ပစ္စည်းများလုယက် မခံရပဲ ကားမောင်းလာသည့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု နမ့်စန်မြို့အနီးတွင် ဖြစ်ပွား





REF: 7DAY DAILY

UNICODE

ပါလာတဲ့ ပစ္စည်းတွေတော့ မယူသွား ဘူး၊ ဘယ်လိုကြောင့် သတ်ခံရ သလဲတော့ ကျွန်တော်တို့လည်း မသိပါဘူး။ အခုနမ့်စန်မြို့မှာ ညပိုင်း တစ်ဦးတည်း၊ တစ်ယောက် တည်း ခရီးသွားရမှာကို အတော် စိုးရိမ်နေကြတယ်’’ဟု နမ့်စန်မြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်ကပြော သည်။၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး နမ့်စန်မြို့မရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာဖြေ ကြားခြင်းမရှိကြောင်း သိရသည်။

ထပ်မံ၍ အဆိုဖြစ်စဉ်နှင့်အ ပေါ် နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်အား ဇူလိုင် ၂၄ ရက်က ဆက်သွယ်မေးမြန်းရာ အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည်ကို ဟုတ်မှန်ကြောင်းသာပြောပြီး အ သေးစိတ်ဖြေကြားခြင်းမရှိပေ။ယခင်ကလည်း နမ့်စန်မြို့ နယ်အတွင်း ဆိုင်ကယ်စီး၍့ သေ နတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုနှစ် ကြိမ်ခန့်ဖြစ်ပွားထားဖူးပြီး တရား ခံအား ဖမ်းဆီးရမိခြင်းမရှိဟု လည်း နမ့်စန်မြို့ဒေသခံတစ်ဦး က ဆိုသည်။

ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့အနီးကုန်း ဘုတ်ကျေးရွာလမ်းခွဲရှိ ပြည် ထောင်စုလမ်းမပေါ်တွင် ကား မောင်းလာသည့် အမျိုးသမီး တစ် ဦး ဇူလိုင် ၂၃ရက်ညကသေနတ် ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ် ပွားခဲ့သည်။သေဆုံးသူသည် အသက် (၃၀) နှစ်အရွယ်ခန့်အမျိုးသမီး တစ်ဦးဖြစ်ပြီး ည ၈နာရီခွဲ ဝန်း ကျင်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ ပြီး ယာဉ်ပေါ်တွင်သေဆုံးနေ သည်ကိုတွေ့ရကြောင်း နမ့်စန် မြို့ မေတ္တာ ရှင်နာမှုကူညီရေးအ သင်းမှ အမည်မဖော်လိုသူတစ်ဦး ကပြောသည်။

ကျွန်တော်တို့ အလောင်း သွားကောက်တာ ည ၉ နာရီဆို တော့ အဲဒီမတိုင်ခင်ကဖြစ်ပွား ထားတယ်ထင်တယ်။ သေနတ် ကျည်ဆန်က နား ထင်ကနေနောက် စေ့ကိုဖောက်ပြီး ကားမှန်မှာစိုက် နေတာတွေ့ခဲ့တယ်’’ဟု နမ့်စန် မြို့မေတ္တာရှင် နာမှုကူညီရေးအ သင်းမှ အမည်မဖော် လိုသူတစ်ဦး ကပြောသည်။ သေဆုံးသူတွင်ငွေသားကျပ် ၁၁ သိန်းကျော်၊ စိန်လက်စွပ်၊ ရွှေဆွဲကြိုးတစ်ကုံးနှင့် ဟန်းချိန်း စုစုပေါင်းကာလ တန်ကြေး ကျပ်သိန်းတစ်ရာဖိုးခန့်ဝတ်ဆင်ပါရှိသည်ဟု ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

REF:   7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *