တ႐ုတ္ႏွင့္ နယ္ေျမ အျငင္းပြား မႈျဖစ္ပြားေန သည့္ နယ္စပ္ေဒသ သို႔ အိႏၵိ ယက တင့္ကားမ်ား၊ သံခ်ပ္ကာယာဥ္မ်ား ျဖန႔္ၾကက္ခ်ထား

အိႏၵိယတပ္မေတာ္က လာဒါခ္ေဒသသို႔ အင္အားျဖည့္တင္းမႈမ်ား ျပဳလုပ္ေနသလို တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ ေရးတပ္မေတာ္၏ လႈပ္ရွား မႈမ်ားကို အနီးကပ္ေစာင့္ၾကည့္လ်က္ရွိသည္။တ႐ုတ္တပ္ဖြဲ႕မ်ားက အိႏၵိယပိုင္နက္နယ္ေျမအတြင္း ၈ ကီလိုမီတာအထိ က်ဴးေက်ာ္ေရာက္ရွိ ေနေၾကာင္း အစိုး ရသတင္းရင္းျမစ္တစ္ခုအရသိရသည္။

အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွာ ဧၿပီလအတြင္း နယ္စပ္တစ္ေလ်ာက္ အိႏၵိယႏိုင္ငံက အေျခခံအေဆာက္အအုံ တည္ေဆာက္မႈကို တ႐ုတ္ႏိုင္ငံ က ကန႔္ကြက္ၿပီးေနာက္ စတင္ခဲ့သည့္ အရွည္ၾကာဆုံးေသာတင္းမာမႈမ်ား ျဖစ္ ပြားလ်က္ရွိသည္။အျငင္းပြား လာဒါခေဒသ ၌ တ႐ုတ္ျပည္ သူ႔လြတ္ေျမာက္ေရးတပ္ဖြဲ႕က တပ္ဖြဲ႕ဝင္မ်ား၊ လက္နက္ခဲယမ္းမ်ား အင္အားျဖည့္တင္းမႈ ျပဳလုပ္ေနေၾကာင္း ။

ၿဂိဳဟ္တုဓာတ္ပုံမ်ားက ျပသေနခ်ိန္ အိႏၵိယအစိုးရကလည္း လက္ နက္ခဲယမ္းမ်ားႏွင့္ တပ္ဖြဲ႕ဝင္မ်ား ေစလႊတ္လိုက္ေၾကာင္းသိရသည္။ အိႏၵိယႏိုင္ငံက လာဒါခ္ေဒသ၌ တ႐ုတ္တပ္ဖြဲ႕ဝင္မ်ား၏ က်ဴးေက်ာ္တိုက္ခိုက္မႈကိုကာကြယ္ရန္ T-90 တင့္ကားမ်ား၊ သံခ်ပ္ကာယာဥ္မ်ား ႏွင့္ အင္အား ၄၀၀၀ ပါ တပ္မဟာတစ္ခု ျဖန႔္ၾကက္ခဲ့ေၾကာင္း အိႏၵိယသတင္းစာ ဟိႏၵဴစတန္တိုင္းမ္က ေဖာ္ျပခဲ့သည္။

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္က အင္အား ၅၀၀၀၀ ျဖန႔္ၾကက္ထားရာ အက္ခ္ဆိုင္းခ်င္းဧရိယာ၌ တ႐ုတ္တပ္ဖြဲ႕ဝင္မ်ား ႐ုတ္သိမ္းရန္ ေဆြးေႏြးမႈမ်ား မေအာင္မျမင္ျဖစ္ၿပီးေနာက္ အိႏၵိယႏိုင္ငံက ထိုသို႔ လက္နက္ ခဲယမ္းမ်ားႏွင့္ တပ္ဖြဲ႕ဝင္အင္အား ျဖည့္တင္း ခဲ့ျခင္းျဖစ္သည္။

Ref; India deploys T-90 tanks in Ladakh as satellite images show massive military build-up by China

ေလးစားမႈျဖင့္ ခရစ္ဒက္ PeopleMedia

UNICODE

အိန္ဒိယတပ်မတော်က လာဒါခ်ဒေသသို့ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသလို တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ်မတော်၏ လှုပ်ရှား မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။တရုတ်တပ်ဖွဲ့များက အိန္ဒိယပိုင်နက်နယ်မြေအတွင်း ၈ ကီလိုမီတာအထိ ကျူးကျော်ရောက်ရှိ နေကြောင်း အစိုး ရသတင်းရင်းမြစ်တစ်ခုအရသိရသည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှာ ဧပြီလအတွင်း နယ်စပ်တစ်လျောက် အိန္ဒိယနိုင်ငံက အခြေခံအဆောက်အအုံ တည်ဆောက်မှုကို တရုတ်နိုင်ငံ က ကန့်ကွက်ပြီးနောက် စတင်ခဲ့သည့် အရှည်ကြာဆုံးသောတင်းမာမှုများ ဖြစ် ပွားလျက်ရှိသည်။အငြင်းပွား လာဒါခဒေသ ၌ တရုတ်ပြည် သူ့လွတ်မြောက်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်များ၊ လက်နက်ခဲယမ်းများ အင်အားဖြည့်တင်းမှု ပြုလုပ်နေကြောင်း ။

ဂြိုဟ်တုဓာတ်ပုံများက ပြသနေချိန် အိန္ဒိယအစိုးရကလည်း လက် နက်ခဲယမ်းများနှင့် တပ်ဖွဲ့ဝင်များ စေလွှတ်လိုက်ကြောင်းသိရသည်။ အိန္ဒိယနိုင်ငံက လာဒါခ်ဒေသ၌ တရုတ်တပ်ဖွဲ့ဝင်များ၏ ကျူးကျော်တိုက်ခိုက်မှုကိုကာကွယ်ရန် T-90 တင့်ကားများ၊ သံချပ်ကာယာဉ်များ နှင့် အင်အား ၄၀၀၀ ပါ တပ်မဟာတစ်ခု ဖြန့်ကြက်ခဲ့ကြောင်း အိန္ဒိယသတင်းစာ ဟိန္ဒူစတန်တိုင်းမ်က ဖော်ပြခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အင်အား ၅၀၀၀၀ ဖြန့်ကြက်ထားရာ အက်ခ်ဆိုင်းချင်းဧရိယာ၌ တရုတ်တပ်ဖွဲ့ဝင်များ ရုတ်သိမ်းရန် ဆွေးနွေးမှုများ မအောင်မမြင်ဖြစ်ပြီးနောက် အိန္ဒိယနိုင်ငံက ထိုသို့ လက်နက် ခဲယမ်းများနှင့် တပ်ဖွဲ့ဝင်အင်အား ဖြည့်တင်း ခဲ့ခြင်းဖြစ်သည်။

Ref; India deploys T-90 tanks in Ladakh as satellite images show massive military build-up by China

လေးစားမှုဖြင့် ခရစ်ဒက် PeopleMedia

Add a Comment

Your email address will not be published. Required fields are marked *