လႈိင္းဘြဲၿမိဳ႕နယ္တြင္ (၃)တန္း ေက်ာင္းသူေလးကို အဓၼ ျပဳက်င့္္သူအား မွန္ကန္စြာ အေရး ယူေပးရန္ မိခင္ျဖစ္သူ ေတာင္းဆို

ျပဳက်င့္ ခံရတဲ့ ဒဏ္ရာ ကို ေဆးကုသမႈ ခံယူႏိုင္ ဖို႔ လႈိင္းဘြဲ ေဆး႐ုံကို ရဲေဆးစာနဲ႔ ပို႔ေဆာင္ခဲ့ေပမယ့္ ေဆး႐ုံ တာဝန္ရွိသူေတြ က ဒဏ္ရာ အေျခအေနေၾကာင့္ ဘားအံေဆး႐ုံႀကီးကို လႊဲေျပာင္းေဆးကုသမႈခံယူေစခဲ့ရသလို႔ လက္ရွိ မွာ သမီးျဖစ္သူ ဟာ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံ စာ ေနရတယ္လို႔ မိခင္ျဖစ္သူက ဆိုပါတယ္။အ႐ြယ္ မေရာက္ေသး တဲ့သူကို အလိုမတူဘဲ အဓမၼျပဳက်င့္ခဲ့သူကို အေရးယူေပးဖို႔ မိခင္ျဖစ္သူ က ထီလုံ နယ္ေျမရဲစခန္းကို တိုင္တန္းခဲ့တဲ့အတြက္ မုဒိမ္းမႈ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ နဲ႔ ဖမ္းဆီးၿပီး တရားစြဲတင္ခဲ့ရာမွာ တရားလို အေနနဲ႔ ႐ုံးခ်ိန္း ၃ ေခါက္ သြားေရာက္ အစစ္ခံရၿပီး ျဖစ္ပါ တယ္ ။

ကရင္ ျပည္နယ္ ၊ လႈိင္းဘြဲ ၿမိဳ႕နယ္ မွာ အဓၼ ျပဳက်င့္္ သူကို ဥပေဒ အရ တိက် မွန္ကန္ စြာ အေရးယူ ေပးဖို႔ အဓမၼ ျပဳက်င့္ခံ ရတဲ့ (၃)တန္း ေက်ာင္းသူ ရဲ႕ မိခင္ က ေတာင္းဆို ပါတယ္။ အဓမၼ ျပဳက်င့္ခဲ့သူကို အ႐ြယ္ မေရာက္ေသးသူ အျဖစ္ ေျပာင္းလဲအမႈဖြင့္လွစ္ ခဲ့တဲ့အျပင္ အာ မခံ ေပးထားတဲ့အေပၚ တရားဥပေဒအရ မွန္ ကန္စြာ ျပစ္ ဒဏ္ ေပးႏိုင္ ဖို႔ အတြက္ တာဝန္ ရွိသူ ေတြ ကူညီ ေဆာင္႐ြက္ေပး ဖို႔ ဇူလိုင္ (၂၆)ရက္ ေန႔ က အမႈဖြင့္လွစ္ ခဲ့တဲ့ (၃) တန္းေက်ာင္း သူရဲ႕ မိခင္ က ေျပာပါ တယ္ ။လႈိင္းဘြဲ႕ ၿမိဳ႕နယ္၊ ထီလုံ နယ္ေျမ ရဲစခန္းက အ လိုမတူ ဘဲ အဓမၼျပဳ က်င့္ခဲ့သူ ေမာင္ ဝင္း (အသက္ ၁၈ ႏွစ္ ၁ လ) ကို အမႈဖြင့္ လွစ္ ခဲ့ရာ မုဒိမ္း မႈ ပုဒ္ မ (၃၇၆)နဲ႔ ဖမ္းဆီး စစ္ေဆး ခဲ့ပါတယ္။

လႈိင္းဘြဲ တရား႐ုံး ကို တရား စြဲဆို ရာမွာ အသက္ မျပည့္ေသး တဲ့ လူငယ္ အေနနဲ႔ အ မႈေျပာင္းလဲ ဖြင့္လွစ္ ခဲ့တဲ့ အေပၚ အခုလို ေျပာဆို လိုက္ တာပါ။ဒီ ေလာက္ ကေလး အေပၚ အႀကိမ္ႀကိမ္ေစာ္ ကားထား တာ။ အိမ္ မွာ လာၿပီး ညႇိႏႈိင္း ၾကတယ္။ တခု ပဲေျပာခ်င္ တယ္။ သား သမီးျခင္း ကိုယ္ခ်င္း စာေစခ်င္ တယ္ ။ လူမဆန္ တဲ့လုပ္ရပ္ ကို ဥပေဒ အရ မွန္မွန္ ကန္ကန္ အျပစ္ေပး ဖို႔ပဲ ေတာင္းဆို ခ်င္ တယ္။” လႈိင္း ဘြဲ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႈး ရဲမႈး ဆန္းဦး က “အဲဒါ ကေတာ့ လဝ က အိမ္ေထာင္စု စာရင္း အရ သူ က အသက္က မျပည့္ ဘူးျဖစ္ေန တယ္ ။ စိစစ္ ေတြ႕ရွိ အရ စာ႐ြက္ စာတမ္း အေထာက္ အထားနဲ႔ တင္တဲ့ အခါက်ေတာ့ အသက္ က မျပည့္ ေသးျဖစ္ေန တယ္ ” လို႔ ေျပာ ပါတယ္။

အမႈကို တရားစြဲတင္ခဲ့တဲ့ေနာက္ ၿမိဳ႕နယ္တရား႐ုံးက အသက္ မျပည့္ ေသး တဲ့အတြက္ အာမခံေပးတာျဖစ္ၿပီး အာမခံေပးတာက တရား႐ုံး အပိုင္ျဖစ္တယ္လို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးက ေျပာ ပါတယ္။ထီလုံ ေက်း႐ြာ မွာ ဧၿပီ (၁၄) ရက္ မနက္ပိုင္းက အသက္ ၁၁ ႏွစ္အ႐ြယ္ ၃ တန္း ေက်ာင္းသူဟာ ေက်း႐ြာအနီးက လယ္ကြင္း မွာ ဆိတ္ေက်ာင္း ရင္း ထန္းပင္ေအာက္ နားေနခိုက္ တစ္႐ြာတည္းေန အိမ္နီး ခ်င္းျဖစ္သူ ေမာင္းဝင္ (ခ) စတီးရား(အသက္ ၁၈ ႏွစ္ ၁ လ) ေရာက္ရွိ လာၿပီး အနီးရွိလယ္ကြက္အတြင္း ေခၚေဆာင္သြားၿပီး အလိုမတူဘဲ ၃ ႀကိမ္ အဓမၼျပဳ က်င့္ ခဲ့တာပါ။

crd:dvb news

UNICODE

ပြုကျင့် ခံရတဲ့ ဒဏ်ရာ ကို ဆေးကုသမှု ခံယူနိုင် ဖို့ လှိုင်းဘွဲ ဆေးရုံကို ရဲဆေးစာနဲ့ ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံ တာဝန်ရှိသူတွေ က ဒဏ်ရာ အခြေအနေကြောင့် ဘားအံဆေးရုံကြီးကို လွှဲပြောင်းဆေးကုသမှုခံယူစေခဲ့ရသလို့ လက်ရှိ မှာ သမီးဖြစ်သူ ဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံ စာ နေရတယ်လို့ မိခင်ဖြစ်သူက ဆိုပါတယ်။အရွယ် မရောက်သေး တဲ့သူကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သူကို အရေးယူပေးဖို့ မိခင်ဖြစ်သူ က ထီလုံ နယ်မြေရဲစခန်းကို တိုင်တန်းခဲ့တဲ့အတွက် မုဒိမ်းမှု ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးပြီး တရားစွဲတင်ခဲ့ရာမှာ တရားလို အနေနဲ့ ရုံးချိန်း ၃ ခေါက် သွားရောက် အစစ်ခံရပြီး ဖြစ်ပါ တယ် ။

ကရင် ပြည်နယ် ၊ လှိုင်းဘွဲ မြို့နယ် မှာ အဓ္မ ပြုကျင့်် သူကို ဥပဒေ အရ တိကျ မှန်ကန် စွာ အရေးယူ ပေးဖို့ အဓမ္မ ပြုကျင့်ခံ ရတဲ့ (၃)တန်း ကျောင်းသူ ရဲ့ မိခင် က တောင်းဆို ပါတယ်။ အဓမ္မ ပြုကျင့်ခဲ့သူကို အရွယ် မရောက်သေးသူ အဖြစ် ပြောင်းလဲအမှုဖွင့်လှစ် ခဲ့တဲ့အပြင် အာ မခံ ပေးထားတဲ့အပေါ် တရားဥပဒေအရ မှန် ကန်စွာ ပြစ် ဒဏ် ပေးနိုင် ဖို့ အတွက် တာဝန် ရှိသူ တွေ ကူညီ ဆောင်ရွက်ပေး ဖို့ ဇူလိုင် (၂၆)ရက် နေ့ က အမှုဖွင့်လှစ် ခဲ့တဲ့ (၃) တန်းကျောင်း သူရဲ့ မိခင် က ပြောပါ တယ် ။လှိုင်းဘွဲ့ မြို့နယ်၊ ထီလုံ နယ်မြေ ရဲစခန်းက အ လိုမတူ ဘဲ အဓမ္မပြု ကျင့်ခဲ့သူ မောင် ဝင်း (အသက် ၁၈ နှစ် ၁ လ) ကို အမှုဖွင့် လှစ် ခဲ့ရာ မုဒိမ်း မှု ပုဒ် မ (၃၇၆)နဲ့ ဖမ်းဆီး စစ်ဆေး ခဲ့ပါတယ်။

လှိုင်းဘွဲ တရားရုံး ကို တရား စွဲဆို ရာမှာ အသက် မပြည့်သေး တဲ့ လူငယ် အနေနဲ့ အ မှုပြောင်းလဲ ဖွင့်လှစ် ခဲ့တဲ့ အပေါ် အခုလို ပြောဆို လိုက် တာပါ။ဒီ လောက် ကလေး အပေါ် အကြိမ်ကြိမ်စော် ကားထား တာ။ အိမ် မှာ လာပြီး ညှိနှိုင်း ကြတယ်။ တခု ပဲပြောချင် တယ်။ သား သမီးခြင်း ကိုယ်ချင်း စာစေချင် တယ် ။ လူမဆန် တဲ့လုပ်ရပ် ကို ဥပဒေ အရ မှန်မှန် ကန်ကန် အပြစ်ပေး ဖို့ပဲ တောင်းဆို ချင် တယ်။” လှိုင်း ဘွဲ မြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုး ဆန်းဦး က “အဲဒါ ကတော့ လဝ က အိမ်ထောင်စု စာရင်း အရ သူ က အသက်က မပြည့် ဘူးဖြစ်နေ တယ် ။ စိစစ် တွေ့ရှိ အရ စာရွက် စာတမ်း အထောက် အထားနဲ့ တင်တဲ့ အခါကျတော့ အသက် က မပြည့် သေးဖြစ်နေ တယ် ” လို့ ပြော ပါတယ်။

အမှုကို တရားစွဲတင်ခဲ့တဲ့နောက် မြို့နယ်တရားရုံးက အသက် မပြည့် သေး တဲ့အတွက် အာမခံပေးတာဖြစ်ပြီး အာမခံပေးတာက တရားရုံး အပိုင်ဖြစ်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြော ပါတယ်။ထီလုံ ကျေးရွာ မှာ ဧပြီ (၁၄) ရက် မနက်ပိုင်းက အသက် ၁၁ နှစ်အရွယ် ၃ တန်း ကျောင်းသူဟာ ကျေးရွာအနီးက လယ်ကွင်း မှာ ဆိတ်ကျောင်း ရင်း ထန်းပင်အောက် နားနေခိုက် တစ်ရွာတည်းနေ အိမ်နီး ချင်းဖြစ်သူ မောင်းဝင် (ခ) စတီးရား(အသက် ၁၈ နှစ် ၁ လ) ရောက်ရှိ လာပြီး အနီးရှိလယ်ကွက်အတွင်း ခေါ်ဆောင်သွားပြီး အလိုမတူဘဲ ၃ ကြိမ် အဓမ္မပြု ကျင့် ခဲ့တာပါ။

crd:dvb news

Add a Comment

Your email address will not be published. Required fields are marked *