ပိုက္ဆံ အမ်ားႀကီးဝင္မဲ့ အထူးအခြင့္ေရးႀကီး ကို ကိုဗစ္ေက်းဇူး ေၾကာင့္ ရသြားတဲ့ ခိုင္သင္းၾကည္

ျမန္မာ ျပည္သူျပည္သားမ်ားလည္းက်န္းမာခ်မ္းသာၾကပါေစ….ကမာၻႀကီးလည္း Covid လုံးဝကင္းစင္ပါေစ” ဆိုၿပီးေတာ့လည္း မခိုင္ေလး ေခၚ သ႐ုပ္ေဆာင္ခိုင္သင္းၾကည္က သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ ဆုေတာင္းစကားဆိုခဲ့ပါတယ္ ပရိသတ္ႀကီးေရ… ဒိန္းမတ္ႏိုင္ငံရဲ႕ ျမန္မာႏိုင္ငံသားေတြအတြက္အလႉမွာ ပူးေပါင္းပါဝင္ခြင့္ရတဲ့အတြက္ ဝမ္းသာပါတယ္ မခိုင္ေလးေရ။

မပြတ္ကြၽတ္ ေခၚ မခိုင္ေလးကေတာ့ ဒီေန႔မွာ ျမန္မာႏိုင္ငံသားေတြအတြက္ သတင္းေကာင္းေလးတစ္ခုကို မွ်ေဝခဲ့ ပါတယ္။ကမာၻ တစ္ဝွမ္း လုံး မွာ ျဖစ္ပြားေနတဲ့ ကိုဗစ္ကပ္ေရာဂါကို ကာကြယ္ဖို႔အတြက္ႏွာေခါင္းစည္း တပ္ျခင္းက အဓိကအေရးပါတဲ့ အ ခန္းက႑က ပါဝင္ေနၿပီး ဒီေန႔မွာေတာ့ ဒိန္းမတ္ႏိုင္ငံက ျမန္မာႏိုင္ငံ အတြက္ အဝတ္ႏွာေခါင္း စည္းအခုေရ (၁၃)သိန္းလႉဒါန္းသြားမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ဒီေန႔မွာလည္း ျမန္မာႏိုင္ငံ မွာရွိတဲ့ ဒိန္းမတ္သံ႐ုံးကေနၿပီးေတာ့ YCDC သို႔ သိန္း(၃၀၀)တန္ဖိုးရွိတဲ့ အဝတ္ႏွာေခါင္းစည္း အခုေရ (၅၀၀၀၀) ကို ၿမိဳ႕ေတာ္ခန္းမမွာလာေရာက္ လႉဒါန္းခဲ့ၿပီး ေနာက္ထပ္ ဆက္လႉဒါန္းေပးသြားမယ့္ သိန္း(၈၀၀၀) တန္ဖိုးရွိ ႏွာေခါင္း စည္း အခုေရ (၁၃)သိန္းကို မခိုင္ေလးရဲ႕ စက္႐ုံျဖစ္တဲ့ Golden KTK Garment အပါအဝင္ အထည္ခ်ဳပ္စက္႐ုံ (၉)႐ုံက ပူးေပါင္းသြားမွာပါ။

ပရိသတ္ႀကီးေရ..မခိုင္ေလးကေတာ့ ဒိန္းမတ္ႏိုင္ငံရဲ႕ ျမန္မာႏိုင္ငံသားေတြအတြက္ အလႉေလးမွာ ပူးေပါင္းပါဝင္ခြင့္ရခဲ့တဲ့အေပၚမွာ ေက်း ဇူး တင္စကားဆိုခဲ့တဲ့အျပင္ ” ဒိန္းမတ္ ျပည္သူျပည္သားေတြက်န္းမာခ်မ္းသာၾကပါေစ….လို႔ ဆုေတာင္းေပးလိုက္ပါတယ္။

credit- cele gabar

UNICODE

မြန်မာ ပြည်သူပြည်သားများလည်းကျန်းမာချမ်းသာကြပါစေ….ကမ္ဘာကြီးလည်း Covid လုံးဝကင်းစင်ပါစေ” ဆိုပြီးတော့လည်း မခိုင်လေး ခေါ် သရုပ်ဆောင်ခိုင်သင်းကြည်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဆုတောင်းစကားဆိုခဲ့ပါတယ် ပရိသတ်ကြီးရေ… ဒိန်းမတ်နိုင်ငံရဲ့ မြန်မာနိုင်ငံသားတွေအတွက်အလှူမှာ ပူးပေါင်းပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် မခိုင်လေးရေ။

မပွတ်ကျွတ် ခေါ် မခိုင်လေးကတော့ ဒီနေ့မှာ မြန်မာနိုင်ငံသားတွေအတွက် သတင်းကောင်းလေးတစ်ခုကို မျှဝေခဲ့ ပါတယ်။ကမ္ဘာ တစ်ဝှမ်း လုံး မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါကို ကာကွယ်ဖို့အတွက်နှာခေါင်းစည်း တပ်ခြင်းက အဓိကအရေးပါတဲ့ အ ခန်းကဏ္ဍက ပါဝင်နေပြီး ဒီနေ့မှာတော့ ဒိန်းမတ်နိုင်ငံက မြန်မာနိုင်ငံ အတွက် အဝတ်နှာခေါင်း စည်းအခုရေ (၁၃)သိန်းလှူဒါန်းသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့မှာလည်း မြန်မာနိုင်ငံ မှာရှိတဲ့ ဒိန်းမတ်သံရုံးကနေပြီးတော့ YCDC သို့ သိန်း(၃၀၀)တန်ဖိုးရှိတဲ့ အဝတ်နှာခေါင်းစည်း အခုရေ (၅၀၀၀၀) ကို မြို့တော်ခန်းမမှာလာရောက် လှူဒါန်းခဲ့ပြီး နောက်ထပ် ဆက်လှူဒါန်းပေးသွားမယ့် သိန်း(၈၀၀၀) တန်ဖိုးရှိ နှာခေါင်း စည်း အခုရေ (၁၃)သိန်းကို မခိုင်လေးရဲ့ စက်ရုံဖြစ်တဲ့ Golden KTK Garment အပါအဝင် အထည်ချုပ်စက်ရုံ (၉)ရုံက ပူးပေါင်းသွားမှာပါ။

ပရိသတ်ကြီးရေ..မခိုင်လေးကတော့ ဒိန်းမတ်နိုင်ငံရဲ့ မြန်မာနိုင်ငံသားတွေအတွက် အလှူလေးမှာ ပူးပေါင်းပါဝင်ခွင့်ရခဲ့တဲ့အပေါ်မှာ ကျေး ဇူး တင်စကားဆိုခဲ့တဲ့အပြင် ” ဒိန်းမတ် ပြည်သူပြည်သားတွေကျန်းမာချမ်းသာကြပါစေ….လို့ ဆုတောင်းပေးလိုက်ပါတယ်။

credit- cele gabar

Add a Comment

Your email address will not be published. Required fields are marked *