တ႐ုတ္ေကာင္စစ္၀န္႐ုံးအား ၇၂-နာရီအတြင္း ပိတ္သိမ္းရန္ အေမရိကန္က အမိန္႔ေပးထားစဥ္ သံ႐ုံးအတြင္းရွိစာ႐ြက္စာတန္းမ်ား မီးရႈိ႕

အေမရိကန္ျပည္ေထာင္စု တကၠဆက္ျပည္နယ္ ဟူစတန္တ႐ုတ္ေကာင္စစ္ဝန္႐ုံးသည္ တကၠဆက္၊ ဖေလာ္ရီဒါစသည့္ အေမရိကန္ေတာင္ ပိုင္းျပည္နယ္ ၈-ခုအပါအ၀င္ ျပဴတိုရီကိုႏိုင္ငံတို႔အတြက္ တ႐ုတ္ႏိုင္ငံႏွင့္ပတ္သက္ေသာ ေကာင္စစ္ေရးရာမ်ား ေဆာင္႐ြက္ေပးရာ႒ာန ျဖစ္သည္။ အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံ သံတမန္ဆက္ဆံေရးထူေထာင္ၿပီးေနာက္ ၁၉၇၉ တြင္ ပထမဆုံးတည္ေထာင္ခဲ့သည့္ ေကာင္စစ္ဝန္ ႐ုံးျဖစ္သည္။ ထိုအခ်ိန္တြင္ ၀ ါရွင္တန္ဒီစီ ၌ တ႐ုတ္ႏိုင္ငံဆိုင္ရာ ဆက္ဆံေရး႐ုံးဖြင့္လွစ္ထားၿပီးျဖစ္သည္။

ဟူစတန္ၿမိဳ႕ရွိ တ႐ုတ္ေကာင္စစ္၀န္႐ုံး၏ လုပ္ငန္းေဆာင္တာ အရပ္ရပ္ကို ခ်က္ခ်င္းရပ္ဆိုင္းရန္ အမိန္႔ထုတ္ျပန္ေသာ အေမရိကန္၏ အျပဳ အမူမွာ ႏွစ္ႏိုင္ငံအၾကား လတ္တေလာ ျဖစ္ေပၚလာေသာ တင္းမာမႈျဖစ္ေၾကာင္း တ႐ုတ္ ႏိုင္ငံျခားေရး၀န္ႀကီး႒ာနက ေျပာဆိုသည္ဟု CNN က ယေန႔ ေရးသားသည္။အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ ေမာ္ဂန္ေအာ္ေတးဂတ္စ္ကေျပာဆိုရာတြင္ အေမ ရိကန္ဉာဏပစၥည္းမူပိုင္ခြင့္ႏွင့္ အေမရိကန္၏ ပုဂၢလိကသတင္းအခ်က္အလက္မ်ားကို ကာကြယ္ရန္အတြက္ အေမရိကန္ႏိုင္ငံဆိုင္ရာ တ ႐ုတ္ေကာင္စစ္ဝန္႐ုံးကို ပိတ္ပစ္ရန္ၫႊန္ၾကားခဲ့ေၾကာင္း ရွင္းလင္းေျပာဆိုသည္။

ဟူစတန္မွရဲမ်ားက ေျပာဆိုရာတြင္မူ အဂၤါေန႔ညေန ေဒသစံေတာ္ခ်ိန္ ညေနပိုင္း၌ ဟူစတန္ၿမိဳ႕လယ္ပိုင္း မြန္းတို႔စ္ဘိုလ္ဗာရပ္ကြက္ရွိ တ ႐ုတ္ေကာင္စစ္၀န္႐ုံးအျပင္ဘက္ ၿခံ၀င္းအတြင္းမွ မီးခိုးေငြ႕မ်ား ထြက္လွ်က္ရွိသည္ဟု အနီးအနားေနထိုင္သူမ်ားက သတင္းေပးပို႔ခဲ့ ေၾကာင္း၊ ေကာင္စစ္ဝန္႐ုံးၿခံဝင္းအတြင္း တာဝန္ရွိသူမ်ားျဖစ္ဟန္တူသူတို႔က စာ႐ြက္စာတမ္းမ်ား မီးရႈိ႕ေနၾကပုံကို ေဒသတြင္း မီဒီယာတို႔၌ ႐ုပ္သံမ်ား မွ်ေဝခဲ့ၾကေၾကာင္း ေျပာဆိုသည္။အေမရိကန္၏ အျပဳအမူသည္ တစ္ဖက္သပ္ဆန္ေသာ ႏိုင္ငံေရးရန္စမႈျဖစ္ေၾကာင္း၊ သံတမန္ ေရး ေဆာင္႐ြက္မႈဆိုင္ရာ ႏိုင္ငံတကာအစိုးရအခ်င္းခ်င္း လိုက္နာၿမဲ သေဘာတူညီခ်က္မ်ားအား ဆန္႔က်င္ေၾကာင္း တ႐ုတ္ကေျပာသည္။

ယခုလုပ္ရပ္သည္ အျပည္ျပည္ဆိုင္ရာ တရားဥပေဒကို ဆိုး႐ြားစြာခ်ိဳးေဖာက္ျခင္းျဖစ္ေၾကာင္း၊ အေမရိကန္ႏိုင္ငံျခားေရး၀န္ႀကီး႒ာန၏ တရားမွ်တမႈ မရွိေသာ လုပ္ရပ္ကို တ႐ုတ္ႏိုင္ငံက ျပင္းထန္စြာ ရႈတ္ခ်လိုက္ၿပီး ၄င္း၏မွားယြင္းသည့္ ဆုံးျဖတ္ခ်က္ကို ခ်က္ခ်င္းျပန္လည္ ႐ုတ္သိမ္းရန္ေတာင္းဆိုေၾကာင္း၊ ထိုသို႔မဟုတ္လွ်င္ တ႐ုတ္ႏိုင္ငံကလည္း တရားဥပေဒႏွင့္အညီ လိုအပ္သလို တုန္႔ျပန္မႈေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္း လူမႈကြန္ရက္၌ ေဖာ္ျပေသာ တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီး႒ာန တရား၀င္စာမ်က္ႏွာ၌ ေရးသားထားသည္။

ထို႔ျပင္ အေမရိကန္က တ႐ုတ္သံတမန္ႏွင့္ ေကာင္စစ္ဝန္၀န္ထမ္းမ်ားအား ေႏွာင့္ယွက္ျခင္း၊ တ႐ုတ္ေက်ာင္းသားမ်ားအား ၿခိမ္းေျခာက္ ျခင္း၊ စစ္ေၾကာေမးျမန္းျခင္း၊ အေၾကာင္းျပခ်က္မရွိပဲ ထိန္းသိမ္းျခင္းႏွင့္ ၎တို႔၏ ကိုယ္ပိုင္လွ်ပ္စစ္ပစၥည္းမ်ားကိုသိမ္းဆည္းျခင္း စသည္ တို႔ကို က်ဴးလြန္ခဲ့ေၾကာင္း ေဖာ္ျပလွ်က္ တ႐ုတ္အေနျဖင့္ တစ္ႏိုင္ငံ၏ ျပည္တြင္းေရးတြင္ ၀င္ေရာက္စြက္ဖက္မႈမရွိခဲ့ေၾကာင္း၊ ေႏွာက္ယွက္ စြက္ဖက္ျခင္းသည္ တ႐ုတ္၏ ႏိုင္ငံျခားေရး ေပၚလစီ၌ မည္သည့္အခါမွ် မရွိခဲ့ေၾကာင္း ဆက္လက္ေဖာ္ျပသည္။တ႐ုတ္-အေမရိကန္တို႔ သည္ လြန္ခဲ့သည့္ႏွစ္မွ စတင္ကာ ကုန္သြယ္ေရးစစ္ပြဲျဖစ္ပြားလွ်က္ရွိသည္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ႔မႈ၊ ေဟာင္ေကာင္ႏွင့္ ရွင္က်န္းေဒသမ်ားရွိ တ႐ုတ္ႏိုင္ငံ၏ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအေပၚ အ ေမရိကန္၏ေဝဖန္မႈတို႔ေၾကာင့္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးမွာ က်ဆင္းခဲ့သည္။တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ အာေဘာ္ Global Times သတင္း စာ ၏ အဆိုအရ က ဟူစတန္ရွိ တ႐ုတ္ေကာင္စစ္၀န္႐ုံးကို ၇၂-နာရီအတြင္း ပိတ္သိမ္းရန္ အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီး႒ာန အေၾကာင္း ၾကားခဲ့သည္ဆို၏။

REF: THE LIFESTYLE MYANMAR

UNICODE

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်တရုတ်ကောင်စစ်ဝန်ရုံးသည် တက္ကဆက်၊ ဖလော်ရီဒါစသည့် အမေရိကန်တောင် ပိုင်းပြည်နယ် ၈-ခုအပါအ၀င် ပြူတိုရီကိုနိုင်ငံတို့အတွက် တရုတ်နိုင်ငံနှင့်ပတ်သက်သော ကောင်စစ်ရေးရာများ ဆောင်ရွက်ပေးရာဋ္ဌာန ဖြစ်သည်။ အမေရိကန်နှင့်တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက် ၁၉၇၉ တွင် ပထမဆုံးတည်ထောင်ခဲ့သည့် ကောင်စစ်ဝန် ရုံးဖြစ်သည်။ ထိုအချိန်တွင် ၀ ါရှင်တန်ဒီစီ ၌ တရုတ်နိုင်ငံဆိုင်ရာ ဆက်ဆံရေးရုံးဖွင့်လှစ်ထားပြီးဖြစ်သည်။

ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်၀န်ရုံး၏ လုပ်ငန်းဆောင်တာ အရပ်ရပ်ကို ချက်ချင်းရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်သော အမေရိကန်၏ အပြု အမူမှာ နှစ်နိုင်ငံအကြား လတ်တလော ဖြစ်ပေါ်လာသော တင်းမာမှုဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး၀န်ကြီးဋ္ဌာနက ပြောဆိုသည်ဟု CNN က ယနေ့ ရေးသားသည်။အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်ဂန်အော်တေးဂတ်စ်ကပြောဆိုရာတွင် အမေ ရိကန်ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် အမေရိကန်၏ ပုဂ္ဂလိကသတင်းအချက်အလက်များကို ကာကွယ်ရန်အတွက် အမေရိကန်နိုင်ငံဆိုင်ရာ တ ရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ရန်ညွှန်ကြားခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။

ဟူစတန်မှရဲများက ပြောဆိုရာတွင်မူ အင်္ဂါနေ့ညနေ ဒေသစံတော်ချိန် ညနေပိုင်း၌ ဟူစတန်မြို့လယ်ပိုင်း မွန်းတို့စ်ဘိုလ်ဗာရပ်ကွက်ရှိ တ ရုတ်ကောင်စစ်၀န်ရုံးအပြင်ဘက် ခြံ၀င်းအတွင်းမှ မီးခိုးငွေ့များ ထွက်လျှက်ရှိသည်ဟု အနီးအနားနေထိုင်သူများက သတင်းပေးပို့ခဲ့ ကြောင်း၊ ကောင်စစ်ဝန်ရုံးခြံဝင်းအတွင်း တာဝန်ရှိသူများဖြစ်ဟန်တူသူတို့က စာရွက်စာတမ်းများ မီးရှို့နေကြပုံကို ဒေသတွင်း မီဒီယာတို့၌ ရုပ်သံများ မျှဝေခဲ့ကြကြောင်း ပြောဆိုသည်။အမေရိကန်၏ အပြုအမူသည် တစ်ဖက်သပ်ဆန်သော နိုင်ငံရေးရန်စမှုဖြစ်ကြောင်း၊ သံတမန် ရေး ဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာအစိုးရအချင်းချင်း လိုက်နာမြဲ သဘောတူညီချက်များအား ဆန့်ကျင်ကြောင်း တရုတ်ကပြောသည်။

ယခုလုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာ တရားဥပဒေကို ဆိုးရွားစွာချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဋ္ဌာန၏ တရားမျှတမှု မရှိသော လုပ်ရပ်ကို တရုတ်နိုင်ငံက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ၄င်း၏မှားယွင်းသည့် ဆုံးဖြတ်ချက်ကို ချက်ချင်းပြန်လည် ရုတ်သိမ်းရန်တောင်းဆိုကြောင်း၊ ထိုသို့မဟုတ်လျှင် တရုတ်နိုင်ငံကလည်း တရားဥပဒေနှင့်အညီ လိုအပ်သလို တုန့်ပြန်မှုဆောင်ရွက်သွား မည်ဖြစ်ကြောင်း လူမှုကွန်ရက်၌ ဖော်ပြသော တရုတ်နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာန တရား၀င်စာမျက်နှာ၌ ရေးသားထားသည်။

ထို့ပြင် အမေရိကန်က တရုတ်သံတမန်နှင့် ကောင်စစ်ဝန်၀န်ထမ်းများအား နှောင့်ယှက်ခြင်း၊ တရုတ်ကျောင်းသားများအား ခြိမ်းခြောက် ခြင်း၊ စစ်ကြောမေးမြန်းခြင်း၊ အကြောင်းပြချက်မရှိပဲ ထိန်းသိမ်းခြင်းနှင့် ၎င်းတို့၏ ကိုယ်ပိုင်လျှပ်စစ်ပစ္စည်းများကိုသိမ်းဆည်းခြင်း စသည် တို့ကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြလျှက် တရုတ်အနေဖြင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ၀င်ရောက်စွက်ဖက်မှုမရှိခဲ့ကြောင်း၊ နှောက်ယှက် စွက်ဖက်ခြင်းသည် တရုတ်၏ နိုင်ငံခြားရေး ပေါ်လစီ၌ မည်သည့်အခါမျှ မရှိခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။တရုတ်-အမေရိကန်တို့ သည် လွန်ခဲ့သည့်နှစ်မှ စတင်ကာ ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားလျှက်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု၊ ဟောင်ကောင်နှင့် ရှင်ကျန်းဒေသများရှိ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အ မေရိကန်၏ဝေဖန်မှုတို့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ကျဆင်းခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော် Global Times သတင်း စာ ၏ အဆိုအရ က ဟူစတန်ရှိ တရုတ်ကောင်စစ်၀န်ရုံးကို ၇၂-နာရီအတွင်း ပိတ်သိမ်းရန် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာန အကြောင်း ကြားခဲ့သည်ဆို၏။

REF:  THE  LIFESTYLE  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *