အိမ္အကူကို မီးပူျဖင့္ကပ္၊ ေရေႏြးျဖင့္ေလာင္းသည့္အမႈမွ အိမ္ရွင္ကိုေထာင္ဒဏ္(၁)လႏွင့္ေငြဒဏ္(၃)သိန္းသာ အမိန႔္ခ်မွတ္ခံရ

အိမ္ေဖာ္ကို ညႇဥ္းပန္းႏွိပ္စက္တဲ့ ဒီအမႈႀကီးက သုံးႏွစ္နဲ႔ ၄၇ ရက္ၾကာတယ္။ ေနာက္ထပ္ အ ယူခံထပ္တင္ေနရင္ ဘယ္ ေလာက္ၾကာဦးမလဲ မသိဘူး။ စိတ္ညစ္ဖို႔ေကာင္းတယ္။ ႐ုံးခ်ိန္း ေတြ ျပန္စစ္မယ္ဆို ႏွစ္နဲ႔ခ်ီ ၾကာ သြားဦးမွာေလ။ အဲဒီတစ္ခုကစိတ္ ပ်က္ဖို႔ေကာင္းတယ္။ အဲဒါ ေၾကာင့္ နည္းနည္းစဥ္းစားၿပီးမွပဲ လုပ္ေတာ့မယ္’’ ဟု တရားလို ဦး မ်ိဳးတင့္ႏိုင္က ေျပာသည္။ေငြဒဏ္ႏွင့္ ေထာင္ဒဏ္တစ္ လ ခ်မွတ္ခဲ့သ ျဖင့္ (၁၃)ႏွစ္အ ႐ြယ္ အိမ္အကူမိန္းကေလးကို အျပင္းအထန္ဒဏ္ရာရရွိေစခဲ့သည့္ အိမ္ ရွင္အမ်ိဳးသမီးမွာ အမႈမွ လြတ္ ေျမာက္ခဲ့သည္။

အိမ္အကူမိန္းကေလးငယ္ ကို ထိုသို႔ႏွိပ္စက္ခဲ့သည့္ ဒဂုံၿမိဳ႕ သစ္(ဆိပ္ကမ္း)၊ ယုဇနဥယ်ာဥ္ ၿမိဳ႕ေတာ္တြင္ ေနထိုင္သူ အိမ္ရွင္ မျမတ္ႏိုးသူႏွင့္ ကိုထြန္းထြန္းကို လူမႈဝန္ထမ္းဦးစီးဌာနက တရား လိုျပဳလုပ္ကာ ကေလးသူငယ္ ကာကြယ္ေစာင့္ေရွာက္ေရးဥပ ေဒပါပုဒ္မမ်ားျဖင့္ အမႈဖြင့္ တိုင္ ၾကားခဲ့ျခင္းျဖစ္သည္။အိမ္ရွင္ မျမတ္ႏိုးသူသည္ ၂၀၂၀ ဧၿပီတြင္ ႏိုင္ငံေတာ္လြတ္ ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လည္ လြတ္ေျမာက္ခဲ့ၿပီး ေနာက္ က်န္ပုဒ္ မမ်ားအတြက္ အာမခံျဖင့္ တရား ရင္ဆိုင္ခဲ့ရသည္။

အၿပီးသတ္အမိန႔္ခ်မွတ္ရာ တြင္ (၃)ႏွစ္အ႐ြယ္သားႏွင့္ ရင္ ခြင္ပိုက္ကေလးတစ္ေယာက္၏ ေနာင္ေရးႏွင့္ စိတ္ထိခိုက္မည္ကို သုံးသပ္၍ လည္းေကာင္း၊ နစ္နာ သူဘက္သို႔ နစ္နာေၾကးေပးေလ်ာ္ ထားျခင္း၊ ကေလးသူငယ္ဥပေဒ ပုဒ္မ ၆၆ (ဃ)ျဖင့္ ေထာင္ဒဏ္ ေျခာက္လ ခ် မွတ္ခံထားရျခင္းကို ထည့္သြင္းဆင္ျခင္၍ ေငြဒဏ္ သုံးသိန္းႏွင့္ ေထာင္ဒဏ္တစ္လ ခ်မွတ္ေၾကာင္း တရားသူႀကီးက အမိန႔္ခ်မွတ္စဥ္ ထည့္သြင္းေျပာ ၾကားခဲ့သည္ဟု တရားလို ဦးမ်ိဳး တင့္ႏိုင္က ေျပာသည္။

အိမ္အကူ မိန္းကေလးကို ခႏၶာကိုယ္တစ္ခုလုံးနီးပါး မီးပူ ျဖင့္ကပ္ကာ ညႇဥ္းပန္းႏွိပ္စက္ခဲ့ သည့္ အိမ္ရွင္အမ်ိဳးသမီးကို ရာ ဇသတ္ႀကီး ဥပ ေဒပုဒ္မမ်ားျဖင့္ ေငြဒဏ္က်ပ္သုံးသိန္းႏွင့္ ေထာင္ ဒဏ္ တစ္လက်ခံေစရန္ႏွင့္ အမ်ိဳး သားျဖစ္သူကိုမူ အမႈမွ ကြင္းလုံး ကြၽတ္လြတ္ေျမာက္ ေစရန္ ဆိပ္ ကမ္းၿမိဳ႕နယ္တရား႐ုံးက ဇူလိုင္ ၂၁ ရက္တြင္ အၿပီးသတ္အမိန႔္ခ် မွတ္ခဲ့သည္။ အဆိုပါအမႈမွာ လြန္ခဲ့သည့္ သုံးႏွစ္ေက်ာ္က ျဖစ္ ပြားခဲ့ၿပီး က်ဴးလြန္သည့္ အိမ္ရွင္အမ်ိဳး သမီးကို ကေလးသူငယ္ဥပေဒ ၆၆ (ဃ) ျဖင့္ေထာင္ ဒဏ္ေျခာက္လ ခ်မွတ္ခဲ့ၿပီးျဖစ္သည္။

၂၀၂၀ ဧၿပီတြင္ ႏိုင္ငံေတာ္ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ လြတ္ ေျမာက္ခဲ့ၿပီးေနာက္ က်န္ပုဒ္မမ်ား အတြက္ အာမခံျဖင့္ တရား ရင္ဆိုင္ခဲ့ျခင္း ျဖစ္သည္။အမႈျဖစ္ပြားစဥ္က အိမ္အ ကူအျဖစ္လုပ္ကိုင္ခဲ့သူ မခိုင္ႏွင္း ေဝမွာ အသက္(၁၃) ႏွစ္အ႐ြယ္ သာရွိေသးၿပီး အိမ္ရွင္လင္မယား ၏ မီးပူျဖင့္ကပ္ျခင္း၊ ေရေႏြးပူ ျဖင့္ေလာင္းျခင္း၊ တုတ္ျဖင့္႐ိုက္ ျခင္း စသည့္ႏွိပ္စက္မႈမ်ားေၾကာင့္ ရင္ဘတ္၊ ေက်ာကုန္း၊ လက္ ေမာင္းႏွစ္ဖက္၊ ေပါင္ႏွစ္ဖက္တြင္ မီးအပူေလာင္ဒဏ္ရာမ်ား၊ ဦး ေခါင္းႏွင့္ ေျခေထာက္ႏွစ္ဖက္စ လုံးတြင္ ဖူးေရာင္ဒဏ္ရာမ်ား ရရွိ ခဲ့သည္။

အိမ္အကူအျဖစ္ တစ္လ ၾကာ လုပ္ကိုင္စဥ္ အျပင္းအထန္ ညႇဥ္းပန္းႏွိပ္စက္ခံခဲ့ရသည့္အျပင္ ေန႔စဥ္ ထမင္းတစ္နပ္သာ စားခဲ့ရ သည္ဟု အမႈစတင္စစ္ေဆးစဥ္ ၂၀၁၇ တြင္ မခိုင္ႏွင္းေဝက မီဒီ ယာမ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။မူလက အိမ္ရွင္အမ်ိဳးသမီး ကို အျပင္းအထန္ နာက်င္ေစမႈ ပုဒ္မ ၃၂၆/၃၂၅၊ အမ်ိဳးသားကို ပုဒ္မ ၁၁၄ (ျပစ္မႈက်ဴးလြန္ရန္ အားေပးကူညီမႈ) ျဖင့္ ရဲကအမႈ ဖြင့္ျခင္းျဖစ္ေသာ္လည္း အမ်ိဳး သမီးကို အာမခံေပးႏိုင္သည့္ပုဒ္မ မ်ားျဖင့္ စြဲခ်က္တင္ကာ ေျပာင္း လဲစစ္ေဆးခဲ့သည္။

အျပင္းအထန္နာက်င္ေစမႈ ရာဇသတ္ႀကီးပုဒ္မ ၃၂၅ မွာ ျပစ္ မႈထင္ရွားပါက ခုနစ္ႏွစ္အထိ လည္းေကာင္း၊ ေဘးျဖစ္ေစတတ္ ေသာ လက္ နက္ျဖင့္ (သို႔မဟုတ္) နည္းျဖင့္ နာက်င္ေစမႈပုဒ္မ ၃၂၄ မွာ ျပစ္မႈထင္ရွားပါက ေထာင္ ဒဏ္သုံးႏွစ္အထိလည္းေကာင္း အျမင့္ဆုံးျပစ္ဒဏ္ မ်ား ခ်မွတ္ႏိုင္ ေၾကာင္း ရာဇသတ္ႀကီးဥပေဒတြင္ ျပ႒ာန္းထားသည္။ျပစ္မႈျပစ္ဒဏ္ မွ်တမႈမရွိသ ျဖင့္ အၿပီးသတ္ခ်မွတ္ခဲ့သည့္ အမိန႔္ကို မေက်နပ္ေသာ္လည္း အမႈၾကန႔္ၾကာမည္စိုး၍ အယူခံ မဝင္လိုေတာ့ေၾကာင္း တရား လို ဦးမ်ိဳးတင့္ႏိုင္က ေျပာသည္။

REF: 7DAY DAILY

UNICODE

အိမ်ဖော်ကို ညှဉ်းပန်းနှိပ်စက်တဲ့ ဒီအမှုကြီးက သုံးနှစ်နဲ့ ၄၇ ရက်ကြာတယ်။ နောက်ထပ် အ ယူခံထပ်တင်နေရင် ဘယ် လောက်ကြာဦးမလဲ မသိဘူး။ စိတ်ညစ်ဖို့ကောင်းတယ်။ ရုံးချိန်း တွေ ပြန်စစ်မယ်ဆို နှစ်နဲ့ချီ ကြာ သွားဦးမှာလေ။ အဲဒီတစ်ခုကစိတ် ပျက်ဖို့ကောင်းတယ်။ အဲဒါ ကြောင့် နည်းနည်းစဉ်းစားပြီးမှပဲ လုပ်တော့မယ်’’ ဟု တရားလို ဦး မျိုးတင့်နိုင်က ပြောသည်။ငွေဒဏ်နှင့် ထောင်ဒဏ်တစ် လ ချမှတ်ခဲ့သ ဖြင့် (၁၃)နှစ်အ ရွယ် အိမ်အကူမိန်းကလေးကို အပြင်းအထန်ဒဏ်ရာရရှိစေခဲ့သည့် အိမ် ရှင်အမျိုးသမီးမှာ အမှုမှ လွတ် မြောက်ခဲ့သည်။

အိမ်အကူမိန်းကလေးငယ် ကို ထိုသို့နှိပ်စက်ခဲ့သည့် ဒဂုံမြို့ သစ်(ဆိပ်ကမ်း)၊ ယုဇနဥယျာဉ် မြို့တော်တွင် နေထိုင်သူ အိမ်ရှင် မမြတ်နိုးသူနှင့် ကိုထွန်းထွန်းကို လူမှုဝန်ထမ်းဦးစီးဌာနက တရား လိုပြုလုပ်ကာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဥပ ဒေပါပုဒ်မများဖြင့် အမှုဖွင့် တိုင် ကြားခဲ့ခြင်းဖြစ်သည်။အိမ်ရှင် မမြတ်နိုးသူသည် ၂၀၂၀ ဧပြီတွင် နိုင်ငံတော်လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ပြီး နောက် ကျန်ပုဒ် မများအတွက် အာမခံဖြင့် တရား ရင်ဆိုင်ခဲ့ရသည်။

အပြီးသတ်အမိန့်ချမှတ်ရာ တွင် (၃)နှစ်အရွယ်သားနှင့် ရင် ခွင်ပိုက်ကလေးတစ်ယောက်၏ နောင်ရေးနှင့် စိတ်ထိခိုက်မည်ကို သုံးသပ်၍ လည်းကောင်း၊ နစ်နာ သူဘက်သို့ နစ်နာကြေးပေးလျော် ထားခြင်း၊ ကလေးသူငယ်ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် ထောင်ဒဏ် ခြောက်လ ချ မှတ်ခံထားရခြင်းကို ထည့်သွင်းဆင်ခြင်၍ ငွေဒဏ် သုံးသိန်းနှင့် ထောင်ဒဏ်တစ်လ ချမှတ်ကြောင်း တရားသူကြီးက အမိန့်ချမှတ်စဉ် ထည့်သွင်းပြော ကြားခဲ့သည်ဟု တရားလို ဦးမျိုး တင့်နိုင်က ပြောသည်။

အိမ်အကူ မိန်းကလေးကို ခန္ဓာကိုယ်တစ်ခုလုံးနီးပါး မီးပူ ဖြင့်ကပ်ကာ ညှဉ်းပန်းနှိပ်စက်ခဲ့ သည့် အိမ်ရှင်အမျိုးသမီးကို ရာ ဇသတ်ကြီး ဥပ ဒေပုဒ်မများဖြင့် ငွေဒဏ်ကျပ်သုံးသိန်းနှင့် ထောင် ဒဏ် တစ်လကျခံစေရန်နှင့် အမျိုး သားဖြစ်သူကိုမူ အမှုမှ ကွင်းလုံး ကျွတ်လွတ်မြောက် စေရန် ဆိပ် ကမ်းမြို့နယ်တရားရုံးက ဇူလိုင် ၂၁ ရက်တွင် အပြီးသတ်အမိန့်ချ မှတ်ခဲ့သည်။ အဆိုပါအမှုမှာ လွန်ခဲ့သည့် သုံးနှစ်ကျော်က ဖြစ် ပွားခဲ့ပြီး ကျူးလွန်သည့် အိမ်ရှင်အမျိုး သမီးကို ကလေးသူငယ်ဥပဒေ ၆၆ (ဃ) ဖြင့်ထောင် ဒဏ်ခြောက်လ ချမှတ်ခဲ့ပြီးဖြစ်သည်။

၂၀၂၀ ဧပြီတွင် နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ် မြောက်ခဲ့ပြီးနောက် ကျန်ပုဒ်မများ အတွက် အာမခံဖြင့် တရား ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။အမှုဖြစ်ပွားစဉ်က အိမ်အ ကူအဖြစ်လုပ်ကိုင်ခဲ့သူ မခိုင်နှင်း ဝေမှာ အသက်(၁၃) နှစ်အရွယ် သာရှိသေးပြီး အိမ်ရှင်လင်မယား ၏ မီးပူဖြင့်ကပ်ခြင်း၊ ရေနွေးပူ ဖြင့်လောင်းခြင်း၊ တုတ်ဖြင့်ရိုက် ခြင်း စသည့်နှိပ်စက်မှုများကြောင့် ရင်ဘတ်၊ ကျောကုန်း၊ လက် မောင်းနှစ်ဖက်၊ ပေါင်နှစ်ဖက်တွင် မီးအပူလောင်ဒဏ်ရာများ၊ ဦး ခေါင်းနှင့် ခြေထောက်နှစ်ဖက်စ လုံးတွင် ဖူးရောင်ဒဏ်ရာများ ရရှိ ခဲ့သည်။

အိမ်အကူအဖြစ် တစ်လ ကြာ လုပ်ကိုင်စဉ် အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည့်အပြင် နေ့စဉ် ထမင်းတစ်နပ်သာ စားခဲ့ရ သည်ဟု အမှုစတင်စစ်ဆေးစဉ် ၂၀၁၇ တွင် မခိုင်နှင်းဝေက မီဒီ ယာများကို ထုတ်ဖော်ပြောဆိုခဲ့ သည်။မူလက အိမ်ရှင်အမျိုးသမီး ကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆/၃၂၅၊ အမျိုးသားကို ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရန် အားပေးကူညီမှု) ဖြင့် ရဲကအမှု ဖွင့်ခြင်းဖြစ်သော်လည်း အမျိုး သမီးကို အာမခံပေးနိုင်သည့်ပုဒ်မ များဖြင့် စွဲချက်တင်ကာ ပြောင်း လဲစစ်ဆေးခဲ့သည်။

အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီးပုဒ်မ ၃၂၅ မှာ ပြစ် မှုထင်ရှားပါက ခုနစ်နှစ်အထိ လည်းကောင်း၊ ဘေးဖြစ်စေတတ် သော လက် နက်ဖြင့် (သို့မဟုတ်) နည်းဖြင့် နာကျင်စေမှုပုဒ်မ ၃၂၄ မှာ ပြစ်မှုထင်ရှားပါက ထောင် ဒဏ်သုံးနှစ်အထိလည်းကောင်း အမြင့်ဆုံးပြစ်ဒဏ် များ ချမှတ်နိုင် ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ပြဋ္ဌာန်းထားသည်။ပြစ်မှုပြစ်ဒဏ် မျှတမှုမရှိသ ဖြင့် အပြီးသတ်ချမှတ်ခဲ့သည့် အမိန့်ကို မကျေနပ်သော်လည်း အမှုကြန့်ကြာမည်စိုး၍ အယူခံ မဝင်လိုတော့ကြောင်း တရား လို ဦးမျိုးတင့်နိုင်က ပြောသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *