ပြင့္လင္းျမင္သာမႈမရွိေသာ ေျမာက္ကိုရီးယားတြင္ ကိုဗစ္သံသယရွိသူ(၁)ဦး ထြက္ေပၚလာၿပီးေနာက္ ကင္ဂ်ဳံအန္း အေရးေပၚ အစည္းအေဝးေခၚ

ေျမာက္ကိုရီးယားတြင္ COVID-19 သံသယရွိသူ(၁)ဦး ေပၚထြက္လာၿပီးေနာက္ ေရာဂါစမ္းသပ္စစ္ေဆးမႈ လုပ္ေဆာင္ထားျခင္းရွိ၊ မရွိကို KCNA က တိတိက်က်ေဖာ္ျပခဲ့ျခင္း မရွိေသာ္လည္း ထိုသူ၏ အေပၚပိုင္း အသက္ ရႉလမ္းေၾကာင္းဆိုင္ရာ ကိုယ္အဂၤါမွ ရယူ ေသာ ဓာတ္ ခြဲနမူနာႏွင့္ေသြးနမူနာတို႔ကို စစ္ေဆးမႈအႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ရာမွ မေရရာေသာ ရလဒ္ထြက္ေပၚခဲ့ျခင္းေၾကာင့္ တာဝန္ရွိသူမ်ားက ၎ အား အသြားအလာ ကန႔္သတ္၍ သီးျခားေစာင့္ၾကည့္ေနၿပီး ထိေတြ႕ခဲ့ဖူးသူမ်ားကို စုံစမ္းေဖာ္ထုတ္ေနေၾကာင္း KCNA က ဆိုသည္။

ေျမာက္ကိုရီးယားသည္ ႐ုရွားႏွင့္အျခားေသာႏိုင္ငံမ်ားမွ ကို႐ိုနာဗိုင္းရပ္စ္ စစ္ေဆးစမ္းသပ္သည့္ ကိရိယာ ေထာင္ေပါင္း မ်ားစြာကို ရရွိထားၿပီး နယ္စပ္ဂိတ္မ်ားကို လည္းပိတ္ထားသည္။ ေျမာက္ကိုရီးယားႏိုင္ငံတြင္ အသြားအလာကန႔္သတ္၍ သီးျခားေစာင့္ၾကည့္ခံရသူ ေထာင္ေပါင္းမ်ားစြာ ရွိေသာ္လည္း COVID-19ပိတ္ပင္ကန႔္ သတ္ခ်က္မ်ားကို မၾကာေသးမီက ေျဖေလွ်ာ့ ေပးခဲ့သည္။ယခုလအတြင္း ေတာင္-ေျမာက္ကိုရီးယား ႏွစ္ႏိုင္ငံနယ္စပ္ကို တရားမဝင္ ျဖတ္ေက်ာ္၍ ေတာင္ကိုရီးယားႏိုင္ငံဘက္မွ ေျမာက္ကိုရီးယားႏိုင္ငံတြင္းသို႔။

ဝင္ေရာက္လာသူတစ္ဦးတြင္ COVID-19 ကူးစက္ခံထားရသည္ဟု သံသယရွိမႈ ထြက္ေပၚလာၿပီးေနာက္ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအြန္သည္ အေရးေပၚ အစည္းအေဝးကို ေခၚယူခဲ့ေၾကာင္း KCNA သတင္းဌာနက ဇူလိုင္ ၂၆ ရက္တြင္ ထုတ္ျပန္ခဲ့သည္။ ႏိုင္ငံတြင္း သို႔ ဝင္ေရာက္လာသူတြင္ ကို႐ိုနာ ကူးစက္ခံထားရသည္ဟူေသာ အတည္ျပဳခ်က္ထြက္ရွိလာပါက ယင္းသည္ ေျမာက္ကိုရီးယားက ပထမ ဆုံးအႀကိမ္ တရားဝင္အတည္ျပဳသည့္ ဗိုင္းရပ္စ္ကူးစက္မႈ ျဖစ္လာလိမ့္မည္ျဖစ္သည္။

ယင္းမတိုင္မီ ႏိုင္ငံတြင္း၌ COVID-19 အတည္ျပဳလူနာ တစ္ဦးမွ် မရွိေၾကာင္း ေျမာက္ကိုရီးယားအာဏာပိုင္မ်ားက ေျပာၾကားထားၾက သည္။KCNA သတင္းဌာန၏ ထုတ္ျပန္ခ်က္အရ ႏိုင္ငံတြင္းသို႔ ဝင္ေရာက္လာေသာ လူပုဂၢိဳလ္သည္ လြန္ခဲ့သည့္သုံးႏွစ္က ေတာင္ကိုရီး ယားသို႔ ထြက္ေျပးခဲ့သူျဖစ္ၿပီး ၎သည္ ေနာက္ပိုင္းတြင္ ေတာင္-ေျမာက္ ႏွစ္ႏိုင္ငံကို ပိုင္းျခားထားေသာ၊ တပ္အင္အား အခိုင္အမာခ် ထားသည့္ နယ္စပ္ကို ေက်ာ္ျဖတ္၍ ေျမာက္ကိုရီးယားႏိုင္ငံတြင္းသို႔ ျပန္လည္ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း၊သိရသည္။

၎တြင္ COVID-19 ေရာဂါပိုး ကူးစက္ခံထားရသည္ဟု ယူဆရေသာ ေရာဂါလကၡဏာမ်ားရွိေၾကာင္း သိရသည္။ကမာၻေပၚတြင္ တပ္အင္ အားအေစာင့္ အၾကပ္ႀကီးေလးစြာခ်ထားသည့္ ေနရာမ်ားထဲတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ ႏွစ္ႏိုင္ငံ နယ္စပ္အား ျပည္ေျပးတစ္ဦး မည္သို႔ ျဖတ္ ေက်ာ္ခဲ့သည္ကို KCNA က အေသးစိတ္ မရွင္းလင္းခဲ့ေသာ္လည္း ယင္းျဖစ္ရပ္ကို စုံ စမ္းစစ္ေဆးေနၿပီး တာဝန္ရွိသည့္ တပ္ဖြဲ႕ အေန ျဖင့္ ႀကီးေလးေသာ ျပစ္ဒဏ္ကို ခံရလိမ့္မည္ဟု ထုတ္ျပန္ခဲ့သည္။

လြန္ခဲ့သည့္သုံးႏွစ္က ေျမာက္ကိုရီးယားျပည္ေျပးတစ္ဦး ေတာင္ကိုရီးယားသို႔ ဝင္ေရာက္ခဲ့သည့္ ေနရာျဖစ္ေသာ ေကေဆာင္းၿမိဳ႕တြင္ အေရးေပၚျဖစ္ရပ္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း၊ ဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း သံသယရွိေသာ ထိုလူပုဂၢိဳလ္သည္ ႏွစ္ႏိုင္ငံနယ္နိမိတ္မ်ဥ္း ကို တရားမဝင္ျဖတ္ေက်ာ္ခဲ့ၿပီးေနာက္ ဇူလိုင္ ၁၉ ရက္တြင္ ေျမာက္ကိုရီးယားႏိုင္ငံတြင္းသို႔ ျပန္လည္ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း KCNA က ဆိုသည္။

REF: ELEVEN MEDIA

UNICODE

မြောက်ကိုရီးယားတွင် COVID-19 သံသယရှိသူ(၁)ဦး ပေါ်ထွက်လာပြီးနောက် ရောဂါစမ်းသပ်စစ်ဆေးမှု လုပ်ဆောင်ထားခြင်းရှိ၊ မရှိကို KCNA က တိတိကျကျဖော်ပြခဲ့ခြင်း မရှိသော်လည်း ထိုသူ၏ အပေါ်ပိုင်း အသက် ရှူလမ်းကြောင်းဆိုင်ရာ ကိုယ်အင်္ဂါမှ ရယူ သော ဓာတ် ခွဲနမူနာနှင့်သွေးနမူနာတို့ကို စစ်ဆေးမှုအကြိမ်ကြိမ်လုပ်ဆောင်ခဲ့ရာမှ မရေရာသော ရလဒ်ထွက်ပေါ်ခဲ့ခြင်းကြောင့် တာဝန်ရှိသူများက ၎င်း အား အသွားအလာ ကန့်သတ်၍ သီးခြားစောင့်ကြည့်နေပြီး ထိတွေ့ခဲ့ဖူးသူများကို စုံစမ်းဖော်ထုတ်နေကြောင်း KCNA က ဆိုသည်။

မြောက်ကိုရီးယားသည် ရုရှားနှင့်အခြားသောနိုင်ငံများမှ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးစမ်းသပ်သည့် ကိရိယာ ထောင်ပေါင်း များစွာကို ရရှိထားပြီး နယ်စပ်ဂိတ်များကို လည်းပိတ်ထားသည်။ မြောက်ကိုရီးယားနိုင်ငံတွင် အသွားအလာကန့်သတ်၍ သီးခြားစောင့်ကြည့်ခံရသူ ထောင်ပေါင်းများစွာ ရှိသော်လည်း COVID-19ပိတ်ပင်ကန့် သတ်ချက်များကို မကြာသေးမီက ဖြေလျှော့ ပေးခဲ့သည်။ယခုလအတွင်း တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်ကို တရားမဝင် ဖြတ်ကျော်၍ တောင်ကိုရီးယားနိုင်ငံဘက်မှ မြောက်ကိုရီးယားနိုင်ငံတွင်းသို့။

ဝင်ရောက်လာသူတစ်ဦးတွင် COVID-19 ကူးစက်ခံထားရသည်ဟု သံသယရှိမှု ထွက်ပေါ်လာပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် အရေးပေါ် အစည်းအဝေးကို ခေါ်ယူခဲ့ကြောင်း KCNA သတင်းဌာနက ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတွင်း သို့ ဝင်ရောက်လာသူတွင် ကိုရိုနာ ကူးစက်ခံထားရသည်ဟူသော အတည်ပြုချက်ထွက်ရှိလာပါက ယင်းသည် မြောက်ကိုရီးယားက ပထမ ဆုံးအကြိမ် တရားဝင်အတည်ပြုသည့် ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်လာလိမ့်မည်ဖြစ်သည်။

ယင်းမတိုင်မီ နိုင်ငံတွင်း၌ COVID-19 အတည်ပြုလူနာ တစ်ဦးမျှ မရှိကြောင်း မြောက်ကိုရီးယားအာဏာပိုင်များက ပြောကြားထားကြ သည်။KCNA သတင်းဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံတွင်းသို့ ဝင်ရောက်လာသော လူပုဂ္ဂိုလ်သည် လွန်ခဲ့သည့်သုံးနှစ်က တောင်ကိုရီး ယားသို့ ထွက်ပြေးခဲ့သူဖြစ်ပြီး ၎င်းသည် နောက်ပိုင်းတွင် တောင်-မြောက် နှစ်နိုင်ငံကို ပိုင်းခြားထားသော၊ တပ်အင်အား အခိုင်အမာချ ထားသည့် နယ်စပ်ကို ကျော်ဖြတ်၍ မြောက်ကိုရီးယားနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း၊သိရသည်။

၎င်းတွင် COVID-19 ရောဂါပိုး ကူးစက်ခံထားရသည်ဟု ယူဆရသော ရောဂါလက္ခဏာများရှိကြောင်း သိရသည်။ကမ္ဘာပေါ်တွင် တပ်အင် အားအစောင့် အကြပ်ကြီးလေးစွာချထားသည့် နေရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော နှစ်နိုင်ငံ နယ်စပ်အား ပြည်ပြေးတစ်ဦး မည်သို့ ဖြတ် ကျော်ခဲ့သည်ကို KCNA က အသေးစိတ် မရှင်းလင်းခဲ့သော်လည်း ယင်းဖြစ်ရပ်ကို စုံ စမ်းစစ်ဆေးနေပြီး တာဝန်ရှိသည့် တပ်ဖွဲ့ အနေ ဖြင့် ကြီးလေးသော ပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့်သုံးနှစ်က မြောက်ကိုရီးယားပြည်ပြေးတစ်ဦး တောင်ကိုရီးယားသို့ ဝင်ရောက်ခဲ့သည့် နေရာဖြစ်သော ကေဆောင်းမြို့တွင် အရေးပေါ်ဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သံသယရှိသော ထိုလူပုဂ္ဂိုလ်သည် နှစ်နိုင်ငံနယ်နိမိတ်မျဉ်း ကို တရားမဝင်ဖြတ်ကျော်ခဲ့ပြီးနောက် ဇူလိုင် ၁၉ ရက်တွင် မြောက်ကိုရီးယားနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း KCNA က ဆိုသည်။

REF:   ELEVEN  MEDIA

Add a Comment

Your email address will not be published. Required fields are marked *