ႏိုင္ငံေတာ္အတိုင္ပင္ခံ၏ သက္ေတာ္ေစာင့္ ဦးစိုးဝင္း ေနျပည္ေတာ္တြင္ ႐ုတ္တရက္ကြယ္လြန္သြားေၾကာင္း သတင္းထုတ္ျပန္
|ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ၏ အထူး အားထားရေသာ သက္ေတာ္ ေစာင့္ အျဖစ္ တာဝန္ယူထားသူ အသက္ ၅၈ ႏွစ္အ႐ြယ္ ဦးစိုးဝင္းသည္ ယေန႔ မြန္းလြဲ ၂ နာရီခန႔္က ေသြးတိုးေရာဂါ ျဖင့္ ဦးေႏွာက္ေသြးေၾကာျပတ္၍ ေနျပည္ေတာ္တြင္ ႐ုတ္တရက္ ကြယ္လြန္သြားေၾကာင္း ၾကားသိရသည္။
ဦးစိုးဝင္းသည္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ျဖစ္သူ ေဒၚေအာင္ဆန္းစုၾကည္ ၏ နံေဘးတြင္ သက္ေတာ္ေစာင့္အျဖစ္ ႏွစ္ေပါင္းမ်ားစြာ တာဝန္ယူ ဝန္းရံခဲ့ေသာသုံးေရာင္ခ်ယ္အဖြဲ႕ဝင္တစ္ဦးလည္း ျဖစ္သည္။လက္ရွိတြင္ ဦးစိုးဝင္း၏ အေလာင္းကို ေနျပည္ေတာ္ရွိ ကုတင္ ၁၀၀၀ ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီး မနက္ျဖန္ ဇူလိုင္လ ၂၆ ရက္တြင္ သၿဂိဳဟ္မည္ျဖစ္ေၾကာင္း သိရသည္။
ဦးစိုးဝင္း ကြယ္လြန္ခ်ိန္တြင္ ၎၏မိသားစုမွာ ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ႕တြင္ ရွိၿပီး ဇနီးႏွင့္ သား(၂)ဦးက်န္ရစ္ခဲ့ေၾကာင္း သိရသည္။
REF: ျပည္ျမန္မာ
UNICODE
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၏ အထူး အားထားရသော သက်တော် စောင့် အဖြစ် တာဝန်ယူထားသူ အသက် ၅၈ နှစ်အရွယ် ဦးစိုးဝင်းသည် ယနေ့ မွန်းလွဲ ၂ နာရီခန့်က သွေးတိုးရောဂါ ဖြင့် ဦးနှောက်သွေးကြောပြတ်၍ နေပြည်တော်တွင် ရုတ်တရက် ကွယ်လွန်သွားကြောင်း ကြားသိရသည်။
ဦးစိုးဝင်းသည် နိုင်ငံတော် အတိုင်ပင်ခံ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ၏ နံဘေးတွင် သက်တော်စောင့်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူ ဝန်းရံခဲ့သောသုံးရောင်ချယ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။လက်ရှိတွင် ဦးစိုးဝင်း၏ အလောင်းကို နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ထားပြီး မနက်ဖြန် ဇူလိုင်လ ၂၆ ရက်တွင် သဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။
ဦးစိုးဝင်း ကွယ်လွန်ချိန်တွင် ၎င်း၏မိသားစုမှာ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့တွင် ရှိပြီး ဇနီးနှင့် သား(၂)ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။
REF: ပြည်မြန်မာ