ဖြစ်နိုင်ရင်ယုန်လေးကို လက်ထပ်စေချင်တယ်လို့ ပြောတဲ့ ပရိသတ်အပေါ် ပြန်လည် တုံ့ပြန်လိုက်တဲ့ ဖြူဖြူထွေး




REF: LET PAN

UNICODE

ဖြူဖြူထွေးနဲ့ ယုန်လေးကတော့ ပရဟိတစိတ် ပြင်းထန်သူတွေဖြစ်တာမို့ ပရိသတ်တွေ မျက်စိထဲမှာ တွဲလျက်သား မြင်နေကြတာ ဖြစ်မှာ ပါ။ပရိသတ်ကြီးလည်း ထိုပရိသတ် ရဲ့ ကောမန့်ကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း လိုက်ပါတယ်နော်။

အဆိုတော် ယုန်လေးကတော့ ဂီတလောက၊ သရုပ်ဆောင်လောက မှာပါ ကျော်ကြားရုံသာမက ကူညီတတ်ပြီး သူတစ်ပါးအပေါ် အနစ်နာခံ တတ်တာကြောင့် ပရိသတ်တွေကြားမှာပါ ကောင်းသတင်းနဲ့ ကျော်ကြားသူတစ်ယောက်ပါ။ ယုန်လေးလိုပဲ ဖြူဖြူထွေးကလည်း ချို့တဲ့တဲ့ ဘဝကနေ ကြီးပြင်းလာရသူမို့ သူမ အထိုက်အလျောက်အောင်မြင်လာတဲ့အခါမှာ အလှူအတန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာပါ။

ဒီကနေ့မှာတော့ ယုန်လေးက ဖြစ်နိုင်ရင် ဖြူဖြူထွေး နဲ့ ယုန်လေးကို လက်ထပ်စေချင်တယ်လို့ပြောတဲ့ ပရိသတ်ရဲ့စကားအပေါ် သဘော ကျစွာနဲ့ အခုလိုပဲပြောလာပါတယ်။ယုန်လေးက “Haa haa haaa . ဟိုက ဘောပြား။ ပြီးတော့ မောင်နှစ်မတွေ ကိုကွာ ငါရွာမှာ ဘောစိဆို တဲ့ သားကြီးရေ.. လာပေးစားနေတယ် လုပ်ဦး” ဆိုပြီး ဖြူဖြူထွေးကိုပါ စနောက်ကျီစယ်ထားပါတယ်။

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *