အတိုင်ပင်ခံပုဂ္ဂိုလ်၏ သက်တော်စောင့်ကြီး ဦးစိုးဝင်း၏ရုပ်ကလာပ်ကို နေပြည်တော်မှ မိသားစုရှိရာရန်ကုန်သို့သယ်ဆောင်



REF: THE LADIES NEWS

UNICODE

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၏ အထူး အားထားရသော သက်တော် စောင့် အဖြစ် တာဝန်ယူထားသူ အသက် ၅၈ နှစ်အရွယ် ဦးစိုးဝင်းသည် ယနေ့ မွန်းလွဲ ၂ နာရီခန့်က သွေးတိုးရောဂါ ဖြင့် ဦးနှောက်သွေးကြောပြတ်၍ နေပြည်တော်တွင် ရုတ်တရက် ကွယ်လွန်သွားကြောင်း ကြားသိရသည်။

ဦးစိုးဝင်းသည် နိုင်ငံတော် အတိုင်ပင်ခံ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် ၏ နံဘေးတွင် သက်တော်စောင့်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူ ဝန်းရံခဲ့သောသုံးရောင်ချယ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။သက်တော်စောင့်ကြီး ဦးစိုးဝင်း၏ရုပ်ကလာပ်ကို နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံမှ သူ၏မိသားစုရှိရာ ရန်ကုန်သို့ ယနေ့(ဇူလိုင် ၂၆) နံနက် ၁၁ နာရီက သယ်ဆောင်ထွက်ခွါလာခဲ့ကြောင်း သိရသည်။

REF:   THE  LADIES  NEWS

Add a Comment

Your email address will not be published. Required fields are marked *