ျမစ္ဆုံစီမံကိန္းနဲ႔ ပတ္သက္ၿပီး တ႐ုတ္အစိုးရႏွင့္ ျပန္လည္ညႇိႏိူင္းေဆာင္႐ြက္ရန္ ျပည္ခိုင္ၿဖိဳးအမတ္ တိုက္တြန္း

ဒီကေန႔က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္စုံညီအစည္းအေဝးမွာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ကိုယ္စားလွယ္ဦးေက်ာ္နီ ႏိုင္အေနနဲ႔ျမစ္ဆုံစီမံကိန္းရဲ႕ ကန္တမံအျမင့္ကို ေလွ်ာ့ခ်ၿပီး မဂၢါဝပ္ ၆၀၀၀ အစား ၄၀၀၀ ကို ေလွ်ာ့ခ်ထုတ္လုပ္မႈကို ခြင့္ျပဳေပးဖို႔ လည္း ေဆြးေႏြးလိုက္ေၾကာင္း သိရပါတယ္။“ကခ်င္ျပည္နယ္ရွိ ျမစ္ဆုံေရအားလွ်ပ္စစ္စီမံကိန္းကို အစိုးရအခ်င္းခ်င္းညႇိႏႈိင္းၿပီး ေရရွည္အတြက္ ေပါင္းစပ္ေဆာင္႐ြက္ဖို႔အတြက္ ျပည္ခိုင္ၿဖိဳးလႊတ္ေတာ္အမတ္ ဦးေက်ာ္နီႏိုင္က အႀကံျပဳေဆြးေႏြးလိုက္ပါတယ္။

မဂၢါဝပ္ ၆၀၀၀ အစား မဂၢါဝပ္ ၄၀၀၀ ေဆာင္႐ြက္ခြင့္ျပဳမယ္ဆိုပါက ၎နဲ႔ဆပ္စပ္တဲ့ စီမံကိန္းမ်ားျဖစ္ၾကတဲ့ လိုင္ဇာ၊ ခ်ီေဖြ၊ ဝဆုတ္၊ ဖီဆာ၊ ေခါင္လန္ဖူး၊ ရီနန္စတဲ့ စီမံကိန္းေတြက မဂၢါဝပ္ ၂၁၀၀၀နဲ႔ သံလြင္ျမစ္ေပၚမွာရွိတဲ့ စီမံကိန္းမ်ား ျဖစ္ၾကတဲ့ ကြမ္းလုံ၊ ေနာင္ဖ၊ မိုင္းတုံ၊ မန္း ေတာင္၊ ႐ြာသစ္၊ စက္ႀကီးစီမံကိန္းေတြက မဂၢါဝပ္ ၁၅၀၁၀ ထြက္ရွိမွာျဖစ္ပါတယ္။ တစ္ႏိုင္ငံလုံးမွာ ေရအားလွ်ပ္စစ္မဂၢါဝပ္ ၄၈၅၀၀ ထုတ္ လုပ္ႏိုင္ေၾကာင္း ေလ့လာေတြ႕ရွိရပါတယ္ ” လို႔လည္း ဦးေက်ာ္နီႏိုင္က ေျပာပါတယ္။

ဇူလိုင္ ၂၄ ရက္က ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ေက်းလက္ေဒသလွ်ပ္စစ္ဓါတ္အားရရွိမႈျမႇင့္တင္ေရး စီမံကိန္းအ ေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB)ထံကေန ေခ်းေငြ အေမရိကန္ေဒၚလာ ၁၇၁ ဒသမ ၂၇ သန္း ရယူဖို႔နဲ႔ပတ္ သက္ၿပီးလႊတ္ေတာ္အမတ္ ၁၁ ဦးက ပါဝင္ေဆြးေႏြးခဲ့ၾကတာပါ။

ဒီလိုေဆြးေႏြးရာမွာ ဦးေက်ာ္နီႏိုင္က “ ယခုေခ်းေငြနဲ႔ ဒီစီမံကိန္းေအာင္ျမင္ၿပီးဆုံးခ်ိန္မွာ လွ်ပ္စစ္ဓါတ္အားျဖည့္ဆည္းေပးႏိုင္ေရးနဲ႔ တိုင္း ျပည္၏ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အဓိကအေရးပါလွတဲ့ က်ေနာ္တို႔ ျပည္သူမ်ား၏ စိုးရိမ္ကန႔္ကြက္မႈေၾကာင့္ ၂၀၁၁ ႏွစ္ကုန္ပိုင္းမွာ ရပ္နားခဲ့ရတဲ့ မဂၢါဝပ္ ၆၀၀၀ ထြက္ရွိမယ့္ ျမစ္ဆုံစီမံကိန္းႀကီးကို အစိုးရအခ်င္းခ်င္းညႇိႏႈိင္းၿပီး ေရရွည္အက်ိဳးစီးပြားအတြက္ ေပါင္းစပ္ ေဆာင္႐ြက္သင့္ေၾကာင္း အႀကံျပဳတင္ျပလိုပါတယ္”လို႔ လႊတ္ေတာ္မွာ ေျပာပါတယ္။

REF: PANPYOELAT

UNICODE

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်စုံညီအစည်းအဝေးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ဦးကျော်နီ နိုင်အနေနဲ့မြစ်ဆုံစီမံကိန်းရဲ့ ကန်တမံအမြင့်ကို လျှော့ချပြီး မဂ္ဂါဝပ် ၆၀၀၀ အစား ၄၀၀၀ ကို လျှော့ချထုတ်လုပ်မှုကို ခွင့်ပြုပေးဖို့ လည်း ဆွေးနွေးလိုက်ကြောင်း သိရပါတယ်။“ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အစိုးရအချင်းချင်းညှိနှိုင်းပြီး ရေရှည်အတွက် ပေါင်းစပ်ဆောင်ရွက်ဖို့အတွက် ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ဦးကျော်နီနိုင်က အကြံပြုဆွေးနွေးလိုက်ပါတယ်။

မဂ္ဂါဝပ် ၆၀၀၀ အစား မဂ္ဂါဝပ် ၄၀၀၀ ဆောင်ရွက်ခွင့်ပြုမယ်ဆိုပါက ၎င်းနဲ့ဆပ်စပ်တဲ့ စီမံကိန်းများဖြစ်ကြတဲ့ လိုင်ဇာ၊ ချီဖွေ၊ ဝဆုတ်၊ ဖီဆာ၊ ခေါင်လန်ဖူး၊ ရီနန်စတဲ့ စီမံကိန်းတွေက မဂ္ဂါဝပ် ၂၁၀၀၀နဲ့ သံလွင်မြစ်ပေါ်မှာရှိတဲ့ စီမံကိန်းများ ဖြစ်ကြတဲ့ ကွမ်းလုံ၊ နောင်ဖ၊ မိုင်းတုံ၊ မန်း တောင်၊ ရွာသစ်၊ စက်ကြီးစီမံကိန်းတွေက မဂ္ဂါဝပ် ၁၅၀၁၀ ထွက်ရှိမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ရေအားလျှပ်စစ်မဂ္ဂါဝပ် ၄၈၅၀၀ ထုတ် လုပ်နိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ် ” လို့လည်း ဦးကျော်နီနိုင်က ပြောပါတယ်။

ဇူလိုင် ၂၄ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကျေးလက်ဒေသလျှပ်စစ်ဓါတ်အားရရှိမှုမြှင့်တင်ရေး စီမံကိန်းအ ကောင်အထည်ဖော်နိုင်ဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံကနေ ချေးငွေ အမေရိကန်ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်း ရယူဖို့နဲ့ပတ် သက်ပြီးလွှတ်တော်အမတ် ၁၁ ဦးက ပါဝင်ဆွေးနွေးခဲ့ကြတာပါ။

ဒီလိုဆွေးနွေးရာမှာ ဦးကျော်နီနိုင်က “ ယခုချေးငွေနဲ့ ဒီစီမံကိန်းအောင်မြင်ပြီးဆုံးချိန်မှာ လျှပ်စစ်ဓါတ်အားဖြည့်ဆည်းပေးနိုင်ရေးနဲ့ တိုင်း ပြည်၏ တည်ငြိမ်အေးချမ်းရေးအတွက် အဓိကအရေးပါလှတဲ့ ကျနော်တို့ ပြည်သူများ၏ စိုးရိမ်ကန့်ကွက်မှုကြောင့် ၂၀၁၁ နှစ်ကုန်ပိုင်းမှာ ရပ်နားခဲ့ရတဲ့ မဂ္ဂါဝပ် ၆၀၀၀ ထွက်ရှိမယ့် မြစ်ဆုံစီမံကိန်းကြီးကို အစိုးရအချင်းချင်းညှိနှိုင်းပြီး ရေရှည်အကျိုးစီးပွားအတွက် ပေါင်းစပ် ဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြလိုပါတယ်”လို့ လွှတ်တော်မှာ ပြောပါတယ်။

REF:  PANPYOELAT

Add a Comment

Your email address will not be published.