခား B အဆင့္နဲ႔ C အဆင့္ရတဲ့ ေက်ာင္းေတြကိုေတာ့ တစ္ပတ္အတြင္းျပန္ဖြင့္ႏိုင္ေအာင္ ျပင္ဆင္ခိုင္းထားပါၿပီ။အလြန္ဆုံးၾကာ တစ္ပတ္ပါပဲ။ ဒီေန႔ဖြင့္လွစ္ခြင့္ရတဲ့ A အဆင့္ေက်ာင္းေတြကိုလည္း ႐ုတ္တရက္ဝင္စစ္ေဆးတာေတြလုပ္သြားမွာပါ။
ဘာလို႔လဲဆို ျပင္ဆင္ထားတာတစ္မ်ိဳး လိုက္နာေဆာင္႐ြက္တာကတစ္မ်ိဳး ျဖစ္ေနမွာစိုးလို႔”ဆိုၿပီး အေျခခံပညာဦးစီးဌာနမွ ဒုတိယ ၫႊန္ ၾကားေရးမႉးခ်ဳပ္ ဦးတင္ေမာင္ဝင္းက ေျပာပါတယ္။
crd : Duwun
UNICODE
ဇူလိုင်(၂၁)ရက်နေ့မှာ အဆင့်-A ရရှိသည့် အခြေခံ ပညာအထက်တန်းကျောင်း (၃,၇၇၂) စတင်ဖွင့်လှစ်ခဲ့ပြီး အဆင့်-B ရရှိသည့် (၁,၂၂၀) ကျောင်းနှင့် အဆင့်-C ရရှိသည့် (၈၃၈) ကျောင်းများ (စုစုပေါင်း ၂,၀၅၈ ကျောင်း) ဒုတိယအဆင့် အနေဖြင့် ဖွင့်လှစ် နိုင်ရေးကို ဒီနေ့က စ ပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ဆောင်ရွက်ခိုင်းထားတယ်လို့သိရပါတယ်။
ကိုဗစ်ကာလအတွင်း ကျောင်းဖွင့်ချိန် ဖြစ်တာကြောင့် ကျောင်း သားတွေကို mask နဲ့ face shields တပ်ဆင်ပြီးမှ ကျောင်းထဲကို ဝင် ရောက်စေပြီး တစ်ဦး နဲ့ တစ်ဦး (၆)ပေအကွာနဲ့ စနစ်တကျတက် ရောက်စေခဲ့တာပါ။COVID ကာလအတွင်းမှာကျောင်းသား မိဘတွေ အနေ နဲ့ကလည်း စိုးရိမ်စိတ်တွေ ရှိနေပေမယ့် သတ်မှတ်စည်းမျဉ်းတွေကို လိုက်နာကာ ကျောင်းတွေကို တက်ရောက်စေခဲ့ပါတယ်။
ကျောင်းတွေမှာတော့ ယခင် နှစ်တွေကလိုပဲ ကျောင်းသား အပ်နှံတက်ရောက်မှုနှုန်းက ကျဆင်းသွားတာမျိုး မရှိပါဘူး။ကျောင်းေ ပါင်း (၅၆၀၀)ကျော်ထဲကမှ Aအဆင့် ရှိတဲ့ ကျောင်းတွေသာ ဖွင့်လှစ်ခဲ့တာပါ။ ဒီနေ့ ဇူလိုင်လ (၂၁)ရက်နေ့မှာ အခြေခံပညာကျောင်းတွေ ပြန် လည်ဖွင့်လှစ်ခဲ့ပြီး အထက်တန်းအ ဆင့်ကျောင်းသားတွေ ကျောင်းစတင်တက်ရပြီဖြစ်ပါတယ်။
တစ်တစ်နိုင်လုံးအတိုင်းအတာအနေနဲ့ အခြေခံပညာ အထက်အဆင့် ကျောင်းပေါင်း (၅၆၀၀)ကျော်ရှိရာမှာတော့ COVID စည်းကမ်း ချက်တွေနဲ့ပတ်သက်ပြီး ပြင်ဆင်ထားမှုမှာ Aအဆင့်ရရှိတဲ့ ကျောင်းတွေသာပြန်လည်ဖွင့်လှစ်ခွင့်ရရှိခဲ့တာပါ။ သတ်မှတ်ချက်မပြည့်တဲ့ ကျောင်းတွေကိုတော့တစ်ပတ် အတွင်းဖွင့်လှစ်ခွင့်ရေအာင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
” ဒီနေ့ကတာ့ A အဆင့်ရှိတဲ့ကျောင်းတွေကိုပဲ ပြန်ဖွင့်ခွင့်ပေးထားတာပါ။ ပြင်ဆင်မှုလိုအပ်ချက်ရှိတဲ့ တခြား B အဆင့်နဲ့ C အဆင့်ရတဲ့ ကျောင်းတွေကိုတော့ တစ်ပတ်အတွင်းပြန်ဖွင့်နိုင်အောင် ပြင်ဆင်ခိုင်းထားပါပြီ။အလွန်ဆုံးကြာ တစ်ပတ်ပါပဲ။ ဒီနေ့ဖွင့်လှစ်ခွင့်ရတဲ့ A အဆင့်ကျောင်းတွေကိုလည်း ရုတ်တရက်ဝင်စစ်ဆေးတာတွေလုပ်သွားမှာပါ။
ဘာလို့လဲဆို ပြင်ဆင်ထားတာတစ်မျိုး လိုက်နာဆောင်ရွက်တာကတစ်မျိုး ဖြစ်နေမှာစိုးလို့”ဆိုပြီး အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဦးတင်မောင်ဝင်းက ပြောပါတယ်။
crd : Duwun