လွှတ်တော်ဥက္ကဌဟောင်း သူရ ဦးရွှေမန်းကြီးတောင် စိတ်ဝင်စား ခဲ့ရတဲ့ အတိုင်ပင်ခံ ရဲ့ အိတ်အပြာလေးထဲ က အရာများ

ကျွန်တော် တို့ သိချင်နေတဲ့ အမေစု အိတ်ပြာလေးထဲမှာဘာတွေရှိလဲဘာတွေပါလဲသိချင်ကြတယ် ခုတော့ရှင်းပါပြီ အမေ့နားမှာ အမြဲနေနေ ဆဲ အိတ်ပြာလေးကို အမြဲလွယ်ခဲ့တဲ့အမေ့အပါးတော်မြဲ ကိုစိုးဝင်းတောင်မှမသိပါဘူး။ မသိချင်ပါဘူးဆိုမှတော့ ကျွန်တော်တို့လဲ မသိချင်ပါ နဲ့တော့ဗျာ…ဒီလောက်ထိ ခေါင်းဆောင်အပေါ်မှာ သစ္စာရှိမှု စောင့်စည်းမှုတွေနဲ့ အပြည့်အဝ တာဝန်ယူခဲ့တဲ့သူကြီး… အမေက ပုဆိုးလေး တထည် ပေးတာတောင် မယူခဲ့တဲ့သူ…။

ခုတော့ သီလ သမာဓိ သစ္စာတရားတွေ အပြည့်ရှိနေတဲ့ ခေါင်းဆောင်ဘေးနားမှာ နေခဲ့တဲ့သူ ဆိုတော့… ကောင်းရာ သုဂတိလားမှာပါ…အဲ ဒီအိတ်ပြာလေးကိုအမေ ၂၀၁၁ အကျယ်ချူပ်ကထွက်လာပြီးကထဲက အမေသွားလေရာပါတတ်တယ်.. အမေ့ရဲ့အပါးတော်မြဲဖြစ်တဲ့ အကို ကြီးကိုစိုးဝင်းလွယ်လေ့ရှိပါတယ်။ ပြည်တွင်းသာမကပြည်ပခရီးစဉ်တွေမှာပါ အဲဒီလွယ်အိတ်အပြာလေးပါပါတယ်။ အမေလိုအပ်တဲ့ အခါ တိုင်းလဲကိုစိုးဝင်းဆီကတောင်းယူတတ်ပါတယ်။

နောက်ပိုင်းမှာတော့ နိုင်ငံတော် အဆင့်တာဝန်တွေထမ်းဆောင်တဲ့အခါ အစိုးရက (ပြည်ထဲရေး အထူးရဲတပ်ဖွဲ့ STF) တာဝန်ပေးတဲ့ သက် တော်စောင့်တွေကိုင်တာ တွေ့ရပါတယ် ။တစ်ရက်… အမေ့ရဲ့တက္ကသိုလ်ရိပ်သာလမ်းက ခြံနံပါတ် ၅၄ မှာအလှုတခုလုပ်ပါတယ်။ သူရ ဦး ရွှေမန်းလဲလာပါတယ် အမေနဲ့စကားပြောပြီး အပြန်ကိုစိုးဝင်းကကားနားအထိလိုက်ပို့ပါတယ်။ သူရဦးရွှေမန်းက ကားပေါ်မတက်ခင် ကိုစိုး ဝင်းကိုမေးတယ် “ဦးစိုးဝင်း ခင်ဗျားအဲအိတ်ကြီးတလွယ်လွယ်နဲ့ လက်ကမချဘူးဘာတွေပါလို့လဲ ” တဲ့ ကိုစိုးဝင်းပြုံးနေပါတယ်။

ဘာမှမဖြေ ခဲ့ပါဘူး။အမှန်တိုင်းပြောရရင် သူရဦးရွှေမန်းတင်မကဘူး ကျွန်တော်လဲဘာတွေပါတယ်ဆိုတာသိချင်ပါတယ် ။ အမေသွားလေ ရာ အမြဲယူသွားတတ်တဲ့အိတ်ပြာလေး ဘာတွေများပါလဲပေါ့ သိချင်လာတယ်။ တနေ့ ကိုစိုးဝင်းနဲ့ကျွန်တော် အေးအေးဆေးဆေး စကား ပြောချိန်ရခဲ့တယ် “အကို ညီလေးသိချင်တယ် အဲထဲမှာဘာတွေပါလဲ ” “ဘာလို့သိချင်တာလဲ ကိုဖက်” “အော်အကိုရယ် ကျွန်တော်အမေ့ကို ကြည်ညိုတာ အကိုလဲသိသားနဲ့ အမေနဲ့ပတ်သတ်တာဆိုအရာရာကိုစိတ်ဝင်စားတာပေါ့သိချင်တာပေါ့” ။

“အေးဗျာ လူအတော်များများကလဲမေးကြတယ် ဘာတွေလဲပေါ့၊ အစိုးရပိုင်းလူကြီးတဦးကဆို သေနတ်လားလို့မေးတယ်ဗျ” “အေးဗျကျွန် တော်လဲ သိချင်တယ်ပြောပြပါဗျာ”“ပြောပြပါမယ်” ” အဲဒီအိတ်ကလေးကို ကျွန်တော်အမြဲလွယ်ထားတယ်။ ခရီးသွားလေရာလဲ အမြဲယူ သွားတယ် အမတောင်းတဲ့အခါတိုင်း ကျွန်တော်ပေးရတယ်” (ကိုစိုးဝင်းက အမေဒေါ်အောင်ဆန်းစုကြည်ကို အမလို့ခေါ်ပါတယ်) ” အိမ်က ထွက်တော့မယ်ဆို အဲအိတ်ပြာကလေး ကျွန်တော့ဆီကိုအခု မဝေ လာပေးတယ် မဝေမရှိခင်ကအရင်တယောက်ပေါ့။

ဒီအိတ်ကလေးကကြာပြီလေ ”။ကိုဖက်” ” ဗျာ” ကျွန်တော်အမှန်တိုင်းပြောမယ်နော်” ” ဟုတ် အကို ” ” အဲဒီအိတ်ပြာလေးထဲမှာ ဘာတွေ ပါတယ်ဆိုတာ ” ကိုစိုးဝင်း စီးကရက်တစ်လိပ်ကို မီးညှိလိုက်တယ်။ မီးခိုးငွေ့တွေမှုတ်ထုတ်ရင်း ” ကျွန်တော်တကယ်မသိဘူး ” ” ကျွန် တော်တကယ်မသိဘူး ” ” ဟင် ” “တကယ်ပြောတာ မညာဘူး ” ” ကျွန်တော်တို့ခေါင်းဆောင်က အမျိုးသမီးလေ ကျွန်တော်က နေရာတ ကာစပ်စုလို့မကောင်းဘူး သိစေချင်တာရှိသလိုမသိစေအပ်တဲ့အရာတွေလဲရှိချင်ရှိမှာပေါ့ အဲတာကြောင့် ကျွန်တော် စည်းထားလိုက်တယ်။

အမတောင်းတဲ့အခါ ပေးလိုက်တယ် ကျွန်တော်လွယ်ထားရပေမယ့် ဘယ်တော့မှဖွင့်မကြည့်ဘူး ဘာတွေလဲလို့မေးလဲမကြည့်ဘူး ကျွန် တော် ဘယ်တုန်းကမှ ဖွင့်မကြည့်ခဲ့ဘူး မစပ်စုခဲ့ဘူး။သိလဲမသိချင်ခဲ့ဘူး သိအောင်လဲကြိုးစားမှာမဟုတ်ဘူး အိတ်ပြာလေးနဲ့ပတ်သတ်လို့ ကျွန်တော့အလုပ်က မတောင်းရင် လွယ်ထားမယ် တောင်းရင်ပေးလိုက်မယ် ဒါတာဝန်ဘဲ။”ကျွန်တောနားလည်ပြီ ကိုစိုးဝင်း အဲတာဆို ခုနောက်ပိုင်း ခင်ဗျားမလိုက်ဖြစ်တဲ့ ပြည်ပခရီးစဉ်တွေမှာဆိုရင်ရော။ ”

ကျွန်တော်သေချာမှာထားတယ် လုံခြုံရေးယူတဲ့ကလေးမလေးတွေကို ကျွန်တော်ဘယ်လိုနေတယ် ဘာလိုလုပ်တယ်ဆိုတာ အမနဲ့ပါတ် သတ်တာတွေအတော်များများ အကုန်ပြောပြထားတယ် ကလေးမလေးတွေကလဲ ကောင်းကောင်းနားထောင်ကြတယ်။ နားလည်ကြတယ် ။သူတို့လဲ အမနားမှာကြာလာတော့ တာဝန်ဆိုတာထက်ပိုနားလည်လည်ကြတယ် ကျွန်တော်စိတ်ချရတယ် လို့ ပြောပါတယ်။

Chan Aye MgMg

REF: SHWE WIKI

UNICODE

Add a Comment

Your email address will not be published. Required fields are marked *