သမၼတထရမ့္က(၇၂)နာရီအတြင္း ပိတ္သိမ္းရန္အမိန႔္ေပးထားေသာ ဟူစတန္ၿမိဳ႕ရွိ တ႐ုတ္ေကာင္စစ္ဝန္႐ုံးမွ ဝန္ထမ္းမ်ား ထြက္ခြာ
|အေမရိကန္ျပည္ေထာင္စု ဟူစတန္ၿမိဳ႕ရွိ The University of Texas MD Anderson (တကၠဆက္ အန္တရာဆန္ေဆးတကၠသိုလ္)က ကင္ဆာဌာန နဲ႔ Texas A&M (A&M တကၠဆက္ေဆးတကၠသိုလ္)က ေဆးဝါးစနစ္ေတြအပါအဝင္ ၊ တကၠဆက္ျပည္နယ္ရွိ အေမရိကန္ ႐ုံးေတြကေန တ႐ုတ္ေအးဂ်င့္ေတြဟာ အခ်က္အလက္ေတြ ခိုးယူဖို႔ ႀကိဳးစားခဲ့တယ္ဆိုၿပီးေတာ့ အေမရိကန္အစိုးရက စြပ္စြဲထားၿပီး ေကာင္ စစ္ဝန္႐ုံးပိတ္သိမ္းဖို႔ အမိန႔္ေပးထားတာပါ။
တ႐ုတ္အစိုးရက လည္း ဒီကိစၥကို လက္တုံ႔ျပန္တဲ့ အေနနဲ႔ Chengdu ၿမိဳ႕မွာရွိတဲ့ အေမရိကန္ေကာင္စစ္ဝန္႐ုံးကို အခုလ(၂၄)ရက္ေန႔က ပိတ္ခိုင္းခဲ့တယ္လို႔ သိရပါတယ္။အေမရိကန္ႏိုင္ငံ၊ ဟူစတန္ၿမိဳ႕ရွိ တ႐ုတ္ေကာင္စစ္ဝန္ ႐ုံးမွ ဝန္ထမ္းေတြဟာ သမၼတေဒၚနယ္လ္ထရမ့္ရဲ႕ အမိန႔္အရ ထြက္ခြာသြားၾကၿပီျဖစ္ပါတယ္။ ဝန္ထမ္းေတြဟာ အခုလ (၂၄) ရက္ေန႔က ခရီးေဆာင္အိတ္ႀကီးေတြကို ကားေတြ ေပၚတင္ၿပီး ထြက္ခြာသြားတာပါ။
အေမရိကန္အစိုးရက ဟူစတန္ၿမိဳ႕မွာရွိတဲ့ တ႐ုတ္ေကာင္စစ္ဝန္႐ုံးကို အခုလ(၂၁) ရက္ေန႔က ပိတ္ခိုင္းခဲ့တာျဖစ္ၿပီး၊ တ႐ုတ္အစိုးရကို လည္း ဝန္ထမ္းေ႐ႊ႕ေျပာင္းတာေတြ အၿပီးအစီး လုပ္ေဆာင္ဖို႔ (၇၂) နာရီ အခ်ိန္ေပးထားတာျဖစ္ပါတယ္။ေကာင္စစ္ဝန္႐ုံးထဲ ဝင္လာတဲ့ ကားေတြ ၊ ထြက္သြားတဲ့ကားေတြ တန္းစီးေနပုံနဲ႔ locksmith ကုမၸဏီတစ္ခုက ကုန္ကားတစ္စီး ရပ္ထားတဲ့ အေျပာင္းအေ႐ႊ႕လုပ္ေနပုံေတြ ကို ဗီဒီယိုက ျပသခဲ့ပါတယ္။
REF: PANPYOE LAT
UNICODE
အမေရိကန်ပြည်ထောင်စု ဟူစတန်မြို့ရှိ The University of Texas MD Anderson (တက္ကဆက် အန်တရာဆန်ဆေးတက္ကသိုလ်)က ကင်ဆာဌာန နဲ့ Texas A&M (A&M တက္ကဆက်ဆေးတက္ကသိုလ်)က ဆေးဝါးစနစ်တွေအပါအဝင် ၊ တက္ကဆက်ပြည်နယ်ရှိ အမေရိကန် ရုံးတွေကနေ တရုတ်အေးဂျင့်တွေဟာ အချက်အလက်တွေ ခိုးယူဖို့ ကြိုးစားခဲ့တယ်ဆိုပြီးတော့ အမေရိကန်အစိုးရက စွပ်စွဲထားပြီး ကောင် စစ်ဝန်ရုံးပိတ်သိမ်းဖို့ အမိန့်ပေးထားတာပါ။
တရုတ်အစိုးရက လည်း ဒီကိစ္စကို လက်တုံ့ပြန်တဲ့ အနေနဲ့ Chengdu မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို အခုလ(၂၄)ရက်နေ့က ပိတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့ရှိ တရုတ်ကောင်စစ်ဝန် ရုံးမှ ဝန်ထမ်းတွေဟာ သမ္မတဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ ထွက်ခွာသွားကြပြီဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ အခုလ (၂၄) ရက်နေ့က ခရီးဆောင်အိတ်ကြီးတွေကို ကားတွေ ပေါ်တင်ပြီး ထွက်ခွာသွားတာပါ။
အမေရိကန်အစိုးရက ဟူစတန်မြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို အခုလ(၂၁) ရက်နေ့က ပိတ်ခိုင်းခဲ့တာဖြစ်ပြီး၊ တရုတ်အစိုးရကို လည်း ဝန်ထမ်းရွှေ့ပြောင်းတာတွေ အပြီးအစီး လုပ်ဆောင်ဖို့ (၇၂) နာရီ အချိန်ပေးထားတာဖြစ်ပါတယ်။ကောင်စစ်ဝန်ရုံးထဲ ဝင်လာတဲ့ ကားတွေ ၊ ထွက်သွားတဲ့ကားတွေ တန်းစီးနေပုံနဲ့ locksmith ကုမ္ပဏီတစ်ခုက ကုန်ကားတစ်စီး ရပ်ထားတဲ့ အပြောင်းအရွှေ့လုပ်နေပုံတွေ ကို ဗီဒီယိုက ပြသခဲ့ပါတယ်။
REF: PANPYOE LAT