ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပြည်သူများနှင့်ဆက်သွယ်ရန် ဖေ့စ်ဘွတ်Page အသစ်(၁)ခုဖွင့်မယ်လို့ အတိုင်ပင်ခံပြောပြီ





UNICODE

နိုင်ငံတော်၏အတိုင်ပင်ခပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်ရှိ အသုံးပြုနေတဲ့ Facebook Account က ကိုဗစ်ကာလအတွင်းမှာ နိုင်ငံ တော်က လုပ်ဆောင် နေတာတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ ကျယ် ကျယ်ပြန့် ပြန့် ဆက်သွယ်နိုင် အောင် ဖွင့်လှစ် အသုံးခဲ့ခြင်း ဖြစ်ပါ တယ်။ လက်ရှိအသုံးပြု နေတဲ့ Facebook Account ကိုတော့ ဧပြီလ(၁)ရက်နေ့ က စတင်အသုံးပြု ခဲ့တာပါ။

ယခု လဆန်းကစပြီး ရွေးကောက်ပွဲဆိုင်ရာစည်းမျဉ်းဥပဒေအရ၊ကျွန်မ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်တွေ ပြန်လည် ထမ်း ဆောင် နေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် Facebook page တစ်ခု ဖွင့်ဖို့ စီစဉ်နေပါတယ်။ ပါတီကိစ္စတွေ၊ ရွေးကောက်ပွဲကိစ္စတွေနဲ့ပတ်သက် ပြီး ပြည် သူများနဲ့ဆက်သွယ်ဖို့ ဖြစ်ပါတယ်”လို့ ရေးသားအသိပေးခဲ့ပါတယ်။ပါတီနဲ့ရွေးကောက်ပွဲဆိုင်ရာတွေကို တင်ပြသွားမယ်လို့ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ သုံးစွဲနေတဲ့ Facebook Account အပြင် နောက်ထပ် Pageတစ်ခုကို ထပ်မံဖွင့်လှစ်မယ်လို့ သိရပါတယ်။ လက်ရှိအသုံးပြုနေတဲ့ Facebook Account ကနေပြောကြားခဲ့တာဖြစ်ပြီး အသစ်ဖွင့်မယ့် ဖေ့စ်ဘွတ် Pageမှာတော့ ပါတီနဲ့ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေ ကို တင်ပြသွားမယ်လို့ ရေးသားဖော်ပြထားပါတယ်။

REF:  Daw Aung San Suu Kyi fb

Add a Comment

Your email address will not be published. Required fields are marked *