အေဖ က အႏုပညာအလုပ္ေတြ လုပ္ ဖို႔ ခြင့္ျပဳလိုက္တယ္ဆိုၿပီး ေပ်ာ္႐ႊင္ေနတဲ့ က‌ော္ရဲေအာင္၏သမီး မုံနံ႔သာေက်ာ္ ရဲေအာင္

မႈံနံ႔သာေက်ာ္ရဲေအာင္ (Mhone Nanthar Kyaw Ye Aung)ကိုေတာ့ ‘’ဆယ္လီ’’႐ုပ္ရွင္ဇာတ္ကားႀကီးကေန စၿပီး ပရိသတ္ေတြ စတင္ သိရွိခဲ့တာပါ။အဲဒီေနာက္ သ႐ုပ္ေဆာင္ ေက်ာ္ရဲေအာင္ရဲ႕ သမီးလို႔ သိလိုက္ရတဲ့အခ်ိန္မွာ ပရိသတ္ေတြရဲ႕ စိတ္ဝင္စားျခင္းကို ပိုမိုရရွိခဲ့ တာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သူမဟာ ဖခင္ျဖစ္သူရဲ႕ အႏုပညာအလုပ္ ေတြကို ေလ့လာေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။ အခုဆိုရင္သူမကို ႐ုပ္သံဇာ တ္လမ္းတြဲ႐ိုက္ေတာ့မယ္လို႔ သိရပါတယ္။

မႈံနံ႔သာေက်ာ္ရဲေအာင္ဟာ ဖခင္ျဖစ္သူ ေက်ာ္ရဲေအာင္ရဲ႕ ခြင့္ျပဳ ခ်က္နဲ႔ အႏုပညာအလုပ္ေတြ လုပ္လာရၿပီျဖစ္လို႔ ဝမ္းသာေနပါတယ္။ အခုဆိုရင္ေတာ့ သ႐ုပ္ေဆာင္ သက္မြန္ျမင့္၊ ေကာင္းျပည့္၊ ထြန္းကိုကို တို႔နဲ႔ ဇာတ္လမ္းတြဲ႐ိုက္ေတာ့မယ္လို႔ သိရပါတယ္။သ႐ုပ္ေဆာင္ ေက်ာ္ရဲေအာင္ကေတာ့ သမီးျဖစ္သူ မႈံနံ႔သာေက်ာ္ရဲေအာင္ကို အႏုပညာအလုပ္ေတြ လုပ္ဖို႔ ခြင့္ျပဳလိုက္ၿပီလို႔ သိရပါတယ္။ အရမ္းျဖစ္ခ်င္ ေနတဲ့အရာတစ္ခု ျဖစ္သြားလို႔ ဝမ္းသာေနတယ္လို႔လည္း မႈံနံ႔သာေက်ာ္ရဲေအာင္က အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

ေဖႀကီးကေတာ့ ဒီအလုပ္လုပ္မယ္ဆိုရင္ အဓိက ကေတာ့ စိတ္ေပါ့ေနာ္။ဘယ္ေလာက္အထိ Mood သြင္းႏိုင္မလဲ၊ အိမ္မွာဆိုလည္း ေဖႀကီး သင္ျပေပးတာေတြရွိတယ္။ ညီမက အခု ၁၀ တန္းၿပီးသြားၿပီဆိုေတာ့ သ႐ုပ္ေဆာင္အလုပ္လုပ္ဖို႔ ခြင့္ျပဳသြားပါၿပီ။ အရင္တုန္းကဆို ဇာတ္ ကားအရမ္း႐ိုက္ခ်င္တာ အခုေတာ့ ညီမရဲ႕ ဆႏၵေတြ ျပည့္ဝသြားတာ ေပါ့” လို႔ဆိုပါတယ္။အႏုပညာနဲ႔ ပတ္သက္လာရင္ ငယ္ငယ္ကတည္း က ေလ့လာခဲ့တယ္ဆိုတဲ့ မႈံနံ႔သာဟာ အေဖ့ရဲ႕ ဇာတ္ကားေတြမွာလည္း တစ္စြန္းတစ ပါဝင္ခဲ့ဖူးေသးတယ္လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ “ရခဲ့သမွ် အရာရာ” ဆိုတဲ့ ႐ုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္ေတာ့မယ္လို႔ သိရပါတယ္။ ငယ္ငယ္တုန္းကဆို ေဖ ႀကီး ဇာတ္ကား႐ိုက္ၿပီဆိုရင္ ျဖတ္ေလွ်ာက္လိုက္၊ ဟိုနား ဒီနားဆိုလည္း ပါတာပဲ၊ အခုေတာ့ ဇာတ္လမ္းတြဲ႐ိုက္ရေတာ့မွာျဖစ္တဲ့အတြက္ အရမ္းပီတိျဖစ္ရပါတယ္။ဒီဇာတ္ကား႐ိုက္ဖို႔ အတြက္လည္း ေဖႀကီးကို လာေျပာၾကတယ္၊ ညီမကိုယ္တိုင္ကလည္း ဇာတ္လမ္းတြဲ တစ္ခါမွ မ႐ိုက္ဖူးဘူး။

ကာ႐ိုက္တာကေတာ့ အျပင္ပုံစံနဲ႔ ကြာတယ္ေလ” ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔မနက္ပိုင္းက “ရခဲ့သမွ် အရာရာ” ဆိုတဲ့ ႐ုပ္သံ ဇာတ္လမ္းတြဳ ကန္ေတာ့ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။မႈံနံ႔သာေက်ာ္ရဲေအာင္ဟာ သူမရဲ႕ အႏုပညာအလုပ္ေတြနဲ႔ ပတ္သက္ၿပီး ဖခင္ျဖစ္သူ ေက်ာ္ရဲေအာင္ဆီက ေလ့လာသင္ၾကားမႈေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။အရင္တုန္းက ဇာတ္ကားေတြ႐ိုက္ၿပီဆိုရင္ ေဖႀကီး ေရွ႕မွာ သ႐ုပ္ေဆာင္ျပရတယ္။

ဒီဇာတ္ကားထဲက ကာ႐ိုက္တာကိုေတာ့ သ႐ုပ္မေဆာင္ျပရေသးဘူး။ ဒါေပမယ့္လည္း ေဖႀကီးက ေျပာျပတာ၊ သင္ျပတာေတြေတာ့ ရွိပါတယ္။ ကိုယ့္ရဲ႕ အရည္အခ်င္းေတြအေပၚ သုံးသပ္တာမ်ိဳးေတြေတာ့ မရွိပါဘူး”လို႔ ဆက္လက္ ေျပာျပလာပါတယ္။

REF: ဆယ္လီရပ္ကြက္

UNICODE

မှုံနံ့သာကျော်ရဲအောင် (Mhone Nanthar Kyaw Ye Aung)ကိုတော့ ‘’ဆယ်လီ’’ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး ပရိသတ်တွေ စတင် သိရှိခဲ့တာပါ။အဲဒီနောက် သရုပ်ဆောင် ကျော်ရဲအောင်ရဲ့ သမီးလို့ သိလိုက်ရတဲ့အချိန်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ပိုမိုရရှိခဲ့ တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ဖခင်ဖြစ်သူရဲ့ အနုပညာအလုပ် တွေကို လေ့လာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အခုဆိုရင်သူမကို ရုပ်သံဇာ တ်လမ်းတွဲရိုက်တော့မယ်လို့ သိရပါတယ်။

မှုံနံ့သာကျော်ရဲအောင်ဟာ ဖခင်ဖြစ်သူ ကျော်ရဲအောင်ရဲ့ ခွင့်ပြု ချက်နဲ့ အနုပညာအလုပ်တွေ လုပ်လာရပြီဖြစ်လို့ ဝမ်းသာနေပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် သက်မွန်မြင့်၊ ကောင်းပြည့်၊ ထွန်းကိုကို တို့နဲ့ ဇာတ်လမ်းတွဲရိုက်တော့မယ်လို့ သိရပါတယ်။သရုပ်ဆောင် ကျော်ရဲအောင်ကတော့ သမီးဖြစ်သူ မှုံနံ့သာကျော်ရဲအောင်ကို အနုပညာအလုပ်တွေ လုပ်ဖို့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အရမ်းဖြစ်ချင် နေတဲ့အရာတစ်ခု ဖြစ်သွားလို့ ဝမ်းသာနေတယ်လို့လည်း မှုံနံ့သာကျော်ရဲအောင်က အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

ဖေကြီးကတော့ ဒီအလုပ်လုပ်မယ်ဆိုရင် အဓိက ကတော့ စိတ်ပေါ့နော်။ဘယ်လောက်အထိ Mood သွင်းနိုင်မလဲ၊ အိမ်မှာဆိုလည်း ဖေကြီး သင်ပြပေးတာတွေရှိတယ်။ ညီမက အခု ၁၀ တန်းပြီးသွားပြီဆိုတော့ သရုပ်ဆောင်အလုပ်လုပ်ဖို့ ခွင့်ပြုသွားပါပြီ။ အရင်တုန်းကဆို ဇာတ် ကားအရမ်းရိုက်ချင်တာ အခုတော့ ညီမရဲ့ ဆန္ဒတွေ ပြည့်ဝသွားတာ ပေါ့” လို့ဆိုပါတယ်။အနုပညာနဲ့ ပတ်သက်လာရင် ငယ်ငယ်ကတည်း က လေ့လာခဲ့တယ်ဆိုတဲ့ မှုံနံ့သာဟာ အဖေ့ရဲ့ ဇာတ်ကားတွေမှာလည်း တစ်စွန်းတစ ပါဝင်ခဲ့ဖူးသေးတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ “ရခဲ့သမျှ အရာရာ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်တော့မယ်လို့ သိရပါတယ်။ ငယ်ငယ်တုန်းကဆို ဖေ ကြီး ဇာတ်ကားရိုက်ပြီဆိုရင် ဖြတ်လျှောက်လိုက်၊ ဟိုနား ဒီနားဆိုလည်း ပါတာပဲ၊ အခုတော့ ဇာတ်လမ်းတွဲရိုက်ရတော့မှာဖြစ်တဲ့အတွက် အရမ်းပီတိဖြစ်ရပါတယ်။ဒီဇာတ်ကားရိုက်ဖို့ အတွက်လည်း ဖေကြီးကို လာပြောကြတယ်၊ ညီမကိုယ်တိုင်ကလည်း ဇာတ်လမ်းတွဲ တစ်ခါမှ မရိုက်ဖူးဘူး။

ကာရိုက်တာကတော့ အပြင်ပုံစံနဲ့ ကွာတယ်လေ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့မနက်ပိုင်းက “ရခဲ့သမျှ အရာရာ” ဆိုတဲ့ ရုပ်သံ ဇာတ်လမ်းတွု ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။မှုံနံ့သာကျော်ရဲအောင်ဟာ သူမရဲ့ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ ကျော်ရဲအောင်ဆီက လေ့လာသင်ကြားမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။အရင်တုန်းက ဇာတ်ကားတွေရိုက်ပြီဆိုရင် ဖေကြီး ရှေ့မှာ သရုပ်ဆောင်ပြရတယ်။

ဒီဇာတ်ကားထဲက ကာရိုက်တာကိုတော့ သရုပ်မဆောင်ပြရသေးဘူး။ ဒါပေမယ့်လည်း ဖေကြီးက ပြောပြတာ၊ သင်ပြတာတွေတော့ ရှိပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းတွေအပေါ် သုံးသပ်တာမျိုးတွေတော့ မရှိပါဘူး”လို့ ဆက်လက် ပြောပြလာပါတယ်။

REF:  ဆယ်လီရပ်ကွက်

Add a Comment

Your email address will not be published. Required fields are marked *