ပါတီအေပၚ သစၥာ ရွိၿပီး အလုပ္ျဖင့္ သက္ေသျပ သူမ်ားကိုသာ ကိုယ္စားလွယ္ေလာင္း အျဖစ္ ေ႐ြးခ်ယ္တယ္လို႔ အတိုင္ပင္ခံေျပာၿပီ

(၂၀၂၀) အေထြေထြေ႐ြးေကာက္ပြဲ တြင္ NLD ပါတီ ကိုယ္စားျပဳဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း ၁၁၃၁ ဦးရွိရာတြင္ ကိုယ္စားလွယ္ေဟာင္း ရာခိုင္ႏႈန္း ၈၀ ပါဝင္ေၾကာင္း သိရသည္။ပါတီ ဥကၠ႒ျဖစ္ သူ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္ႏွင့္ ဒုဥကၠ႒ (၁) ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္တို႔အပါအဝင္ ျပည္ေထာင္စု ဝန္ႀကီးအခ်ိဳ႕၊ ရန္ ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးၿဖိဳး မင္းသိန္းမွလြဲ၍ က်န္တိုင္းႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္အားလုံး NLD ပါတီ အေထြေထြေ႐ြးေကာက္ပြဲ ဝင္ ကိုယ္စားလွယ္ေလာင္း စာရင္းတြင္ ပါဝင္လာခဲ့ သည္ ။

(၂၀၁၅) ေ႐ြးေကာက္ပြဲဝင္ ကိုယ္စားလွယ္ အခ်ိဳ႕ ပါတီ ၏ ဦးေဆာင္ မႈႏွင့္ မူဝါဒမ်ား အေပၚ အေျခခံေဆာင္႐ြက္ မည္ဆိုသည့္ ခံဝန္ခ်က္ကို ေဖာက္ဖ်က္ မႈရွိေသာ္လည္း တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ယွဥ္လွ်င္ နည္းပါးေၾကာင္း၊ ထို႔ေၾကာင့္ ၂၀၁၅ တြင္ ေ႐ြးခ်ယ္ခဲ့မႈ သည္ ေယဘု ယ်အားျဖင့္ မွန္ကန္သည္ဟု ဆိုႏိုင္ေၾကာင္း အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကား လိုက္သည္။အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါတီ အေပၚ သစၥာရွိ ေၾကာင္း အလုပ္ ျဖင့္ သက္ေသျပ ၿပီးသူမ်ား ကို ကိုယ္စားလွယ္ ေလာင္း အျဖစ္ အဓိက ထားေ႐ြးခ်ယ္ခဲ့ သည္ ဟု ပါတီဥကၠ႒က ေျပာ ၾကား သည္။

ဇူလိုင္ (၂၃)ရက္ က အေထြေထြ ေ႐ြးေကာက္ပြဲ ဝင္ ကိုယ္စားလွယ္ ေလာင္း စာရင္း ထုတ္ျပန္ ၿပီးေနာက္ ကိုယ္စားလွယ္ ေလာင္း ေ႐ြးခ်ယ္ မႈႏွင့္ ပတ္ သက္ ၍ ပါတီဝင္ မ်ားအား ရွင္းလင္း မႈတြင္ ၎က အထက္ပါ အတိုင္း ေျပာ ၾကားခဲ့ျခင္း ျဖစ္ သည္။အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ ခ်ဳပ္ထံ ကိုယ္ စားလွယ္ တစ္ဦးအေနျဖင့္ ဝင္ေရာက္ လာၿပီး မိမိလုပ္ခ်င္ရာ လုပ္ေဆာင္ သည့္ ပုဂၢိဳလ္ အခ်ိဳ႕ကို ေတြ႕ခဲ့ရကာ မိမိလုပ္ခ်င္ရာ လုပ္ေဆာင္မည္ဆိုလွ်င္ ပါတီဝင္ေရာက္ရန္ မလိုဘဲ တစ္သီး ပုဂၢလအေနျဖင့္ ေဆာင္႐ြက္ ၍ရေၾကာင္း NLD ပါတီ ဥကၠ႒ က ဆို သည္။“ ဒါေၾကာင့္ မို႔လို႔ သစၥာရွိ ေၾကာင္းကို အလုပ္ နဲ႔ သက္ ေသျပခဲ့ သူမ်ား ကို ဦးစားေပး ၿပီးေ႐ြး ပါတယ္။

ဟို ဘက္ ဒီ ဘက္ ဘယ္သူ႔ ကို ဆုံးျဖတ္ရမွန္းမသိရင္ တစ္ဖက္ကေန ျပတ္ျပတ္သားသားသာေနရင္ေတာ့ သာတဲ့သူကို ကြၽန္မတို႔ ေ႐ြးပါ တယ္” ဟု NLD ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။သို႔ရာ တြင္ ပါတီအေပၚ သစၥာရွိမႈအပါအဝင္ အေတြ႕အႀကဳံ ႏွင့္ အရည္အခ်င္းတို႔ရွိေသာ္လည္း က်န္းမာေရးႏွင့္ အသက္ အ႐ြယ္အရ ဆက္တာဝန္ထမ္းေဆာင္ႏိုင္ေျခ မရွိသူမ်ားကို ခ်န္လွပ္ပစ္ခဲ့ရမႈမ်ား ရွိေသာ္လည္း ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ အတြက္ ေ႐ြးခ်ယ္လိုက္သည့္ ကိုယ္စားလွယ္ အမ်ားစုသည္ လူေဟာင္းမ်ားျဖစ္သည္ဟု ၎က ဆို သည္။ပါတီ အေပၚသစၥာရွိမႈ အင္မတန္အေရးႀကီးၿပီး အထူးသျဖင့္ ႏိုင္ငံအတြက္အေရးႀကီးသည့္။

ဥပေဒႏွင့္ ဆုံးျဖတ္ခ်က္မ်ား ခ်မွတ္ရသည့္ ျပည္ေထာင္စုလႊတ္ေတာ္အတြက္ ပို၍ အေရးႀကီးသည္ဟု NLD ပါတီ ဥကၠ႒က ဆိုသည္။ “ဒါ ေၾကာင့္ မို႔ ကြၽန္မတို႔ ဟာ သစၥာ ရွိရွိနဲ႔ ကြၽန္မတို႔ အဖြဲ႕ခ်ဳပ္ ရဲ႕ မူဝါဒေတြ၊ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု အတြက္ လိုလား ခ်က္ ေတြ ကို ေထာက္ပံ့သြားမယ့္ ကြၽန္မတို႔နဲ႔အတူ လမ္းေလွ်ာက္သြားမယ္ဆိုတဲ့ ပုဂၢိဳလ္ေတြကို အထူးအေလးေပး ပါတယ္” ဟု NLD ပါတီဥကၠ႒ ေဒၚ ေအာင္ဆန္းစုၾကည္က ေျပာၾကားသည္။(NLD) ပါ တီ ျဖတ္သန္းလာ ရ သည့္လမ္းသည္ အင္မတန္မွၾကမ္းတမ္းၿပီး ရွည္လ်ားကာ လက္ရွိ တြင္လည္း လမ္းဆုံးမေရာက္ ေသးသည့္ အတြက္ ခံႏိုင္ရည္ရွိမႈႏွင့္ သစၥာခိုင္ၿမဲမႈကို အေလးထားရျခင္းျဖစ္သည္ဟု ၎က ရွင္းျပ သည္။

crd : panpyoelat

UNICODE

(၂၀၂၀) အထွေထွေရွေးကောက်ပွဲ တွင် NLD ပါတီ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၁၃၁ ဦးရှိရာတွင် ကိုယ်စားလှယ်ဟောင်း ရာခိုင်နှုန်း ၈၀ ပါဝင်ကြောင်း သိရသည်။ပါတီ ဥက္ကဋ္ဌဖြစ် သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် ဒုဥက္ကဋ္ဌ (၁) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် ပြည်ထောင်စု ဝန်ကြီးအချို့၊ ရန် ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုး မင်းသိန်းမှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်အားလုံး NLD ပါတီ အထွေထွေရွေးကောက်ပွဲ ဝင် ကိုယ်စားလှယ်လောင်း စာရင်းတွင် ပါဝင်လာခဲ့ သည် ။

(၂၀၁၅) ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် အချို့ ပါတီ ၏ ဦးဆောင် မှုနှင့် မူဝါဒများ အပေါ် အခြေခံဆောင်ရွက် မည်ဆိုသည့် ခံဝန်ချက်ကို ဖောက်ဖျက် မှုရှိသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်လျှင် နည်းပါးကြောင်း၊ ထို့ကြောင့် ၂၀၁၅ တွင် ရွေးချယ်ခဲ့မှု သည် ယေဘု ယျအားဖြင့် မှန်ကန်သည်ဟု ဆိုနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အပေါ် သစ္စာရှိ ကြောင်း အလုပ် ဖြင့် သက်သေပြ ပြီးသူများ ကို ကိုယ်စားလှယ် လောင်း အဖြစ် အဓိက ထားရွေးချယ်ခဲ့ သည် ဟု ပါတီဥက္ကဋ္ဌက ပြော ကြား သည်။

ဇူလိုင် (၂၃)ရက် က အထွေထွေ ရွေးကောက်ပွဲ ဝင် ကိုယ်စားလှယ် လောင်း စာရင်း ထုတ်ပြန် ပြီးနောက် ကိုယ်စားလှယ် လောင်း ရွေးချယ် မှုနှင့် ပတ် သက် ၍ ပါတီဝင် များအား ရှင်းလင်း မှုတွင် ၎င်းက အထက်ပါ အတိုင်း ပြော ကြားခဲ့ခြင်း ဖြစ် သည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ထံ ကိုယ် စားလှယ် တစ်ဦးအနေဖြင့် ဝင်ရောက် လာပြီး မိမိလုပ်ချင်ရာ လုပ်ဆောင် သည့် ပုဂ္ဂိုလ် အချို့ကို တွေ့ခဲ့ရကာ မိမိလုပ်ချင်ရာ လုပ်ဆောင်မည်ဆိုလျှင် ပါတီဝင်ရောက်ရန် မလိုဘဲ တစ်သီး ပုဂ္ဂလအနေဖြင့် ဆောင်ရွက် ၍ရကြောင်း NLD ပါတီ ဥက္ကဋ္ဌ က ဆို သည်။“ ဒါကြောင့် မို့လို့ သစ္စာရှိ ကြောင်းကို အလုပ် နဲ့ သက် သေပြခဲ့ သူများ ကို ဦးစားပေး ပြီးရွေး ပါတယ်။

ဟို ဘက် ဒီ ဘက် ဘယ်သူ့ ကို ဆုံးဖြတ်ရမှန်းမသိရင် တစ်ဖက်ကနေ ပြတ်ပြတ်သားသားသာနေရင်တော့ သာတဲ့သူကို ကျွန်မတို့ ရွေးပါ တယ်” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။သို့ရာ တွင် ပါတီအပေါ် သစ္စာရှိမှုအပါအဝင် အတွေ့အကြုံ နှင့် အရည်အချင်းတို့ရှိသော်လည်း ကျန်းမာရေးနှင့် အသက် အရွယ်အရ ဆက်တာဝန်ထမ်းဆောင်နိုင်ခြေ မရှိသူများကို ချန်လှပ်ပစ်ခဲ့ရမှုများ ရှိသော်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် ရွေးချယ်လိုက်သည့် ကိုယ်စားလှယ် အများစုသည် လူဟောင်းများဖြစ်သည်ဟု ၎င်းက ဆို သည်။ပါတီ အပေါ်သစ္စာရှိမှု အင်မတန်အရေးကြီးပြီး အထူးသဖြင့် နိုင်ငံအတွက်အရေးကြီးသည့်။

ဥပဒေနှင့် ဆုံးဖြတ်ချက်များ ချမှတ်ရသည့် ပြည်ထောင်စုလွှတ်တော်အတွက် ပို၍ အရေးကြီးသည်ဟု NLD ပါတီ ဥက္ကဋ္ဌက ဆိုသည်။ “ဒါ ကြောင့် မို့ ကျွန်မတို့ ဟာ သစ္စာ ရှိရှိနဲ့ ကျွန်မတို့ အဖွဲ့ချုပ် ရဲ့ မူဝါဒတွေ၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အတွက် လိုလား ချက် တွေ ကို ထောက်ပံ့သွားမယ့် ကျွန်မတို့နဲ့အတူ လမ်းလျှောက်သွားမယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကို အထူးအလေးပေး ပါတယ်” ဟု NLD ပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။(NLD) ပါ တီ ဖြတ်သန်းလာ ရ သည့်လမ်းသည် အင်မတန်မှကြမ်းတမ်းပြီး ရှည်လျားကာ လက်ရှိ တွင်လည်း လမ်းဆုံးမရောက် သေးသည့် အတွက် ခံနိုင်ရည်ရှိမှုနှင့် သစ္စာခိုင်မြဲမှုကို အလေးထားရခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြ သည်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *