တကၠသိုလ္ ေက်ာင္းသူအားသတ္ၿပီး ဆိုင္ကယ္ေရာင္း၍ အေလာင္းေဖ်ာက္ဖ်က္သူ တပ္ေျပး(၁)ဦးကို အလုပ္ႏွင့္ေထာင္ဒဏ္ ႏွစ္(၃၀)ခ်မွတ္

တကၠသိုလ္ေက်ာင္းသူအား သတ္ျဖတ္ၿပီး ဆိုင္ကယ္ေရာင္း၍ အေလာင္းေဖ်ာက္ဖ်က္သူ ဈာန္မင္းထက္ သည္ ခလရ (၃၆၄) မွ ထြက္ေျပး ေနသည့္ တပ္ေျပးတစ္ဦးျဖစ္သ ျဖင့္ တပ္မေတာ္မွ ကနဦးစစ္ေဆး ခဲ့ၿပီးေနာက္ ေအာက္တိုဘာ ၅ ရက္တြင္ ကေလးၿမိဳ႕မ ရဲစခန္းသို႔ လႊဲ ေျပာင္းၿပီး လူသတ္မႈပုဒ္မ၃၀၂၊ အေလာင္းေဖ်ာက္မႈ ပုဒ္မ ၂၀၁ တို႔ျဖင့္ အမႈဖြင့္ခဲ့သည္။အမႈကို ကေလးခ႐ိုင္တရား ႐ုံးက ၂၀၂၀ ဇန္နဝါရီ ၁၆ရက္ တြင္ စတင္စစ္ေဆးခဲ့ၿပီး (၇)လ ေက်ာ္အၾကာတြင္ အမိန႔္ခ်မွတ္ခဲ့ ျခင္းလည္းျဖစ္သည္။

ကေလးတကၠသိုလ္ ေက်ာင္းသူအား သတ္ျဖတ္မႈႏွင့္ အေလာင္းေဖ်ာက္ဖ်က္မႈအတြက္ တရားခံဈာန္မင္းထက္ကို ကေလး ခ႐ိုင္တရား႐ုံးက အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ႏွစ္ (၃၀) ခ်မွတ္ခဲ့ သည္။ထိုက္သင့္တဲ့ ျပစ္ဒဏ္အ တြက္ေက်နပ္တယ္’’ဟု အသတ္ ခံရသည့္ မေအးခ်မ္းမြန္ ၏ မိခင္ ေဒၚႏုႏုယဥ္က ေျပာသည္။ ဇူလိုင္ ၂၄ရက္ကအမိန႔္ခ်မွတ္သည့္ ႐ုံးခ်ိန္းကိုခပ္ေစာေစာ ေဆာင္႐ြက္ခဲ့ၿပီး ရဲတပ္ဖြဲ႕ အင္ အားအမ်ား အျပားျဖင့္ လုံၿခဳံေရး ရယူေဆာင္႐ြက္ခဲ့ေၾကာင္း‌ေဒၚႏုႏု ယဥ္က ဆိုသည္။

တစ္ၿမိဳ႕နယ္လုံးက ေစာင့္ ၾကည့္ေနတာျဖစ္သလို အျခားကူ ညီသူေတြလည္းလာၿပီး လူစုလူ ေဝးမျဖစ္ေစဖို႔လို႔သိရတယ္’’ ဟု ေဒၚႏုႏုယဥ္ က ရွင္းျပသည္။အဆိုပါ အမႈ ျဖစ္စဥ္အရ ၂၀၁၉ စက္တင္ဘာ ၂၅ ရက္တြင္ အသက္ (၁၈) ႏွစ္အ႐ြယ္ မေအး ခ်မ္းမြန္သည္ တကၠသိုလ္ စာ ေမးပြဲ ေနာက္ဆုံး ဘာသာေျဖဆိုစဥ္ ရည္းစားေဟာင္းျဖစ္သူ ဈာန္မင္း ထက္က ဆက္သြယ္သျဖင့္ ကေလးၿမိဳ႕ရွိ က်ီကုန္းေက်း႐ြာ ေရဆန္ ကြၽန္းဘုရားအနီးသို႔ သြား ေရာက္ခဲ့သည္။

ထို႔ေနာက္ ဈာန္မင္းထက္သည္ မူးယစ္ေဆးဝါးသုံးစြဲေန ၍ ေငြလိုၿပီးမေအးခ်မ္းမြန္ စီးေန သည့္ ဆိုင္ကယ္ကိုရယူရန္လည္ ပင္းညႇစ္ သတ္ ကာ အေလာင္း အား ခ်ဳံပုတ္အတြင္း ကနဦးဝွက္ ခဲ့ေၾကာင္း ယင္းေန႔ညတြင္ပင္ အ ေလာင္းအား ျမစ္သာျမစ္ အတြင္း ေမွ်ာခ်ေဖ်ာက္ဖ်က္ ခဲ့ၿပီး ဆိုင္ ကယ္ကိုအြန္လိုင္းမွတစ္ဆင့္ ေငြ က်ပ္ ၁၀ သိန္းျဖင့္ ေရာင္းခ်ခဲ့ သည္။ရဲတပ္ဖြဲ႕၏ အဆိုအရဈာန္ မင္းထက္အား ေအာက္တိုဘာ ၂ ရက္တြင္ မႏၲေလးၿမိဳ႕ တည္းခိုခန္းတစ္ခု၌ ေတြ႕ရွိ၍ စစ္ေဆးခဲ့ၿပီး ၎ကလူ သတ္မႈက်ဴးလြန္ခဲ့ေၾကာင္း ဝန္ခံခဲ့ သည္။

REF: 7DAY DAILY

UNICODE

တက္ကသိုလ်ကျောင်းသူအား သတ်ဖြတ်ပြီး ဆိုင်ကယ်ရောင်း၍ အလောင်းဖျောက်ဖျက်သူ ဈာန်မင်းထက် သည် ခလရ (၃၆၄) မှ ထွက်ပြေး နေသည့် တပ်ပြေးတစ်ဦးဖြစ်သ ဖြင့် တပ်မတော်မှ ကနဦးစစ်ဆေး ခဲ့ပြီးနောက် အောက်တိုဘာ ၅ ရက်တွင် ကလေးမြို့မ ရဲစခန်းသို့ လွှဲ ပြောင်းပြီး လူသတ်မှုပုဒ်မ၃၀၂၊ အလောင်းဖျောက်မှု ပုဒ်မ ၂၀၁ တို့ဖြင့် အမှုဖွင့်ခဲ့သည်။အမှုကို ကလေးခရိုင်တရား ရုံးက ၂၀၂၀ ဇန်နဝါရီ ၁၆ရက် တွင် စတင်စစ်ဆေးခဲ့ပြီး (၇)လ ကျော်အကြာတွင် အမိန့်ချမှတ်ခဲ့ ခြင်းလည်းဖြစ်သည်။

ကလေးတက္ကသိုလ် ကျောင်းသူအား သတ်ဖြတ်မှုနှင့် အလောင်းဖျောက်ဖျက်မှုအတွက် တရားခံဈာန်မင်းထက်ကို ကလေး ခရိုင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် (၃၀) ချမှတ်ခဲ့ သည်။ထိုက်သင့်တဲ့ ပြစ်ဒဏ်အ တွက်ကျေနပ်တယ်’’ဟု အသတ် ခံရသည့် မအေးချမ်းမွန် ၏ မိခင် ဒေါ်နုနုယဉ်က ပြောသည်။ ဇူလိုင် ၂၄ရက်ကအမိန့်ချမှတ်သည့် ရုံးချိန်းကိုခပ်စောစော ဆောင်ရွက်ခဲ့ပြီး ရဲတပ်ဖွဲ့ အင် အားအများ အပြားဖြင့် လုံခြုံရေး ရယူဆောင်ရွက်ခဲ့ကြောင်း‌ဒေါ်နုနု ယဉ်က ဆိုသည်။

တစ်မြို့နယ်လုံးက စောင့် ကြည့်နေတာဖြစ်သလို အခြားကူ ညီသူတွေလည်းလာပြီး လူစုလူ ဝေးမဖြစ်စေဖို့လို့သိရတယ်’’ ဟု ဒေါ်နုနုယဉ် က ရှင်းပြသည်။အဆိုပါ အမှု ဖြစ်စဉ်အရ ၂၀၁၉ စက်တင်ဘာ ၂၅ ရက်တွင် အသက် (၁၈) နှစ်အရွယ် မအေး ချမ်းမွန်သည် တက္ကသိုလ် စာ မေးပွဲ နောက်ဆုံး ဘာသာဖြေဆိုစဉ် ရည်းစားဟောင်းဖြစ်သူ ဈာန်မင်း ထက်က ဆက်သွယ်သဖြင့် ကလေးမြို့ရှိ ကျီကုန်းကျေးရွာ ရေဆန် ကျွန်းဘုရားအနီးသို့ သွား ရောက်ခဲ့သည်။

ထို့နောက် ဈာန်မင်းထက်သည် မူးယစ်ဆေးဝါးသုံးစွဲနေ ၍ ငွေလိုပြီးမအေးချမ်းမွန် စီးနေ သည့် ဆိုင်ကယ်ကိုရယူရန်လည် ပင်းညှစ် သတ် ကာ အလောင်း အား ချုံပုတ်အတွင်း ကနဦးဝှက် ခဲ့ကြောင်း ယင်းနေ့ညတွင်ပင် အ လောင်းအား မြစ်သာမြစ် အတွင်း မျှောချဖျောက်ဖျက် ခဲ့ပြီး ဆိုင် ကယ်ကိုအွန်လိုင်းမှတစ်ဆင့် ငွေ ကျပ် ၁၀ သိန်းဖြင့် ရောင်းချခဲ့ သည်။ရဲတပ်ဖွဲ့၏ အဆိုအရဈာန် မင်းထက်အား အောက်တိုဘာ ၂ ရက်တွင် မန္တလေးမြို့ တည်းခိုခန်းတစ်ခု၌ တွေ့ရှိ၍ စစ်ဆေးခဲ့ပြီး ၎င်းကလူ သတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ သည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *