




UNICODE

ရိုက်ကူးရေး ပြီးတာနဲ့ အိမ်ခေါ်ပြီး ဆန်၊ ဆီ၊ ငွေကြေးတွေ နဲ့ကန် တော့ တဲ့ ဖြူဖြူထွေးကြောင့် ပီတိဖြစ် ခဲ့ရသူများ

ဖြူဖြူထွေးက ရိုက်ကူးရေးပြီးတာနဲ့ သူမရဲ့ အိမ်ကိုခေါ်ပြီး ဆန်၊ဆီ၊စားစရာ၊ငွေကြေးတွေနဲ့ သေသေ ချာချာလေး ကန်တော့ခဲ့တာ ဖြစ်ပါ တယ်။ ဒါကြောင့် ဝိုင်းချစ်က “ဒီနေ့ သမီးဖြူဖြူထွေးရဲ့ဂါရဝပါ အောင်မြင်ကျော်ကြားကြီးပွါး တိုးတက်ပါစေ သမီးရေ အရမ်းကို ကျေးဇူး တင်ပြီး ဝမ်းသာပီတိ ဖြစ်ရပါတယ်” ဆိုပြီးပြောထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေး နဲ့ ဝိုင်းချစ်၊ဦးဇော်မှိုင်း၊ ဒေါ်လုံးတင်တို့အနုပညာရှင်တစ်စုရဲ့ပီတိပုံရိပ်တွေကို ပြန်လည်မျှ ဝေ ပေးလိုက် ပါတယ်နော်။

နာ မည်လေးနဲ့လိုက်အောင် စိတ်သဘောထားလေးကလည်း ဖြူစင်သူလေးဖြစ်တဲ့ မင်းသမီး ချောလေး ဖြူဖြူထွေး ကတော့ အရင်က ထက် ပိုပိုပြီး အောင်မြင်လာတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ဟန်ဆောင်မှုတွေမပါဘဲ ရိုးရိုးရှင်းရှင်းလေးနေထိုင်တတ်ပြီး မာန်မာန ကင်း စင်တာကြောင့် အားလုံးကပိုချစ်နေရတာ ဖြစ်ပါတယ်။ အလုပ်ကြိုးစားသလို အလှူအတန်းရက်ရောတဲ့ ဖြူဖြူထွေးကတော့ တစ်နေ့ထက် တစ်နေ့ အားပေးသူများပြားလို့လာတာ ဖြစ်ပါတယ်။

ဖြူဖြူထွေးက လတ်တလောမှာတော့ အလုပ်ပါး နေတဲ့ ဝါရင့် သရုပ်ဆောင်ကြီးတွေကိုခေါ်ပြီး သူမနဲ့အတူ ကြော်ငြာတွေ ရိုက်ကူးစေတာ ဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးပြီးတဲ့အခါမှာလည်း ဖြူဖြူထွေးက သရုပ်ဆောင်တွေကို လိုအပ်တဲ့ပစ္စည်းတွေနဲ့ ဖွယ်ဖွယ်ရာရာ ကန်တော့ခဲ့ သေး တာ ဖြစ်ပါတယ်။ မနေ့ကလည်း ဖြူဖြူထွေးတစ်ယောက် ဝိုင်းချစ်တို့ဇာတ်ပို့သရုပ်ဆောင် တစ် ချို့ကို ဂါရဝပြုကန်တော့ခဲ့တာ ဖြစ် ပါတယ်။

Source & Photo Credit-  Aung Khine Soe’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *