(၂၀၂၀)ေ႐ြးေကာက္ပြဲတြင္ မဲမေပးရန္ လူမႈကြန္ရက္တြင္ လႈံ႕ေဆာ္မႈမ်ားရွိေနၿပီး ထိုလုပ္ရပ္ကို NLDအေနျဖင့္ လက္မခံေၾကာင္း ေျပာၿပီ

လာမည့္ ႏိုဝင္ဘာလ ၈ ရက္တြင္အေထြေထြေ႐ြးေကာက္ပြဲႀကီးကို က်င္းပသြားမည္ျဖစ္ၿပီး ပါတီေပါင္း ၉၃ ပါတီမွ ယွဥ္ၿပိဳင္သြားမည္ ျဖစ္ ေၾကာင္း၊ ယင္းအျပင္ လက္ရွိအာဏာရပါတီအေနျဖင့္ တိုင္းေဒသႀကီးမ်ားတြင္ စိတ္ပူစရာမလိုေသာ္လည္း တိုင္းရင္းသားျပည္နယ္မ်ားတြင္ အက်ိတ္အနယ္ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း သိရသည္။

လူမႈကြန္ရက္မွာ လႈံ႕ေဆာ္ေနသည့္ No Vote ဆိုတာက တကယ္ေတာ့ မေကာင္းဘူး၊ မဲကေတာ့ေပးသင့္တယ္၊ ကြၽန္ေတာ္တို႔လည္း ၂၀၁၅ မွာ NLD ကိုမဲေပးခဲ့တာပဲ၊ ဒါေပမဲ့ေ႐ြးခ်ယ္စရာမရွိဘူးျဖစ္ေနတယ္၊ NLD ကိုအယုံအၾကည္မရွိလို႔လည္း ကိုယ္တိုင္ေ႐ြးေကာက္ပြဲဝင္ ၿပိဳင္ တာ” ဟုတစ္သီးပုဂၢလဝင္ေရာက္ယွဥ္ၿပိဳင္မည့္ အလုပ္သမားအေရးလႈပ္ရွားသူ ဦးေဌးက ေျပာသည္။

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ျပည္သူအမ်ားစုသည္ ေ႐ြးခ်ယ္စရာပါတီမရွိသည့္အတြက္ လူမႈကြန္ရက္တြင္ မဲမေပးရန္ လႈံ႕ေဆာ္မႈမ်ားရွိေနၿပီး NLD ပါတီအေနျဖင့္ No Vote လက္မခံေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ျပန္ၾကားေရးေကာ္မတီအတြင္းေရးမႉး မုံ႐ြာေအာင္ရွင္က ေျပာသည္။ျပည္သူမ်ားက အေျပာင္းအလဲလိုလားသည့္အတြက္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ တခဲနက္ NLD ပါတီကိုမဲထည့္ခဲ့သည္။

သို႔ေသာ္ေမွ်ာ္လင့္ထားသလိုျဖစ္မလာသည့္အတြက္ စိတ္ပ်က္မႈမ်ားရွိေနၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ NO Vote မ်ားေပၚလာျခင္းျဖစ္ ေၾကာင္း သိရသည္။No Vote ေတြကိုလက္မခံဘူး၊ အဲဒီလိုလႈံ႕ေဆာ္တယ့္ ပုဂၢိဳလ္ေတြဟာႏိုင္ငံသားအခြင့္အေရးကို ပိတ္ပင္တယ့္သူေတြ၊ မဲေပးတယ္ဆိုတာက ႏိုင္ငံသားတစ္ေယာက္ရဲ႕အခြင့္အေရးပဲ၊

ဒီမိုကေရစီစနစ္သြားတယ္ဆိုတာ ေ႐ြးေကာက္ပြဲကအားအေကာင္းဆုံးပဲ၊ အာဏာဆိုတာသည္ ျပည္သူလူထုကဆင္းသက္လာတာ”ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ျပန္ၾကားေရးေကာ္မတီအတြင္းေရးမႉး မုံ႐ြာေအာင္ရွင္က ေျပာသည္။

REF: The Fifth Wave News

UNICODE

လာမည့် နိုဝင်ဘာလ ၈ ရက်တွင်အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပသွားမည်ဖြစ်ပြီး ပါတီပေါင်း ၉၃ ပါတီမှ ယှဉ်ပြိုင်သွားမည် ဖြစ် ကြောင်း၊ ယင်းအပြင် လက်ရှိအာဏာရပါတီအနေဖြင့် တိုင်းဒေသကြီးများတွင် စိတ်ပူစရာမလိုသော်လည်း တိုင်းရင်းသားပြည်နယ်များတွင် အကျိတ်အနယ်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

လူမှုကွန်ရက်မှာ လှုံ့ဆော်နေသည့် No Vote ဆိုတာက တကယ်တော့ မကောင်းဘူး၊ မဲကတော့ပေးသင့်တယ်၊ ကျွန်တော်တို့လည်း ၂၀၁၅ မှာ NLD ကိုမဲပေးခဲ့တာပဲ၊ ဒါပေမဲ့ရွေးချယ်စရာမရှိဘူးဖြစ်နေတယ်၊ NLD ကိုအယုံအကြည်မရှိလို့လည်း ကိုယ်တိုင်ရွေးကောက်ပွဲဝင် ပြိုင် တာ” ဟုတစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့် အလုပ်သမားအရေးလှုပ်ရှားသူ ဦးဌေးက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူအများစုသည် ရွေးချယ်စရာပါတီမရှိသည့်အတွက် လူမှုကွန်ရက်တွင် မဲမပေးရန် လှုံ့ဆော်မှုများရှိနေပြီး NLD ပါတီအနေဖြင့် No Vote လက်မခံကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။ပြည်သူများက အပြောင်းအလဲလိုလားသည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် တခဲနက် NLD ပါတီကိုမဲထည့်ခဲ့သည်။

သို့သော်မျှော်လင့်ထားသလိုဖြစ်မလာသည့်အတွက် စိတ်ပျက်မှုများရှိနေပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် NO Vote များပေါ်လာခြင်းဖြစ် ကြောင်း သိရသည်။No Vote တွေကိုလက်မခံဘူး၊ အဲဒီလိုလှုံ့ဆော်တယ့် ပုဂ္ဂိုလ်တွေဟာနိုင်ငံသားအခွင့်အရေးကို ပိတ်ပင်တယ့်သူတွေ၊ မဲပေးတယ်ဆိုတာက နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးပဲ၊

ဒီမိုကရေစီစနစ်သွားတယ်ဆိုတာ ရွေးကောက်ပွဲကအားအကောင်းဆုံးပဲ၊ အာဏာဆိုတာသည် ပြည်သူလူထုကဆင်းသက်လာတာ”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

REF:  The  Fifth  Wave  News

Add a Comment

Your email address will not be published. Required fields are marked *