မႏၲေလးတိုင္းေဒသႀကီး အမရပူရ တာက်ိဳးမႈ ေၾကာင့္ ပ်က္စီးသြား တဲ့ စိုက္ခင္း အားလုံးကို အစိုးရက ေလ်ာ္ေၾကး ေငြေပးမည္

တာ႐ိုးက်ိဳးေပါက္မႈေၾကာင့္ အမရပူရၿမိဳ႕နယ္ အတြင္ရွိရပ္ကြက္ ၇ ရပ္ကြက္မွ အိမ္ေထာင္စုေပါင္း ၃၃၀၀ ေက်ာ္၊ လူဦးေရ ၁၃၀၀၀ ေက်ာ္ ေရေဘးသင့္ခဲ့ၿပီး ကယ္ဆယ္ေရးစခန္း ၂၂ ခုဖြင့္လွစ္ထားေၾကာင္းသိရပါတယ္။“ပ်က္စီးသြားတာေတာ့ ေျမပဲတို႔ သခြားတို႔ ပ်က္စီး သြားတာ ေပါ့ ၊ အရင္းအႏွီးကေတာ့ ဆယ္သိန္းနီးပါးေလာက္ရွိတယ္ ” ဟု ေ႐ႊဂဲ ေက်း႐ြာမွ ဦးထြန္းလႈိင္ကေျပာပါတယ္။

လက္ရွိအခ်ိန္တြင္ေရဝင္သည့္ ရပ္ကြက္မ်ားမွ ေရမ်ားအျမန္ဆုံး ေလ်ာ့နည္းသြားေစရန္အတြက္ ေရစုတ္စက္ႀကီးမ်ားျဖင့္ ေရစုတ္ထုတ္ေန ကာ က်ိဳးေပါက္သြားသည့္ေနရာကိုလည္းေက်ာက္မ်ား ထပ္မံပိတ္ဆို႔ေနပါတယ္။ေ႐ႊဂဲေရထိန္းတံခါးတာ႐ိုး က်ိဳးေပါက္မႈသည္ ဇူလိုင္ (၁၉) ရက္ ညေနပိုင္းမွ စတင္ကာျဖစ္ေပၚခဲ့ၿပီး ဇူလိုင္၂၀ ရက္ေန႔ ည(၇)နာရီခြဲဝန္းက်င္တြင္ ပိတ္ဆို႔ ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

ၫႊန္ၾကားခ်က္ထြက္ပါက ေရျမဳပ္ပ်က္စီးေတာင္သူမ်ားအတြက္ သီးႏွံေလ်ာ္ေၾကးခ်က္ခ်င္းထုတ္ေပးမည္မႏၲေလးၿမိဳ႕ အမရပူရၿမိဳ႕နယ္ ေ႐ႊ ဂဲေရထိန္းတံခါး တာ႐ိုးက်ိဳးေပါက္ကာ ျမစ္ေရဝင္ေရာက္မႈေၾကာင့္ စိုက္ခင္းဧက တစ္ရာေက်ာ္ ပ်က္စီးခဲ့ၿပီး တိုင္းအစိုးရ မွ ၫႊန္ၾကားပါက ေလ်ာ္ေၾကးေငြေပး သြားမည္ ျဖစ္ေၾကာင္းမႏၲေလးတိုင္းေဒသႀကီးစိုက္ပ်ိဳးေရးဦးစီးဌာနက သိရပါတယ္။

“သီးႏွံစိုက္ခင္း တရာေက်ာ္ ေရနစ္ျမႇဳပ္ပ်က္စီးခဲ့တယ္။ ဟင္းသီး ဟင္း႐ြက္ စိုက္ခင္းေတြေပါ့၊ တိုင္း အစိုးရက ဘာမွ ၫႊန္ကားတာ မရွိေသး ေတာ့ ဘာမွ မလုပ္ရေသးဘူး၊ ၫႊန္ၾကားရင္ေတာ့ ခ်က္ခ်င္း ေလ်ာ္ေၾကားေငြ ေပးသြားမွာပါ” ဟု မႏၲေလးတိုင္း ‌‌ေဒသႀကီး စိုက္ပ်ိဳးေရးဦးစီး ဌာနမွ ဦီးစီးမႈး ဦးတိုးမင္း က ေျပာပါတယ္။

REF: LET PAN

UNICODE

မန္တလေးတိုင်းဒေသကြီး အမရပူရ တာကျိုးမှု ကြောင့် ပျက်စီးသွား တဲ့ စိုက်ခင်း အားလုံးကို အစိုးရက လျော်ကြေး ငွေပေးမည်

တာရိုးကျိုးပေါက်မှုကြောင့် အမရပူရမြို့နယ် အတွင်ရှိရပ်ကွက် ၇ ရပ်ကွက်မှ အိမ်ထောင်စုပေါင်း ၃၃၀၀ ကျော်၊ လူဦးရေ ၁၃၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၂၂ ခုဖွင့်လှစ်ထားကြောင်းသိရပါတယ်။“ပျက်စီးသွားတာတော့ မြေပဲတို့ သခွားတို့ ပျက်စီး သွားတာ ပေါ့ ၊ အရင်းအနှီးကတော့ ဆယ်သိန်းနီးပါးလောက်ရှိတယ် ” ဟု ရွှေဂဲ ကျေးရွာမှ ဦးထွန်းလှိုင်ကပြောပါတယ်။

လက်ရှိအချိန်တွင်ရေဝင်သည့် ရပ်ကွက်များမှ ရေများအမြန်ဆုံး လျော့နည်းသွားစေရန်အတွက် ရေစုတ်စက်ကြီးများဖြင့် ရေစုတ်ထုတ်နေ ကာ ကျိုးပေါက်သွားသည့်နေရာကိုလည်းကျောက်များ ထပ်မံပိတ်ဆို့နေပါတယ်။ရွှေဂဲရေထိန်းတံခါးတာရိုး ကျိုးပေါက်မှုသည် ဇူလိုင် (၁၉) ရက် ညနေပိုင်းမှ စတင်ကာဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်၂၀ ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်တွင် ပိတ်ဆို့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ညွှန်ကြားချက်ထွက်ပါက ရေမြုပ်ပျက်စီးတောင်သူများအတွက် သီးနှံလျော်ကြေးချက်ချင်းထုတ်ပေးမည်မန္တလေးမြို့ အမရပူရမြို့နယ် ရွှေ ဂဲရေထိန်းတံခါး တာရိုးကျိုးပေါက်ကာ မြစ်ရေဝင်ရောက်မှုကြောင့် စိုက်ခင်းဧက တစ်ရာကျော် ပျက်စီးခဲ့ပြီး တိုင်းအစိုးရ မှ ညွှန်ကြားပါက လျော်ကြေးငွေပေး သွားမည် ဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။

“သီးနှံစိုက်ခင်း တရာကျော် ရေနစ်မြှုပ်ပျက်စီးခဲ့တယ်။ ဟင်းသီး ဟင်းရွက် စိုက်ခင်းတွေပေါ့၊ တိုင်း အစိုးရက ဘာမှ ညွှန်ကားတာ မရှိသေး တော့ ဘာမှ မလုပ်ရသေးဘူး၊ ညွှန်ကြားရင်တော့ ချက်ချင်း လျော်ကြေားငွေ ပေးသွားမှာပါ” ဟု မန္တလေးတိုင်း ‌‌ဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှ ဦီးစီးမှုး ဦးတိုးမင်း က ပြောပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *