ဝတ်စုံ အလန်းလေး နဲ့ ပုရိတွေ ရင်ခုန်နေတဲ့ ဘေဘီမောင်ရဲ့ အမိုက်စားပုံစံ







UNICODE

မကြာသေးမီ က စတင်လုပ်ကိုင် ခဲ့တာ ဖြစ်တဲ့ လုပ်ငန်းငယ်လေးက ထင်မှတ်မထားလောက်အောင် အောင်မြင်မှုတွေ ရရှိခဲ့တာဖြစ်လို့ ဘေဘီမောင်တစ်ယောက် အပျော်ကြီး ပျော်နေခဲ့တာပါ။ ယနေ့ မှာတော့ ဘေဘီမောင်က သူမရဲ့ Online shopလုပ်ငန်းလေးကို ပါဝင် လုပ်ကိုင် ပေးကြတဲ့ သူငယ်ချင်းတွေကို ဆိုင်တစ်ခု မှာ ညစာလိုက် ကျွေးနေတာလည်းဖြစ်ပါတယ်။

မီးရောင်အောက် မှာ လှပနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေအပြင် ” Today KKS ကျမရဲ့စီပွားရေးကိုအကူညီပေးတဲ့ ရဲဘော်ရဲ ဘက်တွေကိုပြုစု ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်……။ပရိသတ်ကြီး ရေ သရုပ်ဆောင် မင်း သမီး ချောလေး ဘေဘီမောင် ကတော့ အနုပညာလောကထဲကို ဆက်စီ မော်ဒယ်လ် တစ်ယောက်အနေနဲ့ ဝင်ရောက် ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

ဘေဘီက သူမ ရဲ့ တောင့်တင်း ကျစ်လစ်တဲ့ ကိုယ်ခန္ဓာအမိုက်စားကို ပိုင်ဆိုင်ထားပြီး ဖက်ရှင်တွေက လည်း မြင်သူငေးရလောက်အောင် လိုက်ဖက်ညီညီဝတ်ဆင်တက်တာကြောင့် ပုရိသပရိသတ်တွေ အကြိုက်တွေ့နေရတဲ့ သူလည်းဖြစ်ပါတယ်……..။ဘေဘီက အဆိုတော် သားဂန်း နဲ့လည်း လူအများ က အားကျနေရတဲ့ အချစ်ရေးလေးကို တည်ဆောက်ထားပြီး သစ္စာရှိရှိလက်တွဲလာခဲ့တာ ယခုဆိုရင် Relation ship သက်တမ်း အတော်ကြာပြီလည်း ဖြစ်ပါတယ်။

ဘေဘီက လတ်တလောမှာတော့ အနုပညာ လှုပ်ရှားမှုတွေ နည်းပါးနေချိန်မှာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Online shop လုပ်ငန်းလေးကိုလည်း လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ဘေဘီက ညဘက်တွေ liveလွှင့်ကာ ဈေးရောင်းနေတာပါ။

Photo credit – Baby Maung’s FB account

Source – Baby Maung’s FB account

Add a Comment

Your email address will not be published. Required fields are marked *