ဖဒိုမန္းၿငိမ္းေမာင္(၂၀၂၀)ေ႐ြးေကာက္ပြဲဝင္ရန္ (KNU) ဗဟိုအလုပ္မႈေဆာင္အဖြဲ႕ဝင္ အျဖစ္မွႏုတ္ထြက္

ျမန္မာျပည္သည္ ပဋိပကၡ ႏႊံထဲတြင္နစ္ခဲ့သည့္ တိုင္းျပည္တျပည္ျဖစ္ေနသည့္အတြက္ ႐ုန္းထြက္ရသည္မွာ မလြယ္ကူေၾကာင္း၊ NLDအစိုးရ မွမဟုတ္ မည္သည့္အစိုးရတက္ တက္ အခက္အခဲကႀကဳံမည္ျဖစ္၍ ယင္းအေျခအေနကို စာနာနားလည္ႏိုင္သည္ဟုလည္း ပဒိုမန္းၿငိမ္း ေမာင္က ေျပာသည္။တိုင္းျပည္၏ ယုံၾကည္မႈတည္ေဆာင္ရာတြင္ အခက္အခဲ မ်ား ရွိေနၿပီး တဦးႏွင့္တဦး သံသယ၊ အမုန္း၊ အဃာသမ်ား ႀကီးမားသည့္အတြက္ ယင္းအေျခအေနမ်ားကို မျပင္ဆင္ႏိုင္ပဲ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေဆာင္႐ြက္မည္ဆိုပါက ေအာင္ျမင္ႏိုင္မည္ မဟုတ္ေၾကာင္းႏွင့္ NLDအစိုးရအေနျဖင့္ ယင္းအခက္အခဲမ်ားကို ရင္ဆိုင္ခဲ့ရျခင္းသာျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။

ဖထီး ကြၽန္ေတာ္တို႔ ပန္းတေနာ္မွာလာယွဥ္ၿပိဳင္မယ္သိရေတာ့ ႀကိဳဆိုပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ကြၽန္ ေတာ္တို႔ကေတာ့ ဖထီးလို အဆင္လာရွိတဲ့ ႏိုင္ငံေရး သ မားလိုမ်ိဳး လာၿပိဳင္တာေတာ့ ကြၽန္ေတာ္တို႔ မႀကိဳဆိုႏိုင္စရာမရွိပါဘူး” ဟု ပန္းတေနာ္ၿမိဳ႕ေန စ,ခ်စ္ဝင္းကို က ေျပာသည္။ပဒိုမန္းၿငိမ္းေမာင္သည္ ၎၏ ေမြးရပ္ေျမျဖစ္သည့္ ကရင္တိုင္းရင္းသားအမ်ားစုေနထိုင္ေသာ ပန္းတေနာ္ၿမိဳ႕မွ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္သည္။

ျပည္တြင္း ၿငိမ္းခ်မ္းေရးရရွိေရးႏွင့္ တိုင္းရင္းသားမ်ား၏ ရသင့္ရထိုက္သည့္ တန္းတူအခြင့္အေရးမ်ား ပိုမိုရရွိေစေရးတို႔ကို လုပ္ေဆာင္ႏိုင္ ရန္ ဥပေဒအတြင္းကေန ေ႐ြး ေကာက္ပြဲဝင္ရျခင္းျဖစ္ေၾကာင္း ကရင္အမ်ိဳးသား အ စည္းအ႐ုံး (KNU) ဗဟိုအလုပ္မႈေဆာင္အဖြဲ႕ဝင္ ပဒို မန္းၿငိမ္းေမာင္ကေျပာသည္။ပဒိုမန္းၿငိမ္းေမာင္သည္ KNU မွ တရားဝင္ႏုတ္ထြက္ကာ လာမည့္ ၂၀၂၀ အေထြေထြေ႐ြး ေကာက္ပြဲတြင္ ဧ ရာဝတီတိုင္းေဒသႀကီး၊ ပန္းတေနာ္ၿမိဳ႕နယ္ ျပည္သူလႊတ္ေတာ္မဲဆႏၵနယ္ေနရာမွ တသီးပုဂၢလကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ ယွဥ္ၿပိဳင္မည္ျဖစ္သည္။

NLD အစိုးရလက္ထက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားေဆာင္႐ြက္မႈသည္ ေမွ်ာ္မွန္းသေလာက္ အေကာင္းအထည္မေဖာ္ႏိုင္ခဲ့ေၾကာင္း၊ သို႔ ေသာ္ လည္း လက္ရွိ တိုင္း ျပည္၏ အေျခအေနအရ ယင္းသို႔ မေဖာ္ေဆာင္ႏိုင္ျခင္းမွာ သဘာဝက် ေၾကာင္း ၎ကသုံးသပ္သည္။

REF: NEWS WATCH

UNICODE

မြန်မာပြည်သည် ပဋိပက္ခ နွှံထဲတွင်နစ်ခဲ့သည့် တိုင်းပြည်တပြည်ဖြစ်နေသည့်အတွက် ရုန်းထွက်ရသည်မှာ မလွယ်ကူကြောင်း၊ NLDအစိုးရ မှမဟုတ် မည်သည့်အစိုးရတက် တက် အခက်အခဲကကြုံမည်ဖြစ်၍ ယင်းအခြေအနေကို စာနာနားလည်နိုင်သည်ဟုလည်း ပဒိုမန်းငြိမ်း မောင်က ပြောသည်။တိုင်းပြည်၏ ယုံကြည်မှုတည်ဆောင်ရာတွင် အခက်အခဲ များ ရှိနေပြီး တဦးနှင့်တဦး သံသယ၊ အမုန်း၊ အဃာသများ ကြီးမားသည့်အတွက် ယင်းအခြေအနေများကို မပြင်ဆင်နိုင်ပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မည်ဆိုပါက အောင်မြင်နိုင်မည် မဟုတ်ကြောင်းနှင့် NLDအစိုးရအနေဖြင့် ယင်းအခက်အခဲများကို ရင်ဆိုင်ခဲ့ရခြင်းသာဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ဖထီး ကျွန်တော်တို့ ပန်းတနော်မှာလာယှဉ်ပြိုင်မယ်သိရတော့ ကြိုဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန် တော်တို့ကတော့ ဖထီးလို အဆင်လာရှိတဲ့ နိုင်ငံရေး သ မားလိုမျိုး လာပြိုင်တာတော့ ကျွန်တော်တို့ မကြိုဆိုနိုင်စရာမရှိပါဘူး” ဟု ပန်းတနော်မြို့နေ စ,ချစ်ဝင်းကို က ပြောသည်။ပဒိုမန်းငြိမ်းမောင်သည် ၎င်း၏ မွေးရပ်မြေဖြစ်သည့် ကရင်တိုင်းရင်းသားအများစုနေထိုင်သော ပန်းတနော်မြို့မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးနှင့် တိုင်းရင်းသားများ၏ ရသင့်ရထိုက်သည့် တန်းတူအခွင့်အရေးများ ပိုမိုရရှိစေရေးတို့ကို လုပ်ဆောင်နိုင် ရန် ဥပဒေအတွင်းကနေ ရွေး ကောက်ပွဲဝင်ရခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အ စည်းအရုံး (KNU) ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ပဒို မန်းငြိမ်းမောင်ကပြောသည်။ပဒိုမန်းငြိမ်းမောင်သည် KNU မှ တရားဝင်နုတ်ထွက်ကာ လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် ဧ ရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ပြည်သူလွှတ်တော်မဲဆန္ဒနယ်နေရာမှ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆောင်ရွက်မှုသည် မျှော်မှန်းသလောက် အကောင်းအထည်မဖော်နိုင်ခဲ့ကြောင်း၊ သို့ သော် လည်း လက်ရှိ တိုင်း ပြည်၏ အခြေအနေအရ ယင်းသို့ မဖော်ဆောင်နိုင်ခြင်းမှာ သဘာဝကျ ကြောင်း ၎င်းကသုံးသပ်သည်။

REF:   NEWS  WATCH

Add a Comment

Your email address will not be published. Required fields are marked *