ဇြဲကပင္ေတာင္ေပၚ လင္မယား(၂)ဦး ေသဆုံးေနေၾကာင္း ေတြ႕ရွိရ၍ စုံစမ္းေန

ဒီေန႔ဟာ ဆိုရင္ ဇြဲကပင္ေတာင္ေပၚတြင္ ၿပီးခဲ့တဲ့လ ဇြန္လ ၂၅ ရက္ေန႔ကလည္း တကၠသိုလ္ေက်ာင္းသူတစ္ဦးျပဳတ္က်ေသဆုံးမႈျဖစ္စဥ္ ျဖစ္ ပြားခဲ့တဲ့ တစ္လျပည့္တဲ့ေန႔ ျဖစ္ပါတယ္ ။အဲလို(၁)လျပည့္တဲ့ေန႔မွာပဲ ဇြဲကပင္ေတာင္ေပၚမွာ လင္မယား(၂)ဦး ေသဆုံးလ်က္ရွီေနတာ ေတြ႕ရတာျဖစ္ပါတယ္။အေသးစိတ္ကိုေတာ့ စုံစမ္းစစ္ေဆးေနပါတယ္။

ကရင္ျပည္နယ္ ဘားအံၿမိဳ႕ ဇြဲကပင္ေတာင္ေပၚရွိအေဆာင္တစ္ခုထဲတြင္ လြန္ခဲ့တဲ့ (၄ ) ရက္ခန႔္ကတည္းက ေသးဆုံေနသည့္ အမ်ိဳးသား ( ၁ ) ဦး ၊ အမ်ိဳးသမီး ( ၁ ) ဦးတို႔၏႐ုပ္အေလာင္းမ်ားအားေတြ႕ရွိရၿပီး လူမႈကူညီေရးအသင္းအဖြဲ႕ေတြ ေတာင္ေပၚသို႔ တက္ေရာက္ေနၿပီျဖစ္ ေၾကာင္းကနဦးသတင္းအရသိရွိရသည္ ။

ေဒသခံမ်ား၏ ေျပာျပခ်က္အရ ႐ုပ္အေလာင္းေတြဟာ ပုတ္ပြေန ၿပီး လြန္ခဲ့တဲ့ ၄ ရက္ခန႔္က ေတာင္ေပၚမွာ မိုးႀကိဳးမ်ား ပစ္သံၾကားရၿပီး မိုးႀကိဳးစက္ကြင္းမိကာ မိုးႀကိဳးထိမွန္ကာ ေသဆုံးႏိုင္ သလို ဓါတ္လိုက္မႈလည္းျဖစ္ႏိုင္တယ္လို႔ သုံးသပ္ေျပာဆိုခဲ့သည္ ။ ေသဆုံးသူ ( ၂ ) ဦးဟာ ေကဘယ္ အေစာင့္အလုပ္သမား လင္မယားေတာ္စပ္ႏိုင္သည္ဟုလည္း ယူဆ ေနၾကပါသည္ ။

REF: APANN PYAY

UNICODE

ဒီနေ့ဟာ ဆိုရင် ဇွဲကပင်တောင်ပေါ်တွင် ပြီးခဲ့တဲ့လ ဇွန်လ ၂၅ ရက်နေ့ကလည်း တက္ကသိုလ်ကျောင်းသူတစ်ဦးပြုတ်ကျသေဆုံးမှုဖြစ်စဉ် ဖြစ် ပွားခဲ့တဲ့ တစ်လပြည့်တဲ့နေ့ ဖြစ်ပါတယ် ။အဲလို(၁)လပြည့်တဲ့နေ့မှာပဲ ဇွဲကပင်တောင်ပေါ်မှာ လင်မယား(၂)ဦး သေဆုံးလျက်ရှီနေတာ တွေ့ရတာဖြစ်ပါတယ်။အသေးစိတ်ကိုတော့ စုံစမ်းစစ်ဆေးနေပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်တောင်ပေါ်ရှိအဆောင်တစ်ခုထဲတွင် လွန်ခဲ့တဲ့ (၄ ) ရက်ခန့်ကတည်းက သေးဆုံနေသည့် အမျိုးသား ( ၁ ) ဦး ၊ အမျိုးသမီး ( ၁ ) ဦးတို့၏ရုပ်အလောင်းများအားတွေ့ရှိရပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေ တောင်ပေါ်သို့ တက်ရောက်နေပြီဖြစ် ကြောင်းကနဦးသတင်းအရသိရှိရသည် ။

ဒေသခံများ၏ ပြောပြချက်အရ ရုပ်အလောင်းတွေဟာ ပုတ်ပွနေ ပြီး လွန်ခဲ့တဲ့ ၄ ရက်ခန့်က တောင်ပေါ်မှာ မိုးကြိုးများ ပစ်သံကြားရပြီး မိုးကြိုးစက်ကွင်းမိကာ မိုးကြိုးထိမှန်ကာ သေဆုံးနိုင် သလို ဓါတ်လိုက်မှုလည်းဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုခဲ့သည် ။ သေဆုံးသူ ( ၂ ) ဦးဟာ ကေဘယ် အစောင့်အလုပ်သမား လင်မယားတော်စပ်နိုင်သည်ဟုလည်း ယူဆ နေကြပါသည် ။

REF:   APANN  PYAY

Add a Comment

Your email address will not be published. Required fields are marked *