(၂၃-၇-၂၀၂၀)ရက္ေန႔၊ ည (၈:၀၀)နာရီCOVID-19 ေရာဂါႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
|ဓာတ္ခြဲအတည္ျပဳ လူနာေဟာင္း (old confirmed case) မ်ား၏ ဓာတ္ခြဲနမူနာစစ္ေဆးမႈတြင္ (၂) ႀကိမ္ဆက္တိုက္ ပိုးမေတြ႕ရွိသူ စုစု ေပါင္း(၂၈၀) ဦးရွိပါသည္။ ၎တို႔အနက္ (၂၆၉)ဦးအား ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာမ်ားတြင္ အသြားအလာ ဆက္ လက္ကန႔္သတ္၍ ေစာင့္ၾကပ္ ၾကည့္ရႈလ်က္ရွိပါသည္။
ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေသဆုံးသူ (၆)ဦး ရွိပါသည္။ (၂၂-၇-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၂၃-၇-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၁၈) ဦး ရွိပါသည္။ (၂၃-၇-၂၀၂၀) ရက္ေန႔အတြက္ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ (ပထမအသုတ္) ဓာတ္ခြဲ နမူနာ (၂၈၈)ခု၊
ေဆးသုေတသနဦးစီးဌာန (DMR)မွ ဓာတ္ခြဲနမူနာ (၁၅၃) ခု၊ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) (PHL, Mandalay) မွ ဓာတ္ခြဲနမူနာ (၂၅၉) ခု၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ေမာ္လၿမိဳင္) (PHL, Mawlamyine) မွ ဓာတ္ခြဲနမူနာ (၆၆) ခုႏွင့္
ရန္ကုန္ၿမိဳ႕၊ အမွတ္ (၁) တပ္မေတာ္ေဆး႐ုံႀကီး ခုတင္ (၁၀၀၀) မွ ဓာတ္ခြဲနမူနာ (၂) ခု၊
စုစုေပါင္း (၇၆၈)ခု အား ယေန႔၊ ညေနတြင္ စစ္ေဆးၿပီးစီးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္မေတြ႕ရွိပါ။ (၂၃-၇-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီ အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲ အတည္ျပဳ လူနာ (၃၄၃) ဦး ရွိပါသည္။
REF: MINISTRY OF HEALTH
UNICODE
ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစု ပေါင်း(၂၈၀) ဦးရှိပါသည်။ ၎င်းတို့အနက် (၂၆၉)ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက် လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။ (၂၂-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၃-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၈) ဦး ရှိပါသည်။ (၂၃-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၂၈၈)ခု၊
ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၅၃) ခု၊ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၅၉) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၆၆) ခုနှင့်
ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂) ခု၊
စုစုပေါင်း (၇၆၈)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်မတွေ့ရှိပါ။ (၂၃-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာ (၃၄၃) ဦး ရှိပါသည်။
REF: MINISTRY OF HEALTH