ထားဝယ္ၿမိဳ႕နယ္ တြင္ ေသြးေရာင္ကဲ့သို႔ ထူးဆန္းစြာ ျဖစ္ေပၚလာသည့္ ကန္ေရ မ်ားေၾကာင့္ ျပည္သူမ်ား စိုးရိမ္ေန

ျမန္မာႏိုင္ငံ၏ ေတာင္ဘက္စြန္းတြင္ရွိေသာ ထားဝယ္ၿမိဳ႕၌ ေလဆိပ္လည္းရွိသည္။ ထားဝယ္ၿမိဳ႕သည္ မီးရထားလမ္းႏွင့္ ကြာေဝးေသာ ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္၍ လမ္းပန္းဆက္သြယ္ေရးတြင္ ေမာ္ေတာ္ကားႏွင့္ သေဘၤာမ်ားကိုသာ အားထားရသည္။ ေမာ္လၿမိဳင္မွ မီးရထား လမ္းဆုံးျဖစ္ ခဲ့ေသာ ေရးၿမိဳ႕ႏွင့္ ကားလမ္းေပါက္သည္။ သို႔ေသာ္ ေတာင္တက္ေတာင္ဆင္း ခရီးၾကမ္းသျဖင့္ အသြားအလာ မလြယ္ကူေပ။

ထားဝယ္ကားဆိပ္၌ ကုန္တင္ေမာ္ေတာ္ ကား၊ လူစီးကားမ်ားစြာတို႔ကို ေတြ႕ျမင္ရသည္။ ထားဝယ္ ဆိပ္ကမ္းမွာလည္း ဆိပ္ကမ္းေကာင္း ျဖစ္၍ အေရာင္းအဝယ္ စည္ကားသည္။ ထားဝယ္ၿမိဳ႕မွ ျမန္မာႏိုင္ငံျခားဆိပ္ကမ္းၿမိဳ႕မ်ားသို႔ ေရေၾကာင္းအဆက္အသြယ္ အလြန္ေကာင္း မြန္သည္။

ယခုတေလာတြင္ ေသြးေရာင္ ကဲ့သို႔ ေရအေရာင္မ်ားျဖစ္ေပၚေနေသာ ေရကန္မွာ ေက်ာက္မီးေသြးတူးေဖာ္ေရး ေနရာမွ မီးေလာင္ ခဲ့သည့္ ေက်ာက္မီးေသြး စြန႔္ပစ္ေျမစာပုံေပၚတြင္ ေျမႀကီးဖုံးအုပ္ရန္အတြက္ ေျမႀကီးႏွင့္ ေက်ာက္ဖ်ာႏုမ်ား ထြက္ေစရန္ထုတ္ယူ တူးေဖာ္ ထား ေသာ ကန္မ်ား ျဖစ္ေၾကာင္းသိရသည္။

တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕နယ္၊ ဘန္းေခ်ာင္းေဒသ ၊ကြမ္းေခ်ာင္းႀကီးေက်း႐ြာ တြင္ ေသြးေရာင္ကဲ့ သို႔ ျဖစ္ေပၚေနသည့္ ေရကန္ ႏွစ္ခုေၾကာင့္ ျပည္သူမ်ား စိုးရိမ္ေနၾကေၾကာင္း ဘန္းေခ်ာင္းမိုင္းေစာင့္ၾကည့္ ေရး လုပ္ေဆာင္ ေနသည့္ ေနာ္ေဆးအယ္လ္မူးက ေျပာ ဆို ေၾကာင္း သိရသည္။

REF: ျပည္ျမန္မာ

UNICODE

မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းတွင်ရှိသော ထားဝယ်မြို့၌ လေဆိပ်လည်းရှိသည်။ ထားဝယ်မြို့သည် မီးရထားလမ်းနှင့် ကွာဝေးသော မြို့ တစ်မြို့ဖြစ်၍ လမ်းပန်းဆက်သွယ်ရေးတွင် မော်တော်ကားနှင့် သင်္ဘောများကိုသာ အားထားရသည်။ မော်လမြိုင်မှ မီးရထား လမ်းဆုံးဖြစ် ခဲ့သော ရေးမြို့နှင့် ကားလမ်းပေါက်သည်။ သို့သော် တောင်တက်တောင်ဆင်း ခရီးကြမ်းသဖြင့် အသွားအလာ မလွယ်ကူပေ။

ထားဝယ်ကားဆိပ်၌ ကုန်တင်မော်တော် ကား၊ လူစီးကားများစွာတို့ကို တွေ့မြင်ရသည်။ ထားဝယ် ဆိပ်ကမ်းမှာလည်း ဆိပ်ကမ်းကောင်း ဖြစ်၍ အရောင်းအဝယ် စည်ကားသည်။ ထားဝယ်မြို့မှ မြန်မာနိုင်ငံခြားဆိပ်ကမ်းမြို့များသို့ ရေကြောင်းအဆက်အသွယ် အလွန်ကောင်း မွန်သည်။

ယခုတလောတွင် သွေးရောင် ကဲ့သို့ ရေအရောင်များဖြစ်ပေါ်နေသော ရေကန်မှာ ကျောက်မီးသွေးတူးဖော်ရေး နေရာမှ မီးလောင် ခဲ့သည့် ကျောက်မီးသွေး စွန့်ပစ်မြေစာပုံပေါ်တွင် မြေကြီးဖုံးအုပ်ရန်အတွက် မြေကြီးနှင့် ကျောက်ဖျာနုများ ထွက်စေရန်ထုတ်ယူ တူးဖော် ထား သော ကန်များ ဖြစ်ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသ ၊ကွမ်းချောင်းကြီးကျေးရွာ တွင် သွေးရောင်ကဲ့ သို့ ဖြစ်ပေါ်နေသည့် ရေကန် နှစ်ခုကြောင့် ပြည်သူများ စိုးရိမ်နေကြကြောင်း ဘန်းချောင်းမိုင်းစောင့်ကြည့် ရေး လုပ်ဆောင် နေသည့် နော်ဆေးအယ်လ်မူးက ပြော ဆို ကြောင်း သိရသည်။

REF:  ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *