သိန်း(၃၀)ဆိုတဲ့ ဇာတ်လမ်း က ကျွန်မမသိဘဲ လုပ်သွားတာကို ဖော်ထုတ်လို့ ရပါပီဆိုတဲ့ သင်းသင်း (ရုပ်သံ)






UNICODE

သရုပ် ဆောင် ဝေဠုကျော် က မော်ဒယ် သင်းသင်း အား လိမ်လည် ထွက်ဆို မှုဖြင့် တရားစွဲ ဆိုရန် ယနေ့ (ဇူလိုင် ၁၇ ရက် ) တွင် သင်္ဃန်း ကျွန်းမြို့နယ် တရားရုံး သို့ လျှောက်ထား ခဲ့ကြောင်း သိရ သည်။တရားခွင် စစ်ဆေးရာတွင် ဝေဠုကျော် ဘက် မှ ရှေ့နေက သင်းသင်းအား အပြန်အလှန် မေးမြန်းရာတွင် သင်းသင်းက လိမ်လည်ထွက် ဆိုသည် ဟုဆိုကာ တရားစွဲ ဆိုရန် လျှောက်ထားခြင်းဖြစ်ကြောင်း သိရ သည်။

ယနေ့ တွင် သင်္ဃန်းကျွန်း မြို့နယ် တရားရုံး ၌ အမှုစစ် ဆေး ရာတွင် ဝေဠုကျော် ဘက်မှ ရှေ့နေ က တရား လို သင်းသင်း အား ယခုအမှု မတိုင်မီ ကာမလိမ်လည်မှုတစ်ခု၌။အမှုနိုင်ခဲ့ခြင်း ရှိ၊ မရှိ မေးမြန်းရာ သင်းသင်းက ဟုတ် မှန်ကြောင်း ဝန်ခံထွက် ဆိုခဲ့ခြင်းဖြစ်သည်။ အဆို ပါအမှုတွင် နစ်နာကြေး ငွေကျပ်သိန်း သုံးဆယ်ရရှိခဲ့ခြင်း ရှိ၊ မရှိမေးမြန်းရာ မရရှိခဲ့ကြောင်း သင်းသင်းက ပြန်လည်ထွက်ဆိုခဲ့သည်။

သင်းသင်း အား တရား စွဲရန် လျှောက်ထား မှုအပေါ် သင်္ဃန်းကျွန်း တရားရုံး က လာမည့် ဇူလိုင် (၂၄)ရက် တွင် ကြားဖြတ် အမိန့်ချမှတ် မည်ဖြစ် ကြောင်း သိရ သည်။အဲဒီ သိန်းသုံးဆယ် ဆိုတဲ့ ဇာတ်လမ်းက ကျွန်မမသိဘဲ ..ကျွန်မရဲ့လက်မှတ်မဟုတ်ဘဲ လုပ်သွားးတယ် ဆိုတာကို ကျွန်မ ဖော်ထုတ်လို့ရပါပီ….။

ဒီကိစွမှာ တာဝန်ရှိတဲ့ တရားလွှတ်တော်ရှေ့နေတဦး ကိုလည်း ကျွန်မ တရား ဥပဒေအရ အရေးယူသွားမှာပါလို့ သင်းသင်းက ပြောဆိုလိုက် ကြောင်း သိရသည်။

REF:  Thin Thin Htet Naing fb

Add a Comment

Your email address will not be published. Required fields are marked *