ေ႐ြးေကာက္ပြဲအတြက္ မဲစာရင္းကိုထုတ္ျပန္ရင္ ျပည္သူေတြအေနနဲ႔ မိမိနာမည္နဲ႔မွတ္ပုံတင္ ကိုက္ညီမႈရွိ/မရွိ သြားေရာက္စစ္ေဆးၾကဖို႔ လို

၂၀၂၀ ပါတီစုံ အေထြေထြ ေ႐ြးေကာက္ပြဲကို လာမယ့္ ႏိုဝင္ဘာ မွာက်င္းပမွာျဖစ္ၿပီး တစ္ႏိုင္ငံလုံးရဲ႕ မဲေပးခြင့္ရွိသူ ပထမအႀကိမ္အေျခခံ မဲစာရင္းကိုေတာ့ ဇူလိုင္၂၅ရက္ကေန ၾသဂုတ္လရရက္အထိ ၁၄ရက္တာအတြင္း သက္ဆိုင္ရာ ရပ္ကြက္၊ ေက်း႐ြာေတြရွိ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ႐ုံးေတြကေန ေၾကညာေပးမွာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းအတြင္း မဲစာရင္းမွန္ကန္ ေစဖို႔ အတြက္ အဖြဲ႕ ၃ ဖြဲ႕ ဖြဲ႕စည္းနဲ႔ စာရင္းအင္းအခ်က္အလက္ စစ္ေဆးျခင္း၊ မဲဆႏၵရွင္စာရင္းမွာ အဖအမည္လြဲမွားတာ၊ မွတ္ပုံတင္နံပါတ္မပါရွိတာ၊ မွတ္ပုံတင္နံပါတ္ထပ္ေနတာေတြကို ပူးေပါင္းေဆာင္႐ြက္ေနတယ္လို႔ ရန္ကုန္တိုင္း ေဒသႀကီး ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲ ဥကၠ႒ ဦးၾကည္ျမင့္က ေျပာပါတယ္။

လက္ရွိ ရန္ကုန္တိုင္းအတြင္းမွာက မဲေပးခြင့္ရွိသူ ဦးေရ ၅၆ သိန္းေက်ာ္ အထက္မွာ ရွိေနၿပီး ဒီထဲမွာ မွတ္ပုံတင္နံပါတ္တူေနသူေတြ၊ မွတ္ ပုံတင္နံပါတ္ မျဖည့္သြင္း ရေသးသူေတြလည္း ရွိေနပါတယ္။ဒါေၾကာင့္ အလုပ္သမားလူဝင္မႈႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔ အင္အားဝန္ႀကီး ဌာနက သစၥာစီမံခ်က္ေတြနဲ႔ ၿမိဳ႕နယ္၊ ရပ္ကြက္၊ေက်း႐ြာေတြအထိ မွတ္ပုံတင္ေတြကို လုပ္ေဆာင္ေပးေန တယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္းရဲ႕မဲေပးခြင့္ ရွိတဲ့ လူစာရင္း မွာ ႏိုင္ငံသားမွတ္ပုံတင္(နံပါတ္)တူေနသူ ၄ သိန္းေက်ာ္ရွိေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က သိရပါတယ္။ဒါေၾကာင့္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကေန မဲေပးခြင့္ရွိသူစာရင္းကိုထုတ္ျပန္ေၾကျငာတဲ့အခ်ိန္မွာ ျပည္သူေတြ အေနနဲ႔ မိမိနာမည္ နဲ႔ မွတ္ပုံတင္ ကိုက္ညီမႈရွိ,မရွိကို သြားေရာက္စစ္ေဆးေပးျခင္းျဖင့္ ပူးေပါင္းပါဝင္ဖို႔။

