လက္ရွိ ကမာၻ႔ႀကီး အေျခအေနကို လြန္ခဲ့ တဲ့ ႏွစ္ (၇၀) ေက်ာ္ထဲ က ႀကိဳတင္ ခန႔္မွန္းႏိုင္ ခဲ့ တဲ့ ဗမာ့လြတ္လပ္ေရးဗိသုကာ ဗိုလ္ခ်ဳပ္

လြတ္လပ္ေရးဗိသုကာ ဗိုလ္ ခ်ဳပ္ေအာင္ဆန္းဟာ ယေန႔ ျဖစ္ေပၚေနတဲ့ တ႐ုတ္-အေမရိကန္ ကိစၥနဲ႔ ကမာၻ႔အေရးေတြကို ေဘးက ထိုင္ၾကည့္ ေနသလို ခန႔္မွန္းထားႏိုင္တာ ေတြ႕ရပါတယ္။ မူရင္းစာအုပ္ထဲမွာ ပါတဲ့ ဗိုလ္ခ်ဳပ္ကိုယ္တိုင္ေရး စာသား မ်ားကို ေဖာ္ျပလိုက္ပါတယ္-ႏိုင္ငံ ခ်င္း ဆက္သြယ္ေရးတြင္ကား ဆိုဗီယက္ ယူနီယံက တဘက္၊ အဂၤလိပ္-အေမရိကန္က တဘက္ သေဘာထားကြဲလြဲမႈ မ်ားျပားလာေနေပ သည္။ အာရွတိုက္တြင္ တ႐ုတ္ျပည္ႏွင့္ အေရွ႕အလယ္ပိုင္းမွာ အဆိုး ဆုံးျဖစ္၍ ေနေပသည္။

အိႏၵိယႏွင္ အေရွ႕ေတာင္အာရွ (ဗမာျပည္ အပါအဝင္) တို႔မွာ လည္း အလားတူပင္ အေရးႀကီး ေပသည္။တတိယကမာၻစစ္ျဖစ္သည္ဆိုလွ်င္ အာရွတိုက္၊ အထူးသျဖင့္ တ႐ုတ္ျပည္မွ စတင္ျဖစ္သည္ဆိုက ကြၽန္ေတာ့္ အေနႏွင့္ အံ့အားသင့္လိမ့္မည္ မဟုတ္။ အာရွတိုက္-တ႐ုတ္ျပည္ သည္ ဒုတိယ ကမာၻစစ္ စတင္ျဖစ္ပြား ခဲ့ရာ ေဒသျဖစ္သည္။ ေနာင္တႀကိမ္တြင္မူ စစ္စတင္ ျဖစ္ရာ ေဒသမွ်သာ မကေတာ့ဘဲ၊ အဓိက စစ္ တလင္းႀကီးပင္ ျဖစ္ေကာင္း ျဖစ္လိမ့္မည္။”

ဗိုလ္ ခ်ဳပ္ေအာင္ဆန္းရဲ႕ ေခါင္းေဆာင္မႈ အရည္အခ်င္းနဲ႔ စည္း႐ုံးေရး စြမ္းရည္ေတြကေတာ့ အထူးေျပာစရာ မလိုေအာင္ ျပည့္စုံၿပီး ျဖစ္ တယ္ဆိုတာ အားလုံးအသိပါပဲ။ ဗိုလ္ခ်ဳပ္ရဲ႕ ေနာက္ထပ္ အရည္အခ်င္းတခုကေတာ့ စာေရးျခင္း အတတ္ပညာပါပဲ။ ဗိုလ္ခ်ဳပ္ဟာ ရသ စာေပေတြ မေရးသေလာက္ ျဖစ္ေပမယ့္ သုတစာေပနဲ႔ ႏိုင္ငံေရး စာေပေတြကိုေတာ့ အမ်ားအျပား ေရးသားခဲ့ပါတယ္။ လြတ္လပ္ေရး ရရင္ ႏိုင္ငံေရးက အနားယူၿပီးရင္ စာပဲ ထိုင္ေရးေနတာ့မယ္ဆိုတာ ဗိုလ္ခ်ဳပ္ရဲ႕ အဓိက ရည္႐ြယ္ခ်က္ တခု ျဖ စ္ပါတယ္။

ဗိုလ္ခ်ဳပ္ဟာ ႏိုင္ငံ့ေခါင္းေဆာင္ တေယာက္ ျဖစ္တာနဲ႔ အမွ် အဲဒီေခတ္က ျဖစ္ေပၚေနတဲ့ ကမာၻ႔ႏိုင္ငံေရးအေျခအေနေတြကို ေစ့စပ္ေသခ်ာ စြာ သိထားခဲ့ပါတယ္။ သိထားတဲ့အတိုင္းလည္း သူ႔ရဲ႕ စာအုပ္ေတြထဲမွာ ထည့္ေရးေလ့ ရွိပါတယ္။ သူ႔ရဲ႕ စာအုပ္တအုပ္ ျဖစ္တဲ့ ဘားမား ခ်ဲ လင့္ (ဗမာျပည္ ႀကဳံေတြ႕ရမယ့္ စိန္ေခၚမႈမ်ား) ဆိုတဲ့ စာအုပ္ထဲမွာ ယေန႔ေခတ္ ျဖစ္ေပၚေနတဲ့ ကမာၻ႔ႏိုင္ငံေရး အေျခအေနေတြကို တိတိက် က် ခန႔္မွန္းထားတာ ေတြ႕ရပါတယ္။ဗိုလ္ခ်ဳပ္ရဲ႕ သုံးသပ္ႏိုင္စြမ္းကေတာ့ အံ့မခန္းေလာက္ စရာပဲ လို႔ ေျပာရမလို ျဖစ္ေနပါတယ္။

REF: SHWE WIKI

UNICODE

လွတ်လပ်ရေးဗိသုကာ ဗိုလ် ချုပ်အောင်ဆန်းဟာ ယနေ့ ဖြစ်ပေါ်နေတဲ့ တရုတ်-အမေရိကန် ကိစ္စနဲ့ ကမ္ဘာ့အရေးတွေကို ဘေးက ထိုင်ကြည့် နေသလို ခန့်မှန်းထားနိုင်တာ တွေ့ရပါတယ်။ မူရင်းစာအုပ်ထဲမှာ ပါတဲ့ ဗိုလ်ချုပ်ကိုယ်တိုင်ရေး စာသား များကို ဖော်ပြလိုက်ပါတယ်-နိုင်ငံ ချင်း ဆက်သွယ်ရေးတွင်ကား ဆိုဗီယက် ယူနီယံက တဘက်၊ အင်္ဂလိပ်-အမေရိကန်က တဘက် သဘောထားကွဲလွဲမှု များပြားလာနေပေ သည်။ အာရှတိုက်တွင် တရုတ်ပြည်နှင့် အရှေ့အလယ်ပိုင်းမှာ အဆိုး ဆုံးဖြစ်၍ နေပေသည်။

အိန္ဒိယနှင် အရှေ့တောင်အာရှ (ဗမာပြည် အပါအဝင်) တို့မှာ လည်း အလားတူပင် အရေးကြီး ပေသည်။တတိယကမ္ဘာစစ်ဖြစ်သည်ဆိုလျှင် အာရှတိုက်၊ အထူးသဖြင့် တရုတ်ပြည်မှ စတင်ဖြစ်သည်ဆိုက ကျွန်တော့် အနေနှင့် အံ့အားသင့်လိမ့်မည် မဟုတ်။ အာရှတိုက်-တရုတ်ပြည် သည် ဒုတိယ ကမ္ဘာစစ် စတင်ဖြစ်ပွား ခဲ့ရာ ဒေသဖြစ်သည်။ နောင်တကြိမ်တွင်မူ စစ်စတင် ဖြစ်ရာ ဒေသမျှသာ မကတော့ဘဲ၊ အဓိက စစ် တလင်းကြီးပင် ဖြစ်ကောင်း ဖြစ်လိမ့်မည်။”

ဗိုလ် ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှု အရည်အချင်းနဲ့ စည်းရုံးရေး စွမ်းရည်တွေကတော့ အထူးပြောစရာ မလိုအောင် ပြည့်စုံပြီး ဖြစ် တယ်ဆိုတာ အားလုံးအသိပါပဲ။ ဗိုလ်ချုပ်ရဲ့ နောက်ထပ် အရည်အချင်းတခုကတော့ စာရေးခြင်း အတတ်ပညာပါပဲ။ ဗိုလ်ချုပ်ဟာ ရသ စာပေတွေ မရေးသလောက် ဖြစ်ပေမယ့် သုတစာပေနဲ့ နိုင်ငံရေး စာပေတွေကိုတော့ အများအပြား ရေးသားခဲ့ပါတယ်။ လွတ်လပ်ရေး ရရင် နိုင်ငံရေးက အနားယူပြီးရင် စာပဲ ထိုင်ရေးနေတာ့မယ်ဆိုတာ ဗိုလ်ချုပ်ရဲ့ အဓိက ရည်ရွယ်ချက် တခု ဖြ စ်ပါတယ်။

ဗိုလ်ချုပ်ဟာ နိုင်ငံ့ခေါင်းဆောင် တယောက် ဖြစ်တာနဲ့ အမျှ အဲဒီခေတ်က ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကို စေ့စပ်သေချာ စွာ သိထားခဲ့ပါတယ်။ သိထားတဲ့အတိုင်းလည်း သူ့ရဲ့ စာအုပ်တွေထဲမှာ ထည့်ရေးလေ့ ရှိပါတယ်။ သူ့ရဲ့ စာအုပ်တအုပ် ဖြစ်တဲ့ ဘားမား ချဲ လင့် (ဗမာပြည် ကြုံတွေ့ရမယ့် စိန်ခေါ်မှုများ) ဆိုတဲ့ စာအုပ်ထဲမှာ ယနေ့ခေတ် ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကို တိတိကျ ကျ ခန့်မှန်းထားတာ တွေ့ရပါတယ်။ဗိုလ်ချုပ်ရဲ့ သုံးသပ်နိုင်စွမ်းကတော့ အံ့မခန်းလောက် စရာပဲ လို့ ပြောရမလို ဖြစ်နေပါတယ်။

REF:  SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *