ႏိုင္ငံတကာမွ ျမန္မာအေပၚ စီးပြားေရးပိတ္ဆို႔ရန္ ဘဂၤလားေဒ့ရွ္၏ ေျပာၾကားခ်က္ႏွင့္ပတ္သက္၍ သံအမတ္ႀကီးကိုဆင့္ေခၚကန႔္ကြက္

ႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးစိုးဟန္သည္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ မၾကာေသးမီက သတင္းထုတ္ ျပန္ခ်က္ တြင္ ျမန္မာႏိုင္ငံအေပၚ ႏိုင္ငံတကာမွ စီးပြားေရး ကန႔္သတ္ပိတ္ ဆို႔မႈမ်ား ျပဳလုပ္ရန္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးက ပန္ ၾကားခဲ့ ေၾကာင္း ထည့္သြင္းေဖာ္ျပခ်က္ အေပၚ စိတ္ပ်က္မိေၾကာင္းႏွင့္ ႏွစ္ ႏိုင္ငံအေရးကိစၥမ်ားကို ေျဖရွင္း ေရးတြင္ အေထာက္အကူမျပဳ ႏိုင္သည့္ ဘဂၤလားေဒ့ရွ္၏ မလိုမုန္းထားလုပ္ရပ္မ်ားကို ကန႔္ကြက္ေၾကာင္း ဘဂၤလားေဒ့ရွ္ သံအမတ္ႀကီး ကို ေျပာၾကား လိုက္သည္။

ျမန္မာအေပၚ ႏိုင္ငံတကာက စီးပြားေရးပိတ္ဆို႔မႈ ျပဳလုပ္ရန္ ဘဂၤလားေဒ့ရွ္၏ ေျပာ ၾကားခ်က္ကို စိတ္ပ်က္မိေၾကာင္း ျမန္မာႏိုင္ငံျခားေရး ဝန္ႀကီးဌာန က ဘဂၤလားေဒ့ရွ္ သံအမတ္ႀကီး ကို ဆင့္ေခၚကန႔္ကြက္သည္။ႏိုင္ငံျခားေရးဝန္ႀကီးဌာန အ ၿမဲတမ္းအတြင္းဝန္ ဦးစိုးဟန္သည္ ျမန္မာႏိုင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွ္ သံအမတ္ႀကီးကို ဇူလိုင္ ၂၄ ရက္တြင္ ေနျပည္ေတာ္သို႔ ဆင့္ေခၚ ကန႔္ကြက္ခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံျခားေရး အၿမဲတမ္း အတြင္းဝန္က ေနရပ္စြန႔္ခြာသူ မ်ားအေရးႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံသည္ ႏွစ္ႏိုင္ငံအၾကားရရွိခဲ့ သည့္ သေဘာ တူညီခ်က္မ်ားႏွင့္ အညီ ေျဖရွင္းသြားရန္ အဆင္သင့္ရွိေၾကာင္းႏွင့္ ႏွစ္ဖက္စလုံးက အဆိုပါ သေဘာတူညီခ်က္မ်ားကို တိက်စြာ အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္သြားရန္ လိုအပ္ ေၾကာင္း ေျပာၾကားခဲ့သည္ဟု ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

REF: 7DAY DAILY

UNICODE

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မကြာသေးမီက သတင်းထုတ် ပြန်ချက် တွင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ စီးပွားရေး ကန့်သတ်ပိတ် ဆို့မှုများ ပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပန် ကြားခဲ့ ကြောင်း ထည့်သွင်းဖော်ပြချက် အပေါ် စိတ်ပျက်မိကြောင်းနှင့် နှစ် နိုင်ငံအရေးကိစ္စများကို ဖြေရှင်း ရေးတွင် အထောက်အကူမပြု နိုင်သည့် ဘင်္ဂလားဒေ့ရှ်၏ မလိုမုန်းထားလုပ်ရပ်များကို ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ကို ပြောကြား လိုက်သည်။

မြန်မာအပေါ် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ရန် ဘင်္ဂလားဒေ့ရှ်၏ ပြော ကြားချက်ကို စိတ်ပျက်မိကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန က ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ကို ဆင့်ခေါ်ကန့်ကွက်သည်။နိုင်ငံခြားရေးဝန်ကြီးဌာန အ မြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ဇူလိုင် ၂၄ ရက်တွင် နေပြည်တော်သို့ ဆင့်ခေါ် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေး အမြဲတမ်း အတွင်းဝန်က နေရပ်စွန့်ခွာသူ များအရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် နှစ်နိုင်ငံအကြားရရှိခဲ့ သည့် သဘော တူညီချက်များနှင့် အညီ ဖြေရှင်းသွားရန် အဆင်သင့်ရှိကြောင်းနှင့် နှစ်ဖက်စလုံးက အဆိုပါ သဘောတူညီချက်များကို တိကျစွာ အကောင် အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

REF:  7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *