(၂၀၂၀)တြင္ ျမန္မာ့စီးပြားေရးဖြံၿဖိဳးမႈ သုညသို႔ခ်ဥ္းကပ္ရန္ခန႔္မွန္းဟု ကိုဗစ္ကုစားေရးေကာ္မတီ၏ ေလ့လာဆန္းစစ္ေရးအစီရင္ခံစာ ဆို

ကိုဗစ္-၁၉ကုစားေရး ေကာ္မတီ၏ ေလ့လာဆန္းစစ္မႈ အစီရင္ခံစာက Covid-19 ကာလစီးပြားေရးကုစားမႈအစီအစဥ္ အေကာင္အထည္ ေဖာ္ဖို႔အတြက္ အေထာက္အကူျပဳပါတယ္” ဟု DaNa Facility မွ Senior Technical Advisor Peter Brimble က ေျပာၾကားသည္။ အစီရင္ခံစာတြင္ Covid-19 ေၾကာင့္ ထိခိုက္မႈရွိခဲ့သည့္ စီးပြားေရးလုပ္ငန္းမ်ားကို ေလ့လာဆန္းစစ္ထားၿပီး မူဝါဒပိုင္းဆိုင္ရာ အႀကံျပဳခ်က္ မ်ားလည္း ပါဝင္ကာ စီးပြားေရးအက်ပ္အတည္းကာလအတြင္း MSME လုပ္ငန္းမ်ား ဆက္လက္လည္ပတ္ႏိုင္ရန္ အေရးႀကီးေၾကာင္းကို အေလးေပးေဖာ္ျပထားေၾကာင္း သိရသည္။

Covid-19 ကုစားေရးလုပ္ငန္းေကာ္မတီ၏ အစီရင္ခံစာတြင္ ၂၀၂၀ ျပည့္ႏွစ္၌ ျမန္မာ့စီးပြားေရးဖြံၿဖိဳးတိုးတက္မႈသည္ သုညသို႔ခ်ဥ္းကပ္ရန္ ခန႔္မွန္းထားေၾကာင္း ယင္းအစီရင္ခံစာတြင္ ပါရွိသည္။Covid-19 အစီရင္ခံစာသည္ DaNa Facility? International Trade Centre ႏွင့္ UNCDF တို႔ပူးေပါင္း၍ အစိုးရ၏ Covid-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားကို ကုစားေရးလုပ္ငန္း ေကာ္မတီ ၏လမ္းၫႊန္မႈျဖင့္ ေလ့လာဆန္းစစ္ထားသည့္ အစီရင္ခံစာျဖစ္သည္။

ယင္း Covid-19 ကာလ စီးပြားေရးအက်ပ္အတည္းေၾကာင့္ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းမ်ားႏွင့္ ေလေၾကာင္းလိုင္းမ်ားသည္ ထိခိုက္ နစ္နာဆုံးရႈံးမႈအမ်ားဆုံးျဖစ္ၿပီး ကုန္သြယ္ေရးအထူးျပဳစက္မႈလုပ္ငန္းမ်ား၊ အထည္အလိပ္လုပ္ငန္းမ်ားႏွင့္ အျခားကုန္ထုတ္လုပ္မႈ လုပ္ငန္း မ်ားသည္ ဒုတိယထိခိုက္မႈအမ်ားဆုံး လုပ္ငန္းမ်ားျဖစ္ကာ ဝင္ေငြနည္းျပည္သူမ်ား၊ လ်စ္လ်ဴရႈျခင္းခံရသူမ်ားႏွင့္ ထိခိုက္ခံစားလြယ္သည့္ အုပ္စုမ်ားသည္ ထိခိုက္ပ်က္စီးမႈပိုမ်ားေၾကာင္း အစီရင္ခံစာအရ သိရသည္။

အက်ပ္အတည္းကာလအလြန္တြင္ အထူးသျဖင့္ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ား၏ လတ္တေလာ လိုအပ္ ခ်က္မ်ားကို ျဖည့္ဆည္းႏိုင္ရန္ႏွင့္ ေရရွည္တည္တံ့သည့္ခိုင္ၿမဲမႈကို ေဆာင္႐ြက္ႏိုင္ရန္အတြက္ လိုအပ္သည့္မူဝါဒမ်ားကို အစီရင္ခံစာတြင္ ကာကြယ္ျခင္း၊ ျပန္လည္ထူေထာင္ျခင္း၊ အားေကာင္းလာျခင္းႏွင့္ သာယာ၀ေျပာျခင္းစသည့္ရည္႐ြယ္ခ်က္ေလးခုျဖင့္ ခ်ိတ္ဆက္ေဖာ္ျပ ထားေၾကာင္း သိရသည္။

REF: THE VOICE

UNICODE

ကိုဗစ်-၁၉ကုစားရေး ကော်မတီ၏ လေ့လာဆန်းစစ်မှု အစီရင်ခံစာက Covid-19 ကာလစီးပွားရေးကုစားမှုအစီအစဉ် အကောင်အထည် ဖော်ဖို့အတွက် အထောက်အကူပြုပါတယ်” ဟု DaNa Facility မှ Senior Technical Advisor Peter Brimble က ပြောကြားသည်။ အစီရင်ခံစာတွင် Covid-19 ကြောင့် ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများကို လေ့လာဆန်းစစ်ထားပြီး မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက် များလည်း ပါဝင်ကာ စီးပွားရေးအကျပ်အတည်းကာလအတွင်း MSME လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် အရေးကြီးကြောင်းကို အလေးပေးဖော်ပြထားကြောင်း သိရသည်။

Covid-19 ကုစားရေးလုပ်ငန်းကော်မတီ၏ အစီရင်ခံစာတွင် ၂၀၂၀ ပြည့်နှစ်၌ မြန်မာ့စီးပွားရေးဖွံဖြိုးတိုးတက်မှုသည် သုညသို့ချဉ်းကပ်ရန် ခန့်မှန်းထားကြောင်း ယင်းအစီရင်ခံစာတွင် ပါရှိသည်။Covid-19 အစီရင်ခံစာသည် DaNa Facility? International Trade Centre နှင့် UNCDF တို့ပူးပေါင်း၍ အစိုးရ၏ Covid-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများကို ကုစားရေးလုပ်ငန်း ကော်မတီ ၏လမ်းညွှန်မှုဖြင့် လေ့လာဆန်းစစ်ထားသည့် အစီရင်ခံစာဖြစ်သည်။

ယင်း Covid-19 ကာလ စီးပွားရေးအကျပ်အတည်းကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် လေကြောင်းလိုင်းများသည် ထိခိုက် နစ်နာဆုံးရှုံးမှုအများဆုံးဖြစ်ပြီး ကုန်သွယ်ရေးအထူးပြုစက်မှုလုပ်ငန်းများ၊ အထည်အလိပ်လုပ်ငန်းများနှင့် အခြားကုန်ထုတ်လုပ်မှု လုပ်ငန်း များသည် ဒုတိယထိခိုက်မှုအများဆုံး လုပ်ငန်းများဖြစ်ကာ ဝင်ငွေနည်းပြည်သူများ၊ လျစ်လျူရှုခြင်းခံရသူများနှင့် ထိခိုက်ခံစားလွယ်သည့် အုပ်စုများသည် ထိခိုက်ပျက်စီးမှုပိုများကြောင်း အစီရင်ခံစာအရ သိရသည်။

အကျပ်အတည်းကာလအလွန်တွင် အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ လတ်တလော လိုအပ် ချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် ရေရှည်တည်တံ့သည့်ခိုင်မြဲမှုကို ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်မူဝါဒများကို အစီရင်ခံစာတွင် ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ခြင်း၊ အားကောင်းလာခြင်းနှင့် သာယာ၀ပြောခြင်းစသည့်ရည်ရွယ်ချက်လေးခုဖြင့် ချိတ်ဆက်ဖော်ပြ ထားကြောင်း သိရသည်။

REF:  THE  VOICE

Add a Comment

Your email address will not be published. Required fields are marked *