နာမည္ႀကီးကိုးကန႔္ မင္းသမီး ( သို႔ ) ျမန္မာျပည္ ၏ တစ္ဦး တည္းေသာ ဘိန္းရာဇာ စစ္ဘုရင္မ ေအာလစ္ယန္း အေၾကာင္း

ျမန္မာျပည္တြင္ တေခတ္တခါက ထင္ရွားေသာ ေအာလစ္ယန္းသည္ ကိုးကန႔္ေစာ္ဘြား Sao Edward Yang Kyein Tsai ၏ ႏွမျဖစ္ၿပီး ဘိန္းဘုရင္မတစ္ဦး အျဖစ္လူသိမ်ားထင္ရွားသူျဖစ္သည္။Olive Yang ကို ၂၄ ဇြန္ ၁၉၂၇ တြင္ ရွမ္းျပည္ေျမာက္ပိုင္း၌ ေမြးဖြားခဲ့သည္။ သူမ သည္ လားရႈိးၿမိဳ႕ရွိ Guardian Angel ကြန္ဗင့္ေက်ာင္း၌ တက္ေရာက္ ပညာသင္ၾကားခဲ့သည္။

အသက္ ၁၉ ႏွစ္ အ႐ြယ္တြင္ တပ္ဖြဲ႕ဝင္ ၁၀၀၀ ေက်ာ္ရွိေသာ (Olive’s Boys ဟု နာမည္ေျပာင္ရေသာ) ကိုးကန႔္ လက္နက္ကိုင္ အဖြဲ႕ကို ဖြဲ႕စည္းၿပီး နယ္စပ္ ဘိန္းကုန္သြယ္ေရးလမ္းေၾကာင္းကို ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ သူ၏တပ္ဖြဲ႕သည္ ဒုတိယကမာၻစစ္ အၿပီးမွ ၁၉၆၀ျပည့္ႏွ မ်ား အေစာပိုင္းအထိ ကိုးကန႔္ေဒသ၏ ဘိန္းကုန္သြယ္ေရး ကို စိုးမိုးထား ႏိုင္ခဲ့သည္။

၁၉၅၀ ျပည့္လြန္ႏွစ္မ်ားတြင္ တ႐ုတ္ျပည္မႀကီး၌ အမ်ိဳးသားေရးဝါဒီမ်ား ရႈံးနိမ့္ၿပီးေနာက္ Olive Yang သည္ တ႐ုတ္ျဖဴ ကူမင္တန္မ်ားႏွင့္ ပူးေပါင္း ေ႐ႊႀတိဂံ (အေရွ႕ေတာင္အာရွ)ေဒသ ဘိန္း ကုန္သြယ္ေရး လမ္းေၾကာင္းကို စတင္ ခဲ့သည္။သူသည္ ၁၉၄၈ မွ ၁၉၅၀ အထိ Tamaing မင္း၏သား Twan Sao Wen ႏွင့္ လက္ထပ္ ခဲ့ၿပီး Duan Jipuဟူေသာ သားတေယာက္ရခဲ့သည္။

Duan Jipu သည္ ခ်င္းမိုင္, ထိုင္းႏိုင္ငံ တြင္ ဆရာတဦးျဖစ္သည္။၁၉၅၀ ျပည့္လြန္ႏွစ္မ်ားမွ ၁၉၆၀ ျပည့္လြန္ႏွစ္လည္မ်ား အထိ Olive Yangသည္ ကိုးကန႔္ကာကြယ္ေရးတပ္ဖြဲ႕တြင္ တပ္မႉးအျဖစ္တာဝန္ယူခဲ့သည္။သူသည္ ဘိန္းကုန္ကူးမႈႏွင့္ ေ႐ႊကုန္သြယ္ေရးတို႔တြင္ ထင္ ရွားသူတဦးျဖစ္ခဲ့သည္။ ၁၉၆၂ တြင္ သူႏွင့္ သူ႔အကို ရန္ကုန္မွ လႊတ္ေတာ္ အမတ္Jimmy တို႔ကို ျမန္မာအာဏာပိုင္မ်ားမွ ဖမ္းဆီးသည္။

ဖမ္းဆီးရျခင္းမွာ ကိုးကန႔္ေဒသအာဏာရယူထားမႈကို ဖယ္ရွားရန္ႏွင့္ ကို႔ကန႔္ေဒသကို ျမန္မာအုပ္ခ်ဳပ္မႈ ေအာက္တြင္ ထားရွိရန္ျဖစ္သည္။ သူ႔ကို အင္းစိန္အက်ဥ္းေထာင္ တြင္အက်ဥ္းခ်ခဲ့ၿပီး ၁၉၆၈ တြင္လြတ္ေျမာက္ခဲ့သည္။Yang သည္ လိင္တူ၊ လိင္ကြဲစုံမက္သူ တစ္ဦးျဖစ္လူ သိမ်ားခဲ့ၿပီး အဆိုေတာ္၊ မင္းသမီးအမ်ားအျပားႏွင့္ သတင္းထြက္ခဲ့သည္။

၁၉၈၀ ေႏွာင္းပိုင္း ႏွစ္မ်ားတြင္မွာေတာ့ Yangသည္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားႏွင့္ အပစ္အခတ္ရပ္စဲေရး အတြက္ ၾကားဝင္ ေဆာင္႐ြက္ေပးရန္ ခင္ၫြန႔္ မွကမ္းလွမ္းခဲ့သည္။သတင္းမ်ားအရ Yang သည္ အက်ဥ္းေထာင္မွလြတ္ေျမာက္ၿပီးေနာက္ သူမ၏ ေနာက္ဆုံး ႏွစ္မ်ားကို သီလရွင္အျဖစ္ကုန္ဆုံးခဲ့သည္။

နာတာရွည္နာမက်န္းျဖစ္ၿပီးေနာက္ ၂၀၀၃ ခုႏွစ္တြင္ ကိုးကန႔္ေဒသတြင္ ျပန္လည္ေနထိုင္ခဲ့ၿပီး ၂၀၁၇ အသက္ ၉၀တြင္ ကြယ္လြန္ခဲ့သည္။

Credit to Original

From – Myanmar Wikipedia

UNICODE

မြန်မာပြည်တွင် တခေတ်တခါက ထင်ရှားသော အောလစ်ယန်းသည် ကိုးကန့်စော်ဘွား Sao Edward Yang Kyein Tsai ၏ နှမဖြစ်ပြီး ဘိန်းဘုရင်မတစ်ဦး အဖြစ်လူသိများထင်ရှားသူဖြစ်သည်။Olive Yang ကို ၂၄ ဇွန် ၁၉၂၇ တွင် ရှမ်းပြည်မြောက်ပိုင်း၌ မွေးဖွားခဲ့သည်။ သူမ သည် လားရှိုးမြို့ရှိ Guardian Angel ကွန်ဗင့်ကျောင်း၌ တက်ရောက် ပညာသင်ကြားခဲ့သည်။

အသက် ၁၉ နှစ် အရွယ်တွင် တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ရှိသော (Olive’s Boys ဟု နာမည်ပြောင်ရသော) ကိုးကန့် လက်နက်ကိုင် အဖွဲ့ကို ဖွဲ့စည်းပြီး နယ်စပ် ဘိန်းကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့သည်။ သူ၏တပ်ဖွဲ့သည် ဒုတိယကမ္ဘာစစ် အပြီးမှ ၁၉၆၀ပြည့်နှ များ အစောပိုင်းအထိ ကိုးကန့်ဒေသ၏ ဘိန်းကုန်သွယ်ရေး ကို စိုးမိုးထား နိုင်ခဲ့သည်။

၁၉၅၀ ပြည့်လွန်နှစ်များတွင် တရုတ်ပြည်မကြီး၌ အမျိုးသားရေးဝါဒီများ ရှုံးနိမ့်ပြီးနောက် Olive Yang သည် တရုတ်ဖြူ ကူမင်တန်များနှင့် ပူးပေါင်း ရွှေတြိဂံ (အရှေ့တောင်အာရှ)ဒေသ ဘိန်း ကုန်သွယ်ရေး လမ်းကြောင်းကို စတင် ခဲ့သည်။သူသည် ၁၉၄၈ မှ ၁၉၅၀ အထိ Tamaing မင်း၏သား Twan Sao Wen နှင့် လက်ထပ် ခဲ့ပြီး Duan Jipuဟူသော သားတယောက်ရခဲ့သည်။

Duan Jipu သည် ချင်းမိုင်, ထိုင်းနိုင်ငံ တွင် ဆရာတဦးဖြစ်သည်။၁၉၅၀ ပြည့်လွန်နှစ်များမှ ၁၉၆၀ ပြည့်လွန်နှစ်လည်များ အထိ Olive Yangသည် ကိုးကန့်ကာကွယ်ရေးတပ်ဖွဲ့တွင် တပ်မှူးအဖြစ်တာဝန်ယူခဲ့သည်။သူသည် ဘိန်းကုန်ကူးမှုနှင့် ရွှေကုန်သွယ်ရေးတို့တွင် ထင် ရှားသူတဦးဖြစ်ခဲ့သည်။ ၁၉၆၂ တွင် သူနှင့် သူ့အကို ရန်ကုန်မှ လွှတ်တော် အမတ်Jimmy တို့ကို မြန်မာအာဏာပိုင်များမှ ဖမ်းဆီးသည်။

ဖမ်းဆီးရခြင်းမှာ ကိုးကန့်ဒေသအာဏာရယူထားမှုကို ဖယ်ရှားရန်နှင့် ကို့ကန့်ဒေသကို မြန်မာအုပ်ချုပ်မှု အောက်တွင် ထားရှိရန်ဖြစ်သည်။ သူ့ကို အင်းစိန်အကျဉ်းထောင် တွင်အကျဉ်းချခဲ့ပြီး ၁၉၆၈ တွင်လွတ်မြောက်ခဲ့သည်။Yang သည် လိင်တူ၊ လိင်ကွဲစုံမက်သူ တစ်ဦးဖြစ်လူ သိများခဲ့ပြီး အဆိုတော်၊ မင်းသမီးအများအပြားနှင့် သတင်းထွက်ခဲ့သည်။

၁၉၈၀ နှောင်းပိုင်း နှစ်များတွင်မှာတော့ Yangသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး အတွက် ကြားဝင် ဆောင်ရွက်ပေးရန် ခင်ညွန့် မှကမ်းလှမ်းခဲ့သည်။သတင်းများအရ Yang သည် အကျဉ်းထောင်မှလွတ်မြောက်ပြီးနောက် သူမ၏ နောက်ဆုံး နှစ်များကို သီလရှင်အဖြစ်ကုန်ဆုံးခဲ့သည်။

နာတာရှည်နာမကျန်းဖြစ်ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ကိုးကန့်ဒေသတွင် ပြန်လည်နေထိုင်ခဲ့ပြီး ၂၀၁၇ အသက် ၉၀တွင် ကွယ်လွန်ခဲ့သည်။

Credit to Original

From – Myanmar Wikipedia

Add a Comment

Your email address will not be published. Required fields are marked *