(၂၀၂၀)ေ႐ြးေကာက္ပြဲအတြက္ သမၼတ၊ အတိုင္ပင္ခံပုဂၢိဳလ္တို႔ ပါဝင္သည့္ ကိုယ္စားလွယ္ေလာင္း (၁၁၃၁) ဦး စာရင္းကို NLD ထုတ္ျပန္

၂၀၂၀ ေ႐ြး ေကာက္ပြဲမွာ အန္အယ္လ္ဒီ အေနနဲ႔ အမ်ိဳးသားလႊတ္ေတာ္မွာ ၁၆၂ ေနရာ၊ ျပည္သူ႔လႊတ္ေတာ္မွာ ၃၁၉ ေနရာ၊ တိုင္းေဒသႀကီး /ျပည္နယ္လႊတ္ေတာ္မွာ ၆၂၂ ေနရာနဲ႔ တိုင္းရင္းသားလူမ်ိဳးမဲဆႏၵနယ္ ၂၉ ေနရာ စုစုေပါင္း ၁၁၃၁ ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာပါ။ ဒါေပမဲ့ ရခိုင္ျပည္နယ္က ေနရာ ၇ ေနရာနဲ႔ ရွမ္းျပည္နယ္တို႔ရဲ႕ ေနရာတခ်ိဳ႕မွာ ေတာ့ ကိုယ္စားလွယ္ေလာင္းမရရွိတဲ့အတြက္ ဝင္ေရာက္ၿပိဳင္မွာ မဟုတ္ဘူးလို႔ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာပါ တယ္။

လႊတ္ေတာ္ သက္တမ္း (၅) ႏွစ္ အေတြ႕အႀကဳံ နဲ႔ လုပ္ေဆာင္ခ်က္ ေတြ အေပၚ အဓိက စိစစ္ေ႐ြးခ်ယ္ တာေၾကာင့္ လက္ ရွိ လႊတ္ေတာ္ ကိုယ္စားလွယ္ (၈၀)ရာခိုင္ႏႈန္း ကိုယ္စားလွယ္ ေလာင္း အျဖစ္ျပန္ ပါလာတာ လို႔ NLD ဗဟိုေအာင္ႏိုင္ေရး အဖြဲ႕ေျပာေရးဆိုခြင့္ ရွိသူ ေဒါက္တာ မ်ိဳးၫႊန႔္ က ေျပာပါ တယ္။ကိုယ္စားလွယ္ ေလာင္းအသစ္ ၂၀ ရာခိုင္ႏႈန္းကိုေ႐ြးခ်ယ္ရာမွာ NLD ရဲ႕မူဝါဒေတြကို အစဥ္ တစိုက္ေထာက္ခံခဲ့တဲ့ လူေဟာင္းေတြ ကို အဓိကထားေ႐ြးခ်ယ္ခဲ့ၿပီး ။

လူငယ္ေတြနဲ႔တိုင္းရင္းသားလူမ်ိဳးေတြကိုလည္း အဓိကေ႐ြး ခ်ယ္ထား သလို ကိုယ္စားလွယ္ေလာင္းအားလုံးမွာ အမ်ိဳးသမီးကိုယ္စားလွယ္ ၂၀ရာခိုင္းႏႈန္းပါဝင္တယ္လို႔လည္း သိရပါ တယ္။(၂၀၂၀) အေထြေထြ ေ႐ြးေကာက္ပြဲ မွာ ဝင္ေရာက္ ယွဥ္ၿပိဳင္ ၾကမယ့္ အမ်ိဳးသား ဒီမိုကေရ စီ အဖြဲ႕ခ်ဳပ္ ကိုယ္ စားျပဳ ကိုယ္စားလွယ္ ေလာင္းေပါင္း (၁၁၃၁) ဦးရဲ႕ စာရင္းကို NLD ပါတီ က ဒီကေန႔ ထုတ္ျပန္ ေၾကညာလိုက္ ပါတယ္။ သမၼတ ဦးဝင္းျမင့္ က တာေမြ ၿမိဳ႕နယ္ ၊ ေဒၚေအာင္ဆန္းစုၾကည္ က ေကာ့မႉးၿမိဳ႕နယ္ က ေန ေ႐ြးေကာက္ပြဲဝ င္ၿပိဳင္မွာျဖစ္ပါတယ္။

ဦးၿဖိဳးမင္းသိန္းကလြဲလို႔ လက္ရွိ ဝန္ႀကီးခ်ဳပ္ေတြအားလုံးနဲ႔ လက္ရွိ NLD လႊတ္ေတာ္အမတ္ေတြ ၈၀ ရာခိုင္ႏႈန္းေလာက္ ျပန္လည္ ဝင္ၿပိဳင္ ၾကမွာျဖစ္ပါ တယ္။လက္ရွိလႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ရဲ႕ လႊတ္ေတာ္ တြင္းေဆာင္႐ြက္ မႈေတြ၊ ေဒသခံ ပါတီအလုပ္ အမႈ ေဆာင္ေတြနဲ႔ ခ်ိတ္ဆက္ ေဆာင္႐ြက္မႈ၊ ေဒသခံ ျပည္သူေတြရဲ႕ ေက်နပ္လက္ခံမႈနဲ႔ တိုင္ၾကားခံရမႈ မရွိတဲ့အေပၚ စိစစ္ေ႐ြးခ်ယ္ခဲ့ တာလို႔ လည္း ဆိုပါတယ္ ။ျပန္လည္ ေ႐ြးခ်ယ္ မခံရတဲ့ကိုယ္စားလွယ္ကေတာ့ (၂၀) ရာခိုင္ႏႈန္းေလာက္ ရွိတယ္ လို႔ ေဒါက္တာ ေဇာ္ျမင့္ေမာင္ က ေျပာပါတယ္။

ေ႐ြးခ်ယ္မခံရသူေတြထဲမွာ က်န္းမာေရးမေကာင္းသူေတြနဲ႔ အေၾကာင္းအမ်ိဳး မ်ိဳးေၾကာင့္ ကိုယ္စားလွယ္ေလာင္းအျဖစ္ မိမိဆႏၵအေလ်ာက္ ကိုယ္တိုင္ေလွ်ာက္လႊာ မတင္သူေတြ လည္း ပါဝင္ပါတယ္။အမတ္ တခ်ိဳ႕ကေတာ့ လႊတ္ေတာ္ တြင္းေဆာင္႐ြက္မႈ အားနည္းတာ၊ တိုင္ၾကား မႈေတြရွိတာ၊ လူမႈေရးစံႏႈန္းေတြအရ အျပစ္တင္ စရာရွိတာနဲ႔ ေဒသခံေတြ၊ ေဒသခံအလုပ္အမႈေဆာင္ေတြနဲ႔ ခ်ိတ္ဆက္ေဆာင္႐ြက္မႈ အား နည္းတာေၾကာင့္ မေ႐ြးခ်ယ္ ေတာ့တာလို႔ ဦးမ်ိဳးၫႊန႔္က ေျပာပါတယ္။

NLDပါတီ အေနနဲ႔ လက္ရွိကိုယ္စားလွယ္ေလာင္း ၈၀ ရာခိုင္ႏႈန္းေလာက္ကို ကိုယ္စားလွယ္ေလာင္းအျဖစ္ ျပန္ လည္ေ႐ြးခ်ယ္လိုက္တဲ့ အ ေပၚ ကိုယ္စားလွယ္ေတြကို သုံးသပ္အကဲခတ္ျဖတ္တဲ့ေနရာမွာ ႀကီးမားတဲ့ မွားယြင္း လြဲေခ်ာ္မႈျဖစ္ခဲ့တယ္လို႔ ႏိုင္ငံေရး ေလ့လာသုံး သပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက ေျပာပါတယ္။လက္ရွိ ကိုယ္စားလွယ္ေတြဟာ ျပည္သူလူထုအသံကိုနားေထာင္ဖို႔နဲ႔ ျပည္သူနဲ႔ေတြ႕ဆုံညႇိႏႈိင္းမႈ လုပ္ဖို႔ ပ်က္ကြက္ ခဲ့တာေၾကာင့္ အန္အယ္လ္ဒီအေနနဲ႔ ျပည္နယ္ေတြမွာ မဲဆႏၵနယ္အမ်ားစုကို လက္လႊတ္ဆုံးရႈံးႏိုင္သလို။

တိုင္း ေဒသႀကီးေတြမွာလည္း အရႈံးရွိလာႏိုင္တယ္လို႔ ေဒါက္တာရန္မ်ိဳသိမ္းက သုံးသပ္ပါတယ္။တိုင္းနဲ႔ျပည္ နယ္ဝန္ႀကီးခ်ဳပ္ေတြထဲမွာ ရန္ ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းတစ္ဦးသာ က်န္းမာေရး အေျခအေနေၾကာင့္ ကိုယ္စားလွယ္မေလွ်ာက္ထားေပမယ့္ က်န္တဲ့ တိုင္းနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြ ကိုယ္စားလွယ္ အျဖစ္ေလွ်ာက္ထားခဲ့ၿပီး ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့ပါက ဝန္ႀကီးခ်ဳပ္ေနရာ ျပန္ေပးမယ္ မေပး ဘူးဆိုတာကို ေနာက္ တဆင့္စဥ္းစားရမယ္လို႔ ေဒါက္တာမ်ိဳးၫႊန႔္က ေျပာပါတယ္။

ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ၂၀၁၂ ၾကားျဖတ္ေ႐ြးေကာက္ပြဲနဲ႔ ၂၀၁၅ အေထြေထြ ေ႐ြးေကာက္ ပြဲေတြ တုန္းကလည္း ေကာ့မႉးၿမိဳ႕နယ္ကသာ ဝင္ၿပိဳင္ခဲ့သလို အခု ၂၀၂၀ ေ႐ြးေကာက္ပြဲမွာလည္း ေကာ့မႉးၿမိဳ႕နယ္ ကိုသာ ေ႐ြးခ်ယ္ခဲ့တာပါ။ သမၼတ ဦးဝင္းျမင့္ကလည္း တာေမြၿမိဳ႕နယ္ကေန ထပ္မံဝင္ၿပိဳင္မွာ ျဖစ္ၿပီး ဒုသမၼတ ဦးဟင္နရီဗန္ထီးယူက ခ်င္းျပည္နယ္ အမ်ိဳးသား လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၁၀) ကေန ဝင္ၿပိဳင္မွာျဖစ္ပါတယ္။

မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က အမရပူရ မဲဆႏၵနယ္၊ မေကြးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ က ပြင့္ျဖဴ မဲဆႏၵနယ္ အမွတ္ (၁)၊ စစ္ကိုင္းတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာျမင့္ႏိုင္က ေ႐ႊဘို မဲဆႏၵနယ္ (၂)၊ အန္အယ္လ္ ဒီ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕ ဝင္ ဦးေအာင္ၾကည္ၫႊန႔္က မေကြးတိုင္း အမ်ိဳးသား လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၆) ကေန ဝင္ၿပိဳင္မွာျဖစ္ပါတယ္။ခ်င္းျပည္နယ္ ဝန္ ႀကီးခ်ဳပ္ ဦးဆလိုင္းလ်န္လြယ္ က ဖလမ္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂)၊

ကရင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒၚနန္းခင္ေထြးျမင့္ ကေတာ့ ဘားအံ မဲဆႏၵနယ္ အမွတ္ (၁) ကေန ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး လက္ရွိအ မ်ိဳးသား လႊတ္ေတာ္ ဥကၠ႒ ဦးမန္းဝင္းခိုင္သန္းက လည္း အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၁၁) ကေန ကိုယ္စားလွယ္ေလာင္း အျဖစ္ ျပန္လည္ေ႐ြးေကာက္ ခံ မွာ ျဖစ္ပါတယ္ ။ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပုကေတာ့ ဂြၿမိဳ႕နယ္ မဲဆန ၵနယ္ အမွတ္ (၂)၊ မြန္ျပည္ နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအးဇံ က က်ိဳက္ထိုၿမိဳ႕နယ္ မဲဆႏၵန ယ္ အမွတ္ (၂) ၊

ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က လားရႈိးၿမိဳ႕ နယ္ မဲဆႏၵနယ္ အမွတ္ (၁) နဲ႔ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ ေဖါင္းရႈိ က မယ္စဲ့ၿမိဳ႕နယ္ မဲဆန ၵနယ္ အမွတ္ (၂)ကေန ျပည္နယ္ လႊတ္ေတာ္ အသီးသီးအတြက္ ဝင္ၿပိဳင္ၾကမွာျဖစ္ပါတယ္။

crd: dvb news

UNICODE

၂၀၂၀ ရွေး ကောက်ပွဲမှာ အန်အယ်လ်ဒီ အနေနဲ့ အမျိုးသားလွှတ်တော်မှာ ၁၆၂ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၃၁၉ နေရာ၊ တိုင်းဒေသကြီး /ပြည်နယ်လွှတ်တော်မှာ ၆၂၂ နေရာနဲ့ တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နေရာ စုစုပေါင်း ၁၁၃၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဒါပေမဲ့ ရခိုင်ပြည်နယ်က နေရာ ၇ နေရာနဲ့ ရှမ်းပြည်နယ်တို့ရဲ့ နေရာတချို့မှာ တော့ ကိုယ်စားလှယ်လောင်းမရရှိတဲ့အတွက် ဝင်ရောက်ပြိုင်မှာ မဟုတ်ဘူးလို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါ တယ်။

လွှတ်တော် သက်တမ်း (၅) နှစ် အတွေ့အကြုံ နဲ့ လုပ်ဆောင်ချက် တွေ အပေါ် အဓိက စိစစ်ရွေးချယ် တာကြောင့် လက် ရှိ လွှတ်တော် ကိုယ်စားလှယ် (၈၀)ရာခိုင်နှုန်း ကိုယ်စားလှယ် လောင်း အဖြစ်ပြန် ပါလာတာ လို့ NLD ဗဟိုအောင်နိုင်ရေး အဖွဲ့ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွှန့် က ပြောပါ တယ်။ကိုယ်စားလှယ် လောင်းအသစ် ၂၀ ရာခိုင်နှုန်းကိုရွေးချယ်ရာမှာ NLD ရဲ့မူဝါဒတွေကို အစဉ် တစိုက်ထောက်ခံခဲ့တဲ့ လူဟောင်းတွေ ကို အဓိကထားရွေးချယ်ခဲ့ပြီး ။

လူငယ်တွေနဲ့တိုင်းရင်းသားလူမျိုးတွေကိုလည်း အဓိကရွေး ချယ်ထား သလို ကိုယ်စားလှယ်လောင်းအားလုံးမှာ အမျိုးသမီးကိုယ်စားလှယ် ၂၀ရာခိုင်းနှုန်းပါဝင်တယ်လို့လည်း သိရပါ တယ်။(၂၀၂၀) အထွေထွေ ရွေးကောက်ပွဲ မှာ ဝင်ရောက် ယှဉ်ပြိုင် ကြမယ့် အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ် ကိုယ် စားပြု ကိုယ်စားလှယ် လောင်းပေါင်း (၁၁၃၁) ဦးရဲ့ စာရင်းကို NLD ပါတီ က ဒီကနေ့ ထုတ်ပြန် ကြေညာလိုက် ပါတယ်။ သမ္မတ ဦးဝင်းမြင့် က တာမွေ မြို့နယ် ၊ ဒေါ်အောင်ဆန်းစုကြည် က ကော့မှူးမြို့နယ် က နေ ရွေးကောက်ပွဲဝ င်ပြိုင်မှာဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းကလွဲလို့ လက်ရှိ ဝန်ကြီးချုပ်တွေအားလုံးနဲ့ လက်ရှိ NLD လွှတ်တော်အမတ်တွေ ၈၀ ရာခိုင်နှုန်းလောက် ပြန်လည် ဝင်ပြိုင် ကြမှာဖြစ်ပါ တယ်။လက်ရှိလွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ လွှတ်တော် တွင်းဆောင်ရွက် မှုတွေ၊ ဒေသခံ ပါတီအလုပ် အမှု ဆောင်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်မှု၊ ဒေသခံ ပြည်သူတွေရဲ့ ကျေနပ်လက်ခံမှုနဲ့ တိုင်ကြားခံရမှု မရှိတဲ့အပေါ် စိစစ်ရွေးချယ်ခဲ့ တာလို့ လည်း ဆိုပါတယ် ။ပြန်လည် ရွေးချယ် မခံရတဲ့ကိုယ်စားလှယ်ကတော့ (၂၀) ရာခိုင်နှုန်းလောက် ရှိတယ် လို့ ဒေါက်တာ ဇော်မြင့်မောင် က ပြောပါတယ်။

ရွေးချယ်မခံရသူတွေထဲမှာ ကျန်းမာရေးမကောင်းသူတွေနဲ့ အကြောင်းအမျိုး မျိုးကြောင့် ကိုယ်စားလှယ်လောင်းအဖြစ် မိမိဆန္ဒအလျောက် ကိုယ်တိုင်လျှောက်လွှာ မတင်သူတွေ လည်း ပါဝင်ပါတယ်။အမတ် တချို့ကတော့ လွှတ်တော် တွင်းဆောင်ရွက်မှု အားနည်းတာ၊ တိုင်ကြား မှုတွေရှိတာ၊ လူမှုရေးစံနှုန်းတွေအရ အပြစ်တင် စရာရှိတာနဲ့ ဒေသခံတွေ၊ ဒေသခံအလုပ်အမှုဆောင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှု အား နည်းတာကြောင့် မရွေးချယ် တော့တာလို့ ဦးမျိုးညွှန့်က ပြောပါတယ်။

NLDပါတီ အနေနဲ့ လက်ရှိကိုယ်စားလှယ်လောင်း ၈၀ ရာခိုင်နှုန်းလောက်ကို ကိုယ်စားလှယ်လောင်းအဖြစ် ပြန် လည်ရွေးချယ်လိုက်တဲ့ အ ပေါ် ကိုယ်စားလှယ်တွေကို သုံးသပ်အကဲခတ်ဖြတ်တဲ့နေရာမှာ ကြီးမားတဲ့ မှားယွင်း လွဲချော်မှုဖြစ်ခဲ့တယ်လို့ နိုင်ငံရေး လေ့လာသုံး သပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။လက်ရှိ ကိုယ်စားလှယ်တွေဟာ ပြည်သူလူထုအသံကိုနားထောင်ဖို့နဲ့ ပြည်သူနဲ့တွေ့ဆုံညှိနှိုင်းမှု လုပ်ဖို့ ပျက်ကွက် ခဲ့တာကြောင့် အန်အယ်လ်ဒီအနေနဲ့ ပြည်နယ်တွေမှာ မဲဆန္ဒနယ်အများစုကို လက်လွှတ်ဆုံးရှုံးနိုင်သလို။

တိုင်း ဒေသကြီးတွေမှာလည်း အရှုံးရှိလာနိုင်တယ်လို့ ဒေါက်တာရန်မျိုသိမ်းက သုံးသပ်ပါတယ်။တိုင်းနဲ့ပြည် နယ်ဝန်ကြီးချုပ်တွေထဲမှာ ရန် ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတစ်ဦးသာ ကျန်းမာရေး အခြေအနေကြောင့် ကိုယ်စားလှယ်မလျှောက်ထားပေမယ့် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ကိုယ်စားလှယ် အဖြစ်လျှောက်ထားခဲ့ပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါက ဝန်ကြီးချုပ်နေရာ ပြန်ပေးမယ် မပေး ဘူးဆိုတာကို နောက် တဆင့်စဉ်းစားရမယ်လို့ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက် ပွဲတွေ တုန်းကလည်း ကော့မှူးမြို့နယ်ကသာ ဝင်ပြိုင်ခဲ့သလို အခု ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကော့မှူးမြို့နယ် ကိုသာ ရွေးချယ်ခဲ့တာပါ။ သမ္မတ ဦးဝင်းမြင့်ကလည်း တာမွေမြို့နယ်ကနေ ထပ်မံဝင်ပြိုင်မှာ ဖြစ်ပြီး ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ချင်းပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀) ကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမရပူရ မဲဆန္ဒနယ်၊ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပွင့်ဖြူ မဲဆန္ဒနယ် အမှတ် (၁)၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ရွှေဘို မဲဆန္ဒနယ် (၂)၊ အန်အယ်လ် ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဝင် ဦးအောင်ကြည်ညွှန့်က မကွေးတိုင်း အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) ကနေ ဝင်ပြိုင်မှာဖြစ်ပါတယ်။ချင်းပြည်နယ် ဝန် ကြီးချုပ် ဦးဆလိုင်းလျန်လွယ် က ဖလမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)၊

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကတော့ ဘားအံ မဲဆန္ဒနယ် အမှတ် (၁) ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး လက်ရှိအ မျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းက လည်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၁) ကနေ ကိုယ်စားလှယ်လောင်း အဖြစ် ပြန်လည်ရွေးကောက် ခံ မှာ ဖြစ်ပါတယ် ။ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကတော့ ဂွမြို့နယ် မဲဆန ္ဒနယ် အမှတ် (၂)၊ မွန်ပြည် နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က ကျိုက်ထိုမြို့နယ် မဲဆန္ဒန ယ် အမှတ် (၂) ၊

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က လားရှိုးမြို့ နယ် မဲဆန္ဒနယ် အမှတ် (၁) နဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ် ဖေါင်းရှို က မယ်စဲ့မြို့နယ် မဲဆန ္ဒနယ် အမှတ် (၂)ကနေ ပြည်နယ် လွှတ်တော် အသီးသီးအတွက် ဝင်ပြိုင်ကြမှာဖြစ်ပါတယ်။

crd:  dvb news

Add a Comment

Your email address will not be published. Required fields are marked *