တရုတ်ကို အထီး ကျန် ဖြစ်အောင် ဝိုင်းပယ် ထားကြဖို့ အမေ ရိကန်ပြောပြီ





REF: SHWE WIKI

UNICODE

ကိုရိုနာ ဗိုင်းရပ်စ်၊ တရုတ်နည်းပညာကုမ္ပဏီများ၊ ဟောင်ကောင်တွင်ပြဋ္ဌာန်းသည့် အမျိုးသားလုံခြုံရေးဥပဒေ၊ ဝီဂါမွတ်ဆလင်များနှင့် နောက်ဆုံးဖြစ်ရပ်အနေဖြင့် ဟူစတန်မြို့မှ တရုတ်ကောင်စစ်ဝန်ရုံးပိတ်ရန်ညွှန်ကြား ချက်စသည်တို့ကြောင့် အမေရိကန်-တရုတ်ဆက်ဆံ ရေးတင်းမာမှုများ ဆက်တိုက်မြင့်တက်နေချိန်တွင် ပွန်ပီယိုက ယခုကဲ့သို့ပြောခြင်းဖြစ်ပါတယ်။

ဇွန်လလယ်က နယ်စပ်တွင် တရုတ်တပ်ဖွဲ့များနှင့်ထိတွေ့ခဲ့ပြီး အိန္ဒိယတပ်ဖွဲ့ဝင်အယောက် ၂၀ သေဆုံးခဲ့ပြီး နောက် အိန္ဒိယ-တရုတ်ဆက် ဆံရေးပျက်ယွင်းနေပါတယ်။နောက်ပိုင်းတွင် အိန္ဒိယက တစ်တော့ အပါအဝင် တရုတ်ထုတ်ဖုန်းအက်ပလီကေးရှင်းများကို ပိတ်ပင်ခဲ့ပါ တယ်။ အိန္ဒိယသည် ကမ္ဘာ့ဆေးဈေးကွက်တွင် အကြီးဆုံးတင်ပို့သူဖြစ်ပြီး ကုန်ကြမ်း ၇၀ ရာခိုင်နှုန်းနီးပါး တရုတ်ကို မှီခိုနေရပါတယ်။

ဆက်သွယ်ရေးနှင့် ဆေးပစ္စည်းများအတွက် ပြည်တွင်းထုတ်လုပ်ဖြန့်ချိမှုကွင်းဆက်ကိုအာရုံစိုက်ပြီး တရုတ်နိုင်ငံ အပေါ် မှီခိုမှုလျှော့ချရန် အိန္ဒိယနိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက ဇူလိုင် ၂၂ ရက်တွင် တိုက်တွန်းခဲ့ပါတယ်။အိန္ဒိယနိုင်ငံ မှာ ပြည်တွင်း ထုတ်လုပ်ဖြန့်ချိမှုကွင်းဆက်ကို တရုတ်နိုင်ငံဆီကနေရွှေ့ပြီး ဆက်သွယ်ရေး၊ ဆေးပစ္စည်းတွေနဲ့ တခြားပစ္စည်းတွေလိုမျိုး။

နေရာတွေအတွက် တရုတ်ကုမ္ပဏီတွေအပေါ်မှီခိုနေရတာကို လျှော့ချနိုင် ပါတယ်” ဟု ပွန်ပီယိုက အမေရိကန်-အိန္ဒိယစီးပွားရေး ကောင်စီ၏ အိန္ဒိယနိုင်ငံဆိုင်ရာစိတ်ကူးအကြံဉာဏ်များ ထိပ်သီးအစည်းအဝေးတွင် အွန်လိုင်းမှ မိန့်ခွန်းပြောစဉ် ထည့်သွင်းပြော ဆိုလိုက်ပါတယ်။

REF:   SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *