(၂၀၂၀)ေ႐ြးေကာက္ပြဲတြင္ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းမွလြဲ၍ က်န္တဲ့တိုင္းနဲ႔ျပည္နယ္ဝန္ႀကီးခ်ဳပ္အားလုံးေ႐ြးေကာက္ပြဲ ျပန္ဝင္ဟု သိရ

လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္က မဲဆႏၵနယ္အခ်ိဳ႕က လြဲရင္ က်န္တဲ့ မဲဆႏၵနယ္ အားလုံးနီးပါးကို ဒီခ်ဳပ္က ဝင္ၿပိဳင္မွာျဖစ္ပါတယ္။ဒီခ်ဳပ္ပါတီ ကို ကိုယ္စားျပဳ ဝင္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ၈၀ရာခိုင္ႏႈန္းဟာ လက္ရွိလႊတ္ေတာ္ကိုယ္ စားလွယ္ေတြျဖစ္ၿပီး ၂၀ရာခိုင္ႏႈန္းကေတာ့ အသစ္ျဖစ္တယ္လို႔လည္း သိရပါတယ္။

လက္ရွိ တိုင္းနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြထဲ လာမယ့္ ေ႐ြးေကာက္ပြဲ ကို ရန္ကုန္တိုင္းဝန္ႀကီး ခ်ဳပ္က လြဲရင္ အားလုံးဝ င္ၿပိဳင္ၾကမယ္လို႔ ဒီခ်ဳပ္ပါတီ ကထုတ္ျပန္လိုက္တဲ့ ကိုယ္စားလွယ္ေလာင္းစာရင္းအရ သိရပါတယ္။အဲဒီကိုယ္စားလွယ္ေလာင္းစာရင္း အရ တိုင္းနဲ႔ ျပည္ နယ္ဝန္ႀကီးခ်ဳပ္ေတြဟာ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာ အႏိုင္ရ ခဲ့တဲ့ မူလ မဲဆႏၵနယ္ေတြကပဲ ျပန္လည္ အေ႐ြးခံၾကမွာပါ။

ဒါေပမယ့္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ကေတာ့ ကိုယ္စားလွယ္ေလာင္းစာရင္းထဲ မပါလာပါဘူး။ ဒီခ်ဳပ္ပါတီ ရဲ႕နာယက ဦးဝင္းထိန္ က ဦးၿဖိဳး မင္းသိန္းရဲ႕က်န္းမာေရးအေျခအေနအရ အနားယူဖို႔ လိုတယ္လို႔ ေျပာထားသလို ဦးၿဖိဳးမင္းသိန္းကိုယ္တိုင္ကလည္း လာမယ့္ေ႐ြးေကာက္ပြဲ ကိုဝင္မၿပိဳင္ေတာ့ဘူးလို႔ မီဒီယာကို ေျဖထားတာရွိပါတယ္။

ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက သူ႔ရဲ႕က်န္းမာေရးအေျခေနအရ ေ႐ြးေကာက္ပြဲဝင္မၿပိဳင္တာလို႔ ပါတီဒုဥကၠဌ(၂) ေဒါက္တာေဇာ္ျမင့္ေမာင္က ဒီကေန႔မွာထပ္ေလာင္းေျပာသြားခဲ့ပါေသးတယ္။

REF: 7DAY DAILY

UNICODE

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်အချို့က လွဲရင် ကျန်တဲ့ မဲဆန္ဒနယ် အားလုံးနီးပါးကို ဒီချုပ်က ဝင်ပြိုင်မှာဖြစ်ပါတယ်။ဒီချုပ်ပါတီ ကို ကိုယ်စားပြု ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ၈၀ရာခိုင်နှုန်းဟာ လက်ရှိလွှတ်တော်ကိုယ် စားလှယ်တွေဖြစ်ပြီး ၂၀ရာခိုင်နှုန်းကတော့ အသစ်ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေထဲ လာမယ့် ရွေးကောက်ပွဲ ကို ရန်ကုန်တိုင်းဝန်ကြီး ချုပ်က လွဲရင် အားလုံးဝ င်ပြိုင်ကြမယ်လို့ ဒီချုပ်ပါတီ ကထုတ်ပြန်လိုက်တဲ့ ကိုယ်စားလှယ်လောင်းစာရင်းအရ သိရပါတယ်။အဲဒီကိုယ်စားလှယ်လောင်းစာရင်း အရ တိုင်းနဲ့ ပြည် နယ်ဝန်ကြီးချုပ်တွေဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရ ခဲ့တဲ့ မူလ မဲဆန္ဒနယ်တွေကပဲ ပြန်လည် အရွေးခံကြမှာပါ။

ဒါပေမယ့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ကတော့ ကိုယ်စားလှယ်လောင်းစာရင်းထဲ မပါလာပါဘူး။ ဒီချုပ်ပါတီ ရဲ့နာယက ဦးဝင်းထိန် က ဦးဖြိုး မင်းသိန်းရဲ့ကျန်းမာရေးအခြေအနေအရ အနားယူဖို့ လိုတယ်လို့ ပြောထားသလို ဦးဖြိုးမင်းသိန်းကိုယ်တိုင်ကလည်း လာမယ့်ရွေးကောက်ပွဲ ကိုဝင်မပြိုင်တော့ဘူးလို့ မီဒီယာကို ဖြေထားတာရှိပါတယ်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက သူ့ရဲ့ကျန်းမာရေးအခြေနေအရ ရွေးကောက်ပွဲဝင်မပြိုင်တာလို့ ပါတီဒုဥက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့မှာထပ်လောင်းပြောသွားခဲ့ပါသေးတယ်။

REF:  7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *