အကယ္၍ ျမစ္ဆုံဆည္ႀကီး က်ိဳးေပါက္ ခဲ့ပါက ေရေအာက္ နစ္ျမႇဳပ္ပ်က္စီးသြား ႏိုင္မယ့္ ၿမိဳ႕႐ြာမ်ား

ျမစ္ဆုံမွာ သိုေလွာင္မယ့္ေရဟာ ကုဗမီတာသန္းေပါင္းသိန္းနဲ႔ခ်ီတယ္..။ သစ္ကားႀကီးဝင္ေဆာင့္တာကို ေၾကာက္စရာႀကီးလို႔ ျမင္မိရင္ ျမစ္ဆုံေရလုံး အႏၲရာယ္အတြက္ ႏႈိင္းစရာစကားလုံးေတာင္ရွိမွာမဟုတ္ပါဘူး။ ပင္လယ္ေရမ်က္ႏွာျပင္အထက္ အျမင့္ေပ၅၀၀သာရွိတဲ့ ျမစ္ႀကီးနားကေန ၾကမ္းတမ္းစြာစီးဆင္းတဲ့ မိုးရာသီေရထု ေရစီးအားကို သတိထားမိရင္.. ျမစ္ႀကီးနားရဲ႕အထက္ ျမစ္ဆုံကုန္းျမင့္က ေပ၅၀၀ေလာက္ထပ္ျမင့္တဲ့ ေရကာတာႀကီးကေန ဝုန္းခနဲ ျပဳတ္ထြက္လာမယ့္ ေရစီးအားရဲ႕အႏၲရာယ္ႀကီးကို ခန႔္မွန္းၾကည့္ေပေတာ့..…။

။သိုက္တူးတ႐ုတ္ေတြေၾကာင့္ က်ဳပ္တို႔ဝိညာဥ္ေတြ ပင္လယ္ဝမွာ စုၿပဳံရေတာ့မွာလား..…။ စစ္ အာဏာရွင္လူတစ္စုေၾကာင့္ က်ဳပ္တို႔တစ္ ေတြအားလုံး ျမစ္ဆုံေရကာတာေအာက္ ေန႔စဥ္ ေသြး႐ူး တန္း႐ူး စုန္းပူးေနရေတာ့မွာလား.….။ျမစ္ဆုံဆည္ဟာ သာမန္ဆည္တာ႐ိုးထက္ မ်ားစြာ ျမင့္မားတဲ့အတြက္ အခန႔္မသင့္ က်ိဳးေပါက္ခဲ့ရင္.. (တမင္တကာခ်ိဳးေဖာက္လိုက္ရင္) ေရစီးေၾကာင္းဟာ ျမစ္အတိုင္း စီးဆင္းသြား မွာမဟုတ္ပဲ.. ျမစ္ႀကီးနားအနီးက ဇီးကြၽန္းရဲ႕ေရလမ္းပိတ္ဆို႔မႈနဲ႔ ျမစ္ေကြး အေနအထား ေၾကာင့္ ျမစ္က်ိဳးအင္း ျဖစ္သြားႏိုင္ပါတယ္..။

ႀကီးမားတဲ့ေရထုဟာ စီတာပူ/သီတာ စတဲ့ ရပ္ကြက္ေတြကိုေက်ာ္ျဖတ္ၿပီး ျမစ္ႀကီးနားၿမိဳ႕ရဲ႕ခါးလယ္ကို မိနစ္ပိုင္းအတြင္းတိုက္စားသြားပါ မယ္..။ ျမစ္အေရွ႕ဘက္ ကမ္းက ဝိုင္းေမာ္ ခတ္ခ်ိဳ မခႏၲီး စတဲ့ေနရာေတြလည္း ေရေအာက္ေရာက္သြားပါမယ္..။ ေရထုဟာ မိုးရာသီေရႀကီး သလို တရိပ္ရိပ္ျမႇင့္တက္လာတာမ်ိဳးမဟုတ္သလို ေရခ်ည္းသက္သက္စီးလာမွာမဟုတ္ဘူး…။ ဆူနာမီကပ္ဆိုးလို အလြန္ႀကီးမားတဲ့ မရ ဏေရလႈိင္းႀကီးက ႐ႊံ႕ဗြက္ေတြ သစ္ပင္ေတြ ဝါး႐ုံေတြကို အုံလိုက္က်င္းလိုက္ သယ္လာၿပီး အရွိန္အဟုန္နဲ႔ ၿမိဳ႕ကို ႐ိုက္ခ်သြားပါမယ္..…။

ျမစ္ႀကီးနားနဲ႔အနီးပတ္ဝန္းက်င္တစ္ခ်ိဳ႕ဟာ သစ္လုံး/ဝါးလုံး အႂကြင္းအက်န္ေတြ ႏုန္းေျမေတြနဲ႔ဖ႐ိုဖရဲဖုံးလႊမ္းသြားပါမယ္..။ အဲ့ဒီ ေရလႈိင္း ဟာ ျမစ္ႀကီးနားမွာတင္ရပ္တန႔္ေနမွာမဟုတ္ပဲ.. ဆင္ဘို/တာေလာ/ကသာ/ဗန္းေမာ္/ သပိတ္က်င္း/မႏၲေလး/ျမင္းၿခံ/ပခုကၠဴ /ပုဂံ/ ေညာင္ဦး/ေခ်ာက္/စေလ/ေရနံေခ်ာင္း/ မင္းဘူး/မေကြး/မင္းလွ/ျပည္ /ႀကံခင္း/ဓႏုျဖဴ /ေညာင္တုန္း/မဂၤလာဒုံ/ရန္ကုန္/မအူပင္/ဘို ကေလး/ဖ်ာပုံ/ဝါးခယ္မ/ပင္လယ္ဝအထိေရာက္သြားပါမယ္..။

လူတစ္ခ်ိဳ႕ လည္း ႐ႊံ႕ေျမေအာက္ ဖို႔ၿပီးသားျဖစ္သြားပါမယ္..…။ ဆင္းရဲသည္ျဖစ္ေစ… ခ်မ္းသာသည္ျဖစ္ေစ… ပုတီးကိုင္သည္ျဖစ္ေစ… က်မ္းစာကိုင္သည္ျဖစ္ေစ… ဂီတာလြယ္သည္ျဖစ္ေစ… ေသနတ္လြယ္သည္ျဖစ္ေစ… အားလုံး အားလုံး ကိစၥတုံး မ်ိဳးသုန္းသြားႏိုင္တယ္..…။တိုက္ပြဲျဖစ္ရင္ ထိုးစစ္ဆင္တဲ့လမ္းေၾကာင္းကလူေတြ အကုန္ ေသခ်င္မွေသမယ္..…။ ျမစ္ဆုံေရ ထိုးခ်လို႔ကေတာ့ ၾကက္ ဝက္ လူ ေခြး ငိုေႂကြးခ်ိန္ေတာင္ ရလိုက္မွာမဟုတ္ပါဘူး..…။ ဒုတိယကမာၻစစ္က အႏုျမဴဗုံး တစ္လုံးဟာ ၿမိဳ႕တစ္ၿမိဳ႕ကိုပဲကိစၥတုံးေစတယ္..။ ျမစ္ဆုံ ဆည္ကေတာ့ ၿမိဳ႕ေပါင္းမ်ားစြာကို တစ္ႀကိမ္တည္းနဲ႔ ဝစီၿငိမ္းေစႏိုင္တယ္..…။

REF: LET PAN

UNICODE

မြစ်ဆုံမှာ သိုလှောင်မယ့်ရေဟာ ကုဗမီတာသန်းပေါင်းသိန်းနဲ့ချီတယ်..။ သစ်ကားကြီးဝင်ဆောင့်တာကို ကြောက်စရာကြီးလို့ မြင်မိရင် မြစ်ဆုံရေလုံး အန္တရာယ်အတွက် နှိုင်းစရာစကားလုံးတောင်ရှိမှာမဟုတ်ပါဘူး။ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ၅၀၀သာရှိတဲ့ မြစ်ကြီးနားကနေ ကြမ်းတမ်းစွာစီးဆင်းတဲ့ မိုးရာသီရေထု ရေစီးအားကို သတိထားမိရင်.. မြစ်ကြီးနားရဲ့အထက် မြစ်ဆုံကုန်းမြင့်က ပေ၅၀၀လောက်ထပ်မြင့်တဲ့ ရေကာတာကြီးကနေ ဝုန်းခနဲ ပြုတ်ထွက်လာမယ့် ရေစီးအားရဲ့အန္တရာယ်ကြီးကို ခန့်မှန်းကြည့်ပေတော့..…။

။သိုက်တူးတရုတ်တွေကြောင့် ကျုပ်တို့ဝိညာဉ်တွေ ပင်လယ်ဝမှာ စုပြုံရတော့မှာလား..…။ စစ် အာဏာရှင်လူတစ်စုကြောင့် ကျုပ်တို့တစ် တွေအားလုံး မြစ်ဆုံရေကာတာအောက် နေ့စဉ် သွေးရူး တန်းရူး စုန်းပူးနေရတော့မှာလား.….။မြစ်ဆုံဆည်ဟာ သာမန်ဆည်တာရိုးထက် များစွာ မြင့်မားတဲ့အတွက် အခန့်မသင့် ကျိုးပေါက်ခဲ့ရင်.. (တမင်တကာချိုးဖောက်လိုက်ရင်) ရေစီးကြောင်းဟာ မြစ်အတိုင်း စီးဆင်းသွား မှာမဟုတ်ပဲ.. မြစ်ကြီးနားအနီးက ဇီးကျွန်းရဲ့ရေလမ်းပိတ်ဆို့မှုနဲ့ မြစ်ကွေး အနေအထား ကြောင့် မြစ်ကျိုးအင်း ဖြစ်သွားနိုင်ပါတယ်..။

ကြီးမားတဲ့ရေထုဟာ စီတာပူ/သီတာ စတဲ့ ရပ်ကွက်တွေကိုကျော်ဖြတ်ပြီး မြစ်ကြီးနားမြို့ရဲ့ခါးလယ်ကို မိနစ်ပိုင်းအတွင်းတိုက်စားသွားပါ မယ်..။ မြစ်အရှေ့ဘက် ကမ်းက ဝိုင်းမော် ခတ်ချို မခန္တီး စတဲ့နေရာတွေလည်း ရေအောက်ရောက်သွားပါမယ်..။ ရေထုဟာ မိုးရာသီရေကြီး သလို တရိပ်ရိပ်မြှင့်တက်လာတာမျိုးမဟုတ်သလို ရေချည်းသက်သက်စီးလာမှာမဟုတ်ဘူး…။ ဆူနာမီကပ်ဆိုးလို အလွန်ကြီးမားတဲ့ မရ ဏရေလှိုင်းကြီးက ရွှံ့ဗွက်တွေ သစ်ပင်တွေ ဝါးရုံတွေကို အုံလိုက်ကျင်းလိုက် သယ်လာပြီး အရှိန်အဟုန်နဲ့ မြို့ကို ရိုက်ချသွားပါမယ်..…။

မြစ်ကြီးနားနဲ့အနီးပတ်ဝန်းကျင်တစ်ချို့ဟာ သစ်လုံး/ဝါးလုံး အကြွင်းအကျန်တွေ နုန်းမြေတွေနဲ့ဖရိုဖရဲဖုံးလွှမ်းသွားပါမယ်..။ အဲ့ဒီ ရေလှိုင်း ဟာ မြစ်ကြီးနားမှာတင်ရပ်တန့်နေမှာမဟုတ်ပဲ.. ဆင်ဘို/တာလော/ကသာ/ဗန်းမော်/ သပိတ်ကျင်း/မန္တလေး/မြင်းခြံ/ပခုက္ကူ /ပုဂံ/ ညောင်ဦး/ချောက်/စလေ/ရေနံချောင်း/ မင်းဘူး/မကွေး/မင်းလှ/ပြည် /ကြံခင်း/ဓနုဖြူ /ညောင်တုန်း/မင်္ဂလာဒုံ/ရန်ကုန်/မအူပင်/ဘို ကလေး/ဖျာပုံ/ဝါးခယ်မ/ပင်လယ်ဝအထိရောက်သွားပါမယ်..။

လူတစ်ချို့ လည်း ရွှံ့မြေအောက် ဖို့ပြီးသားဖြစ်သွားပါမယ်..…။ ဆင်းရဲသည်ဖြစ်စေ… ချမ်းသာသည်ဖြစ်စေ… ပုတီးကိုင်သည်ဖြစ်စေ… ကျမ်းစာကိုင်သည်ဖြစ်စေ… ဂီတာလွယ်သည်ဖြစ်စေ… သေနတ်လွယ်သည်ဖြစ်စေ… အားလုံး အားလုံး ကိစ္စတုံး မျိုးသုန်းသွားနိုင်တယ်..…။တိုက်ပွဲဖြစ်ရင် ထိုးစစ်ဆင်တဲ့လမ်းကြောင်းကလူတွေ အကုန် သေချင်မှသေမယ်..…။ မြစ်ဆုံရေ ထိုးချလို့ကတော့ ကြက် ဝက် လူ ခွေး ငိုကြွေးချိန်တောင် ရလိုက်မှာမဟုတ်ပါဘူး..…။ ဒုတိယကမ္ဘာစစ်က အနုမြူဗုံး တစ်လုံးဟာ မြို့တစ်မြို့ကိုပဲကိစ္စတုံးစေတယ်..။ မြစ်ဆုံ ဆည်ကတော့ မြို့ပေါင်းများစွာကို တစ်ကြိမ်တည်းနဲ့ ဝစီငြိမ်းစေနိုင်တယ်..…။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *