သာသနာေတာ္ကြယ္ေပ်ာက္ပ်က္စီးေအာင္ ေႏွာင့္ယွက္ဖ်က္ဆီးသူမ်ားရွိေနေၾကာင္း သူရဦးေအာင္ကိုက ဆရာေတာ္ႀကီးမ်ားအား ေလွ်ာက္ထား

သာသနာ့ရန္စြယ္အႏၲရာယ္မ်ားကို ႏိုင္ငံေတာ္သံဃမဟာနာယက အဖြဲ႕ဦးေဆာင္ေသာ တိုင္းေဒသႀကီး/ျပည္နယ္၊ ၿမိဳ႕နယ္၊ ရပ္/ေက်း သံ ဃအဖြဲ႕အစည္း အဆင့္ဆင့္ႏွင့္ ႏိုင္ငံေတာ္အစိုးရဦးေဆာင္ေသာ သက္ဆိုင္ရာ ေဒသအာဏာပိုင္အဖြဲ႕အစည္းမ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိပု ဂၢိဳလ္မ်ားအားလုံးတို႔က အခ်ိန္မီပူးေပါင္း ကာကြယ္ၾကမွသလွ်င္ ေထရဝါဒဗုဒၶသာသနာေတာ္ျမတ္ႀကီး အဓြန႔္ရွည္ၾကာစြာ သန႔္ရွင္းတည္တံ့ ေနမည္ျဖစ္ပါေၾကာင္း ေလွ်ာက္ထားလိုပါသည္ဘုရား”ဟု အ႒မအႀကိမ္ ႏိုင္ငံေတာ္သံဃမဟာ နာယကအဖြဲ႕(၄၇)ပါးစုံညီ ပၪၥမအစည္းအ ေဝးတြင္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုကေလွ်ာက္ထားခဲ့သည္။

သာသနာေတာ္ကြယ္ေပ်ာက္ပ်က္စီးႏိုင္ေလာက္ေအာင္ ေႏွာင့္ယွက္ဖ်က္ဆီးေနၾကသည့္ သာသနာ့အတြင္းရန္၊ သာသနာ့အႏၲရာယ္မ်ား ရွိေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကိုက ႏိုင္ငံေတာ္သံဃမဟာနာယကဆရာေတာ္ႀကီးမ်ားေရွ႕တြင္ ေလွ်ာက္ထားခဲ့သည္ ။ဇူလိုင္ ၂၆ ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕၊ သီရိမဂၤလာ ကမာၻေအးကုန္းေျမရွိ မဟာပါသာဏလိုဏ္ဂူ သိမ္ေတာ္ႀကီး၌ စတင္က်င္းပသည့္ အ႒မ အႀကိမ္ ႏိုင္ငံေတာ္သံဃမဟာ နာယကအဖြဲ႕(၄၇)ပါးစုံညီ ပၪၥမအစည္းအေဝးတြင္ ယင္းသို႔ ေလွ်ာက္ထားခဲ့ျခင္းျဖစ္သည္။

ျမတ္စြာဘုရားရွင္၏ သာသနာေတာ္ျမတ္ႀကီးအတြက္ ႏိုင္ငံေတာ္သံဃမဟာနာယက ဆရာေတာ္ႀကီးမ်ားက ဂႏၴဓုရ၊ ဝိပႆနာဓုရ တာဝန္ မ်ားကို ဦးေဆာင္ႀကိဳးပမ္းေဆာင္႐ြက္ေတာ္မူလ်က္ရွိခ်ိန္တြင္ တစ္ဖက္မွလည္း သာသနာေတာ္ကြယ္ေပ်ာက္ပ်က္စီးႏိုင္ေလာက္ေအာင္ ေႏွာင့္ယွက္ဖ်က္ဆီးေနၾကသည့္ သာသနာ့အတြင္းရန္၊ သာသနာ့အႏၲရာယ္၊ သာသနာ့ဝန္စီးမ်ားက ေထရဝါဒပိဋကတ္ေတာ္ႏွင့္ ဆန႔္က်င္ သည့္ အေတြးအေခၚအယူအဆ အဓမၼဝါဒမ်ားကို ေဟာေျပာမႈ၊ ျပသမႈ၊ ထုတ္ေဝျဖန႔္ခ်ိမႈ၊ အင္တာနက္ဝက္ဆိုဒ္တြင္ လႊင့္တင္မႈမ်ား ျပဳလုပ္ လ်က္ရွိေနေၾကာင္း သိရွိရပါသည္ ဘုရား” ဟု သူရဦးေအာင္ကိုက ေလွ်ာက္ထားသည္။

