လာမယ့္(၂၀၂၀) ေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္တို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ မဲဆႏၵနယ္မ်ား ထုတ္ျပန္

၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲႀကီးကို ေတာ့ လာမယ့္ ႏိုဝင္ဘာလ(၈)ရက္ေန႔မွာ က်င္းပမွာ ျဖစ္ပါတယ္။ ျပည္ေထာင္စု ေ႐ြး ေကာက္ပြဲေကာ္မရွင္အေနနဲ႔ ေ႐ြးေကာက္ပြဲဆိုင္ရာ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြနဲ႔ နယ္ေျမစည္း႐ုံးေရးလုပ္ငန္းေတြကို ဇူလိုင္လ(၁)ရက္ ေန႔ကစၿပီး ေဆာင္႐ြက္ခြင့္ရွိတယ္လို႔ ဆိုထားတာပါ။စုေဝးေဟာေျပာျခင္းနဲ႔မဲဆြယ္စည္း႐ုံးခြင့္ကိုေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ ေလာင္း မ်ား အတည္ျပဳၿပီးေနာက္ပိုင္းမွသာ ထုတ္ျပန္ေပးမယ္လို႔ ေကာ္မရွင္က ဆိုပါတယ္။

NLD ပါတီအေနနဲ႔ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ဦးဝင္းျမင့္တို႔ရဲ႕ ပါတီစည္း႐ုံးေရးလုပ္ငန္းေတြနဲ႔ နယ္ေျမစည္႐ုံးေရးလုပ္ငန္းေတြကို ဇူလိုင္လ ၂ ရက္ေန႔ကစၿပီး စတင္ေဆာင္႐ြက္မယ္လို႔ ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ေၾကညာခ်က္ ထုတ္ျပန္ထားၿပီး ျဖစ္ပါတယ္။ လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)မွ ဥကၠဌျဖစ္သူ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေကာ့မႉးမဲဆႏၵနယ္(ျပည္သူ႔လႊတ္ေတာ္)ကေန ဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔ သိရပါတယ္။

NLD ပါတီရဲ႕ ဒုတိယဥကၠဌ(၁)ျဖစ္သူ ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္ကေတာ့ တာေမြမဲဆႏၵနယ္(ျပည္သူ႔လႊတ္ေတာ္)ကေန ဝင္ေရာက္ ယွဥ္ၿပိဳင္မယ္လို႔ ဆိုပါတယ္။ပါတီေျပာခြင့္ရွိသူ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာၾကားလိုက္ပါတယ္။သည္ကေန႔ ေနျပည္ေတာ္မွာ ျပဳ လုပ္တဲ့ ပါတီဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အစည္းအေဝးအၿပီးမွာ အခုလို ေျပာတာပါ။၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းကလည္း သမၼတဦးဝင္း ျမင့္ဟာ တာေမြမဲဆႏၵနယ္ကေန ဝင္ၿပိဳင္ၿပီး အတိုင္ပင္ခံပုဂၢိဳလ္ကေတာ့ ေကာ့မႉးမဲဆႏၵနယ္က ဝင္ၿပိဳင္ကာ အႏိုင္ရခဲ့ၾကပါတယ္။

ႏိုင္ငံေရးပါတီေတြအေနနဲ႔ ေ႐ြးေကာက္ပြဲအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအမည္စာရင္းတင္သြင္းျခင္းကို ဇူလိုင္လ ၂၀ ရက္ေန႔ ကတည္းက စတင္ႏိုင္ၿပီး ေနာက္ဆုံးတင္သြင္းရမယ့္ရက္ကေတာ့ ၾသဂုတ္လ ၇ ရက္ေန႔ ျဖစ္ပါတယ္။

REF: KUMUDRA

UNICODE

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးကို တော့ လာမယ့် နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို ဇူလိုင်လ(၁)ရက် နေ့ကစပြီး ဆောင်ရွက်ခွင့်ရှိတယ်လို့ ဆိုထားတာပါ။စုဝေးဟောပြောခြင်းနဲ့မဲဆွယ်စည်းရုံးခွင့်ကိုတော့ လွှတ်တော်ကိုယ်စားလှယ် လောင်း များ အတည်ပြုပြီးနောက်ပိုင်းမှသာ ထုတ်ပြန်ပေးမယ်လို့ ကော်မရှင်က ဆိုပါတယ်။

NLD ပါတီအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းမြင့်တို့ရဲ့ ပါတီစည်းရုံးရေးလုပ်ငန်းတွေနဲ့ နယ်မြေစည်ရုံးရေးလုပ်ငန်းတွေကို ဇူလိုင်လ ၂ ရက်နေ့ကစပြီး စတင်ဆောင်ရွက်မယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥက္ကဌဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမဲဆန္ဒနယ်(ပြည်သူ့လွှတ်တော်)ကနေ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ သိရပါတယ်။

NLD ပါတီရဲ့ ဒုတိယဥက္ကဌ(၁)ဖြစ်သူ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကတော့ တာမွေမဲဆန္ဒနယ်(ပြည်သူ့လွှတ်တော်)ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ဆိုပါတယ်။ပါတီပြောခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားလိုက်ပါတယ်။သည်ကနေ့ နေပြည်တော်မှာ ပြု လုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီးမှာ အခုလို ပြောတာပါ။၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း သမ္မတဦးဝင်း မြင့်ဟာ တာမွေမဲဆန္ဒနယ်ကနေ ဝင်ပြိုင်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ကော့မှူးမဲဆန္ဒနယ်က ဝင်ပြိုင်ကာ အနိုင်ရခဲ့ကြပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခြင်းကို ဇူလိုင်လ ၂၀ ရက်နေ့ ကတည်းက စတင်နိုင်ပြီး နောက်ဆုံးတင်သွင်းရမယ့်ရက်ကတော့ သြဂုတ်လ ၇ ရက်နေ့ ဖြစ်ပါတယ်။

REF:   KUMUDRA

Add a Comment

Your email address will not be published. Required fields are marked *