ရန္ကုန္တိုင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ဆိုင္ရာဝန္ႀကီး ေဒၚမိုးမိုးစုၾကည္ကေျပာပါတယ္။ “ထပ္ေနတာ က ကိန္းဂ ဏန္းအားျဖင့္ ၄ သိန္း ေက်ာ္ေလာက္ ရွိတယ္။ထပ္ေနတာေတြ အပၚမွာမွ အတည္ျပဳ ထားႏိုင္တဲ့ စာရင္းဇယားေတြလည္း ရွိၿပီ ျဖစ္တယ္။ ဒါေၾကာင့္ ျပည္သူက ေျပာဆိုထားတဲ့ အခ်က္ေတြေပၚမွာ မူတည္ၿပီးသာ မွန္ကန္ တဲ့ စာရင္းမ်ိဳးရမွာလို႔ ေဒါမိုးမိုးစုၾကည္ ကေျပာပါတယ္။

REF: LET PAN

UNICODE

၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ မှာကျင်းပမှာဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ မဲပေးခွင့်ရှိသူ ပထမအကြိမ်အခြေခံ မဲစာရင်းကိုတော့ ဇူလိုင်၂၅ရက်ကနေ သြဂုတ်လရရက်အထိ ၁၄ရက်တာအတွင်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွေကနေ ကြေညာပေးမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်း မဲစာရင်းမှန်ကန် စေဖို့ အတွက် အဖွဲ့ ၃ ဖွဲ့ ဖွဲ့စည်းနဲ့ စာရင်းအင်းအချက်အလက် စစ်ဆေးခြင်း၊ မဲဆန္ဒရှင်စာရင်းမှာ အဖအမည်လွဲမှားတာ၊ မှတ်ပုံတင်နံပါတ်မပါရှိတာ၊ မှတ်ပုံတင်နံပါတ်ထပ်နေတာတွေကို ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က ပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်းမှာက မဲပေးခွင့်ရှိသူ ဦးရေ ၅၆ သိန်းကျော် အထက်မှာ ရှိနေပြီး ဒီထဲမှာ မှတ်ပုံတင်နံပါတ်တူနေသူတွေ၊ မှတ် ပုံတင်နံပါတ် မဖြည့်သွင်း ရသေးသူတွေလည်း ရှိနေပါတယ်။ဒါကြောင့် အလုပ်သမားလူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနက သစ္စာစီမံချက်တွေနဲ့ မြို့နယ်၊ ရပ်ကွက်၊ကျေးရွာတွေအထိ မှတ်ပုံတင်တွေကို လုပ်ဆောင်ပေးနေ တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းရဲ့မဲပေးခွင့် ရှိတဲ့ လူစာရင်း မှာ နိုင်ငံသားမှတ်ပုံတင်(နံပါတ်)တူနေသူ ၄ သိန်းကျော်ရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရပါတယ်။ဒါကြောင့် ရွေးကောက်ပွဲ ကော်မရှင်ကနေ မဲပေးခွင့်ရှိသူစာရင်းကိုထုတ်ပြန်ကြေငြာတဲ့အချိန်မှာ ပြည်သူတွေ အနေနဲ့ မိမိနာမည် နဲ့ မှတ်ပုံတင် ကိုက်ညီမှုရှိ,မရှိကို သွားရောက်စစ်ဆေးပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဖို့။

ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကပြောပါတယ်။ “ထပ်နေတာ က ကိန်းဂ ဏန်းအားဖြင့် ၄ သိန်း ကျော်လောက် ရှိတယ်။ထပ်နေတာတွေ အပါ်မှာမှ အတည်ပြု ထားနိုင်တဲ့ စာရင်းဇယားတွေလည်း ရှိပြီ ဖြစ်တယ်။ ဒါကြောင့် ပြည်သူက ပြောဆိုထားတဲ့ အချက်တွေပေါ်မှာ မူတည်ပြီးသာ မှန်ကန် တဲ့ စာရင်းမျိုးရမှာလို့ ဒေါမိုးမိုးစုကြည် ကပြောပါတယ်။

REF:   LET  PAN

Add a Comment

Your email address will not be published. Required fields are marked *