ယင္းအစည္းအေဝးတြင္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက ေဒါက္တာ ဘဒၵႏၲကုမာရာဘိဝံသက သဘာပတိ အျဖစ္ ေဆာင္႐ြက္ေတာ္မူၿပီး တြဲဖက္အက်ိဳးေတာ္ေဆာင္ဆရာေတာ္ အဂၢမဟာပ႑ိတ၊ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၲသီလာစာရာဘိဝံသက အခမ္းအနားမႉးအျဖစ္ ေဆာင္႐ြက္ေတာ္မူခဲ့သည္။

REF: NEWS WATCH

UNICODE

သာသနာ့ရန်စွယ်အန္တရာယ်များကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဦးဆောင်သော တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်၊ ရပ်/ကျေး သံ ဃအဖွဲ့အစည်း အဆင့်ဆင့်နှင့် နိုင်ငံတော်အစိုးရဦးဆောင်သော သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိပု ဂ္ဂိုလ်များအားလုံးတို့က အချိန်မီပူးပေါင်း ကာကွယ်ကြမှသလျှင် ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး အဓွန့်ရှည်ကြာစွာ သန့်ရှင်းတည်တံ့ နေမည်ဖြစ်ပါကြောင်း လျှောက်ထားလိုပါသည်ဘုရား”ဟု အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့(၄၇)ပါးစုံညီ ပဉ္စမအစည်းအ ဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုကလျှောက်ထားခဲ့သည်။

သာသနာတော်ကွယ်ပျောက်ပျက်စီးနိုင်လောက်အောင် နှောင့်ယှက်ဖျက်ဆီးနေကြသည့် သာသနာ့အတွင်းရန်၊ သာသနာ့အန္တရာယ်များ ရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများရှေ့တွင် လျှောက်ထားခဲ့သည် ။ဇူလိုင် ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ စတင်ကျင်းပသည့် အဋ္ဌမ အကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့(၄၇)ပါးစုံညီ ပဉ္စမအစည်းအဝေးတွင် ယင်းသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။

မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီးအတွက် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ဂန္ထဓုရ၊ ဝိပဿနာဓုရ တာဝန် များကို ဦးဆောင်ကြိုးပမ်းဆောင်ရွက်တော်မူလျက်ရှိချိန်တွင် တစ်ဖက်မှလည်း သာသနာတော်ကွယ်ပျောက်ပျက်စီးနိုင်လောက်အောင် နှောင့်ယှက်ဖျက်ဆီးနေကြသည့် သာသနာ့အတွင်းရန်၊ သာသနာ့အန္တရာယ်၊ သာသနာ့ဝန်စီးများက ထေရဝါဒပိဋကတ်တော်နှင့် ဆန့်ကျင် သည့် အတွေးအခေါ်အယူအဆ အဓမ္မဝါဒများကို ဟောပြောမှု၊ ပြသမှု၊ ထုတ်ဝေဖြန့်ချိမှု၊ အင်တာနက်ဝက်ဆိုဒ်တွင် လွှင့်တင်မှုများ ပြုလုပ် လျက်ရှိနေကြောင်း သိရှိရပါသည် ဘုရား” ဟု သူရဦးအောင်ကိုက လျှောက်ထားသည်။

ယင်းအစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိ အဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလာစာရာဘိဝံသက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူခဲ့သည်။

REF:   NEWS  WATCH

Add a Comment

Your email address will not be published.