ျမစ္ဆုံ စီမံကိန္း နဲ႔ သမၼတ(ၿငိမ္း)ဦးသိန္းစိန္ ”အေၾကာင္း ျပန္ၾကား ေရး ဝန္ႀကီး ေဟာင္း ဦးရဲထြဋ္ ဖြင့္ေျပာၿပီ

ကခ်င္ျပည္နယ္က ျမစ္ဆုံ စီမံကိန္းရပ္ဆိုင္းၿပီးေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံ ေျမာက္ပိုင္း နဲ႔ အေရွ႕ ေျမာက္ပိုင္း တ႐ုတ္ႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ေဒ သေတြမွာ တိုက္ပြဲအသစ္ေတြျပန္ျဖစ္လာတယ္။ ဦးသိန္းစိန္ရဲ႕ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ေျမာက္ပိုင္းအဖြဲ႕ေတြ ပါဝင္ဖို႔အတြက္အေရးႀကီးလာ တဲ့ အခါ တ႐ုတ္ႏိုင္ငံရဲ႕ အခန္းက႑က အဓိကျဖစ္လာၿပီး ျမစ္ဆုံ နဲ႔ ၿငိမ္းခ်မ္းေရးဟာ အတူတြဲေန သလို ျဖစ္ လာတယ္။ သို႔ေသာ္ ဦးသိန္း စိန္ဘက္ကလည္း ၿငိမ္းခ်မ္းေရးဘယ္ေလာက္ပဲလိုခ်င္လိုခ်င္ ျမစ္ဆုံ စီမံကိန္း ျပန္စဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။အဲဒီ အခ်ိန္ မွာ ဦးသိန္းစိန္ ဟာ သူရဲ႕ ဒုတိယ ရည္မွန္းခ်က္ျဖစ္တဲ့ စာခ်ဳပ္ကိစၥ မိတ္ဝတ္မပ်က္ဘဲ သေဘာတူညီမႈရဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူး။

ကြၽန္ေတာ္က ၂၀၁၃ ေနာက္ပိုင္း ဦးသိန္း စိန္ရဲ႕ တ႐ုတ္ႏိုင္ငံခရီးစဥ္တိုင္းမွာ လိုက္ပါခြင့္ရခဲ့တဲ့အတြက္ ထိပ္သီးေဆြးေႏြး မႈေတြမွာ ဘာေတြ ေဆြးေႏြးတယ္ဆိုတာ ျမင္ခြင့္ ၊ၾကားခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္ လွ်ိဳ႕ဝွက္ကိစၥေတြျဖစ္တဲ့အတြက္ အဆိုျပဳတာေတြရွိခဲ့ တယ္။ သေဘာ တူ ညီမႈမရခဲ့ဘူးလို႔ပဲ ေျပာပါရေစ။စီမံကိန္း ရပ္ဆိုင္းေရး လႈပ္ရွားမႈေတြ တစ္ေက်ာ့ျပန္ လႈပ္ရွား လာ တဲ့ အခါတုန္း က “ သမၼတ ဦးသိန္းစိန္ က ျမစ္ဆုံ စီမံကိန္း ကို ဘာ့ေၾကာင့္ အၿပီးအပိုင္ ရပ္ဆိုင္းတာ မလုပ္ဘဲ ဆိုင္းငံ့႐ုံ ဆိုင္းငံ့ခဲ့တာလဲ ” ဆို တဲ့ ေမးခြန္းေတြေပၚ လာတယ္ ။

ျမစ္ဆုံ စီမံကိန္းနဲ႔ပတ္ သက္ၿပီး ဦးသိန္းစိန္အစိုးရအဖြဲ႕ အတြင္း မွာ ျဖစ္ေပၚခဲ့တဲ့အေၾကာင္းအရာေတြ နဲ႔ ပတ္သက္လို႔ ISEAS က ထုတ္ ေဝမယ့္ ကြၽန္ေတာ့္စာအုပ္ထဲမွာ အပိုင္းတစ္ပိုင္းအေနနဲ႔ အျပည့္ အစုံေရးထား ပါတယ္ ။ ဒါေပမယ့္ စည္းကမ္းအရ စာအုပ္ထုတ္ေဝျခင္း မျပဳမီ အဲဒီအခ်က္ အလက္ ေတြကို အျပည့္အစုံ ထုတ္ေဖာ္ေရးသားလို႔ မရတဲ့ အတြက္ အက်ဥ္းခ်ဳပ္ပဲ တင္ျပ ပါ့မယ္ ။ျမစ္ဆုံစီမံကိန္းနဲ႔ ပတ္သက္ၿပီး ဦးသိန္းစိန္ ၊ဦးေဇာ္မင္း အပါအဝင္ မူဝါဒ ဆိုင္ရာ အဆင့္ မွာ ပါဝင္ခဲ့ သူ ေတြကို ေမးခြင့္ရခဲ့တယ္။ ခြင့္ေတာင္းေပမယ့္ မေျဖ တဲ့သူ သုံးေယာက္ရွိတယ္။ ဦးသန္းေ႐ႊ၊ သူရ ဦး ေ႐ႊမန္း နဲ႔ သီဟသူရ ဦးတင္ေအာင္ျမင့္ဦး။

ဦးသန္းေ႐ႊ ကေတာ့ ေတြ႕ဆုံခြင့္ေတာင္း တာကို ခြင့္မျပဳဘူး ။ ဦးေ႐ႊမန္းက ေတြ႕တယ္။ လႊတ္ေတာ္ ေရးရာနဲ႔ ပတ္သက္ၿပီး သူေျပာခ်င္တာ ဆယ့္ငါး မိနစ္ေလာက္ေျပာတယ္။ ေမးခြန္းေမးခြင့္မျပဳဘုူး။ သူ႔ ေကာ္မရွင္အဖြဲ႕ဝင္ အခ်ိဳ႕နဲ႔ေပးေတြ႕ တယ္ ။ ဒီလူေတြက ျမစ္ဆုံ စီမံ ကိန္းအေၾကာင္း သိတဲ့ လူ ေတြမဟုတ္တဲ့ အတြက္ ဥပေဒျပဳေရးနဲ႔ ျပည္ခိုင္ၿဖိဳးပါတီအေၾကာင္းပဲ ေမးခြင့္ရတယ္။ ဦးတင္ ေအာင္ျမင့္ဦးကေတာ့ ေတြ႕တယ္ ။ ဘာမွမေျဖဘူး ။ ေျပာခ်င္ရင္ေတာ့ မင္း ကို ေျပာမလား ၊ ငါ့ ဟာ ငါ စာေရးမွာေပါ့လို႔ေျပာ တယ္။ သူဆီက ျမစ္ဆုံနဲ႔ပတ္သက္လို႔ေရာ၊ စာအုပ္ပါ အျခားအခ်က္ေတြ နဲ႔ပတ္သက္ လို႔ေရာ ဘာမွေမး လို႔မရခဲ့ဘူး။

ဦးသိန္းစိန္ သမၼတ သက္တမ္းကာလ မွာ ျပည္ခိုင္ၿဖိဳးေခါင္းေဆာင္ေတြကို ႀကိဳတင္ အသိမေပးဘဲ ဆုံးျဖတ္ခဲ့တဲ့ အဓိက ဆုံးျဖတ္ခ်က္ ႀကီး ႏွစ္ခုရွိတယ္။ပထမ တစ္ခုက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သူ ေတြ႕ဆုံမယ့္ကိစၥျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ျပည္ခိုင္ၿဖိဳးေခါင္းေဆာင္ တစ္ခ်ိဳ႕ က ဦးသိန္းစိန္ဟာ “က်ားေသကို အသက္သြင္းတယ္” လို႔ အျပစ္တင္ခဲ့ ၾကတယ္။ အဲဒီထက္ ဆိုးတဲ့စကားနဲ႔ ေျပာတာလည္းရွိတယ္။ အဲဒါ ကိုေတာ့ စာအုပ္ထြက္မွပဲ ဖတ္ ၾကေပေတာ့။ဒုတိယ တစ္ခုကေတာ့ ျမစ္ဆုံစီမံကိန္းကို ဆိုင္းငံ့ထားဖို႔ဆုံးျဖတ္ခ်က္ျဖစ္ပါတယ္။ အဲဒီဆုံး ျဖတ္ခ်က္ေၾကာင့္ သူ႔မွာ ရန္သူအသစ္ေတြေပၚလာခဲ့တယ္။

ေနာင္ျဖစ္လာတဲ့ ႏိုင္ငံေရးလြန္ဆြဲမႈေတြမွာ သူ႔ အတြက္ အေရးႀကီးတဲ့ ေထာက္ခံမႈ တစ္ခုကို ဆုံးရႈံးခဲ့ရတယ္။၂၀၁၁ ခုႏွစ္ စက္တင္ဘာ ၂၉ ရက္ေန႔ ရက္စြဲနဲ႔ ျပည္သူ႔လႊတ္ေတာ္ကို ေပးပို႔တဲ့ သမၼတ ဦးသိန္း စိန္ရဲ႕ သဝဏ္လႊာမွာ ျမစ္ဆုံနဲ႔ပတ္သက္ၿပီး အပိုင္းႏွစ္ပိုင္းပါဝင္ပါတယ္။ ပထမပိုင္းက စီမံကိန္းကို သူ႔သက္တမ္းအတြင္းမွာ ရပ္ဆိုင္းထား ဖို႔ျဖစ္ပါတယ္။ ဒုတိယပိုင္းကေတာ့ ျမစ္ဆုံစီမံကိန္းနဲ႔ ပတ္ သက္တဲ့ စာ ခ်ဳပ္စာတမ္းေတြကို မိတ္ဝတ္မပ်က္ေစဘဲ သေဘာတူလက္ခံေအာင္ တ႐ုတ္ႏိုင္ငံနဲ႔ ညႇိ ႏႈိင္းေဆာင္႐ြက္သြားဖို႔ျဖစ္ပါတယ္။အဲဒီလို ႏွစ္ပိုင္းခြဲ ျခား ရတာကလည္း ဆိုင္းငံ့တာကို မိမိဆႏၵနဲ႔လုပ္လို႔ရေပမယ့္ သေဘာတူစာခ်ဳပ္ ကို ျပင္ဆင္တာ၊

ပယ္ဖ်က္တာလုပ္မယ္ဆိုရင္ေတာ့ ႏွစ္ႏိုင္ငံညႇိႏႈိင္းၿပီးမွ ေဆာင္႐ြက္ရတဲ့ သေဘာ သဘာ၀ ေၾကာင့္ျဖစ္ပါတယ္။ မေလးရွားႏိုင္ငံရဲ႕ တ႐ုတ္၊ စကၤာပူတို႔နဲ႔ ေဆာင္႐ြက္မယ့္ ရထားလမ္း စီမံကိန္းေတြမွာလည္း မဟာသီယာအစိုးရက ဆိုင္းငံ့ထားတယ္။ ၿပီးမွာ စာခ်ဳပ္ျပင္ဆင္၊ဖ်က္ သိမ္း ႏိုင္ဖို႔ ေဆြးေႏြးတာလုပ္တယ္ ဆိုတဲ့ အေျခအေနကို ေတြ႕ႏိုင္ပါတယ္။ဒါေပမယ့္ ဦးသိန္းစိန္ အေနနဲ႔ ဒုတိယအဆင့္ကို ဆက္လက္ ေဆာင္႐ြက္ဖို႔ လုပ္ေဆာင္တဲ့အခါ မွာ အတြင္း ၊ အျပင္ ျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရတယ္။

၂၀၁၁ သမၼတရာထူး လက္ခံၿပီး ေနာက္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈနဲ႔ ျမစ္ဆုံ စီမံ ကိန္းရပ္ဆိုင္းထားမႈ တို႔ေၾကာင့္ ဦး သိန္းစိန္ဟာ ျပည္တြင္း၊ ျပည္ပမွာ လူႀကိဳက္မ်ားလာ ခဲ့တယ္။ အဲ ဒီလို လူႀကိဳက္မ်ား လာတာေၾကာင့္ပဲ တစ္ခ်ိဳ႕ပုဂၢိဳလ္ေတြၾကားမွာ ဦး သိန္းစိန္ဟာ သက္တမ္းတစ္ခုပဲ တာဝန္ထမ္းေဆာင္မယ္ဆိုတဲ့ မူလ စိတ္ထားမ်ား ေျပာင္းသြားေလမလား၊ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ဦး သိန္းစိန္နဲ႔ ျပည္ခိုင္ၿဖိဳးကို ေထာက္ ခံသူေတြမ်ား လာမလား လို႔ စိုးရိမ္မႈေတြလည္း ေပၚေပါက္ လာတယ္။

အဲဒီ ပုဂၢိဳလ္ေတြကပဲ ျမစ္ဆုံစီမံကိန္း ရပ္ဆိုင္းမႈနဲ႔ပတ္သက္ၿပီး တ႐ုတ္ဘက္ ကို သူတို႔ အေနနဲ႔ ဒီလို တစ္ဖက္သတ္ ဆုံးျဖတ္ခ်က္ ကို သေဘာမတူေၾကာင္း၊ သူတို႔သာဆိုရင္ အျခား နည္းနဲ႔ ေျဖရွင္းမွာ ျဖစ္ေၾကာင္း သတင္းစကားပါးခဲ့တယ္ ဆိုတာကို အဲဒီ ေဆြးေႏြးပြဲေတြမွာ ပါဝင္ခဲ့သူအခ်ိဳ႕ဆီက ေန ျပန္ၾကားခဲ့ရတယ္။ အဲဒီလို လုပ္ေဆာင္ခ်က္ေတြဟာ ျမစ္ဆုံစီမံကိန္း အနာဂတ္နဲ႔ပတ္သက္ ၿပီး ဆက္ေဆြးေႏြးတဲ့အခါ ဦးသိန္းစိန္ရဲ႕ အေနအထားကို အမ်ားႀကီး ထိခိုက္ ေစခဲ့ တယ္။

ဒီ ပုဂၢိဳလ္ေတြ က ျပည္တြင္း မွာ ျမစ္ဆုံ ကိစၥနဲ႔ပတ္သက္ၿပီး သမၼတကို ထိုးႏွက္ လို႔မရေပမယ့္ အျခားကိစၥ ေတြမွာ ထိုးႏွက္ ခဲ့ၾကတယ္။ (အဲဒီျဖစ္စဥ္ေတြကို စာအုပ္မွာ သီးျခား အပိုင္းတစ္ပိုင္း အျဖစ္ နဲ႔ ေရးထား ပါတယ္။ ) ဒ့ါေၾကာင့္၂၀၁၂ ခုႏွစ္ကုန္ပိုင္းက စၿပီး ဦးသိန္းစိန္နဲ႔ သူ႔အစိုးရ အဖြဲ႕ ေနာက္ေၾကာမလုံေတာ့ ဘူး။ ေရွ႕ တစ္လွမ္း လွမ္းမယ္ျပင္တိုင္း ေနာက္ကို ႏွစ္ခါ ျပန္ၾကည့္ ေနခဲ့ရတယ္။ ၂၀၁၃-၁၄ ႏွစ္ ေတြက အဆိုးဆုံးပဲ။ ၂၀၁၁နဲ႔ ၂၀၁၂ ႏွစ္လယ္ ပိုင္းေလာက္အထိ ကာလ တုန္းလို ကိုယ္က ဦးေဆာင္တာမဟုတ္ဘဲ ကိစၥ တစ္ခုျခင္းမွာ တစ္ဘက္ ရဲ႕ အေျခ အေန ေတြကို လိုက္ၿပီး တုန႔္ျပန္ေဆာင္႐ြက္လာရတယ္။ ႏိုင္ငံေရး လက္ဦးမႈ မဲ့လာ တယ္ ။

ဒီလိုအေျခ အေနမ်ိဳးမွာ ဦးသိန္းစိန္အေနနဲ႔ ျမစ္ဆုံ အနာဂတ္နဲ႔ပတ္သက္ၿပီး အဆိုျပဳခ်က္တစ္ခုခု (ပုံစံေျပာင္း ၿပီးလုပ္မလား၊ ျပန္ေလ့ လာမလား၊ ေလ်ာ္ေၾကးေပး ဖ်က္သိမ္းမလား) လုပ္ဖို႔ ခက္ခဲခဲ့တယ္။ဦးသိန္းစိန္ ဟာ သူ တာဝန္ထမ္းေဆာင္ေနတဲ့ အခ်ိန္မွာေရာ၊ စာအုပ္ အတြက္ ေတြ႕ဆုံေမးျမန္းမႈေတြ လုပ္ တဲ့ အခ်ိန္မွာေရာ နယက အဖြဲ႕ဝင္တစ္ဦးအေနနဲ႔ ျမစ္ဆုံစီမံကိန္းနဲ႔ ပတ္သက္လို႔ တာဝန္ ရွိသလို သမၼ တတစ္ဦးအေနနဲ႔ အရင္အစိုးရရဲ႕ ေကာင္းေမြ၊ဆိုးေမြကို ဆက္ခံေျဖရွင္းဖို႔ တာဝန္ရွိ တယ္လို႔ ခံယူထားတုန္းပဲ။ ျမစ္ဆုံစီမံကိန္းကို ဖ်က္သိမ္း ႏိုင္ဖို႔ အတြက္ သေဘာတူညီခ်က္ တစ္ခု ရေအာင္၊ ဒါမွမဟုတ္ အဲဒီသေဘာတူညီခ်က္ကို ေရွ႕ရႈ ေစ မယ့္ လုပ္ငန္းစဥ္တစ္ခု ေပၚလာေအာင္။

မလုပ္ႏိုင္ခဲ့တဲ့အတြက္ ႏိုင္ငံအေပၚမွာ သူအေႂကြး က်န္ခဲ့တယ္လို႔ စိတ္မေကာင္းစြာနဲ႔ ေျပာေနဆဲပဲ။ဒါေပမယ့္ တကယ္ေတာ့ ဦးသိန္းစိန္ ဟာ ၂၀၀၇ ႏွစ္ ေအာက္တိုဘာလက စၿပီး ဝန္ႀကီးခ်ဳပ္ တာဝန္ထမ္းေဆာင္ ခဲ့ေပမယ့္ လည္း ျမစ္ဆုံစီမံကိန္းအပါအဝင္ စီမံကိန္းႀကီးေတြ အတြက္ သေဘာ တူစာခ်ဳပ္ ေဆြးေႏြး မႈ၊ ခ်ဳပ္ဆိုမႈေတြမွာ အဓိက အခန္းက ပါခဲ့တာ မဟုတ္ဘူး။ ၂၀၀၉ ခုႏွစ္ ဒီဇင္ဘာ ၂၀ ရက္ေန႔ တ႐ုတ္ ဒုသမၼတ ရွီက်င့္ဖ်င္နဲ႔ ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး ေမာင္ေအးတို႔ေရွ႕မွာ ေရအား လ ွ်ပ္စစ္ဆိုင္ရာ သေဘာတူစာခ်ဳပ္ေတြ လက္ မွတ္ ထိုးခဲ့ တဲ့ အခမ္းအနားမွာေတာင္ ဦးေ႐ႊ မန္းနဲ႔ ဦးတင္ ေအာင္ ျမင့္ဦးတို႔ တက္ေရာက္ခဲ့ေပမယ့္ ဦးသိန္းစိန္မပါခဲ့ရဘူး။

ဝန္ႀကီးခ်ဳပ္အေနနဲ႔ ဝန္ႀကီး ဌာန လုပ္ငန္း တစ္ခုျဖစ္တဲ့ ျမစ္ဆုံစီမံကိန္းအပါအဝင္ စီမံကိန္းႀကီးေတြရဲ႕ လုပ္ငန္း ေဆာင္႐ြက္မႈ အေျခအေန ကို စစ္ေဆးရတာပဲရွိတယ္။ ဒါေတာင္ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးဖို႔ဆိုရင္ အ ထက္ကို ျပန္တင္ျပရေသးတယ္။ပထမ အခ်က္က ေတာ့ျမစ္ဆုံ အနာဂတ္ အေရးနဲ႔ပတ္သက္ၿပီးလူထုလႈပ္ရွားမႈပုံစံနဲ႔ ေထာက္ခံမႈ ရေအာင္မလုပ္ႏိုင္ ခဲ့တာျဖစ္ပါတယ္။ အဲဒီလို လုပ္ရင္ ျပည္ခိုင္ၿဖိဳး အပါအဝင္ အျခားႏိုင္ငံေရး အင္အားစုေတြ က ေထာက္ခံပါ့မလား၊ မီဒီယာေတြ၊ အရပ္ဘက္လူမႈအဖြဲ႕အစည္းေတြက ပူးေပါင္း ပါ့မလား။တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရး ပိုဆိုးသြားမလားဆိုတဲ့ စဥ္းစားရန္အခ်က္ေတြ ရွိေပမယ့္ ႀကိဳးစားၾကည့္ ခဲ့သင့္တယ္လို႔ထင္ပါတယ္။

ဒုတိယ အခ်က္ ကေတာ့ ျမစ္ဆုံစီမံကိန္းသေဘာတူ စာခ်ဳပ္နဲ႔ပတ္သက္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈ၊ လ ွ်ပ္စစ္ ဓာတ္အားခြဲေဝမႈဆိုတဲ့ အခ်က္ အလက္ေတြကို သတင္းထုတ္ ျပန္ခဲ့တာရွိေပမယ့္ စာခ်ဳပ္ ဖ်က္သိမ္း မယ္၊ ျပင္ဆင္မယ္ ဆိုရင္ လိုက္နာရမယ့္ အခ်က္ေတြကို ျပည္သူလူထု ကို ပြင့္ပြင့္လင္းလင္း အသိေပး တာမရွိခဲ့ဘူး။ ျပန္ၾကားေရး ဝန္ႀကီးဌာန အေနနဲ႔ေတာင္ သတင္းထုတ္ျပန္ႏိုင္ဖို႔အတြက္ လိုအပ္တဲ့ အခ်က္ ေတြပဲ သိခဲ့ရတယ္။ အဲဒီအခ်ိန္ကေတာ့ ဖ်က္သိမ္း/ ျပင္ဆင္တာ နဲ႔ပတ္သက္တဲ့ သ တင္း အခ်က္အလက္ေတြကို ထုတ္ျပန္ခဲ့ရင္ တ႐ုတ္ကို ေနာက္ထပ္ဖိအား တစ္ခု ထပ္ေပးသလို ျဖစ္ မွာကို စိုးရိမ္တဲ့ စိတ္က အားေကာင္း ေနခဲ့တယ္ထင္တယ္။

သို႔ေသာ္ လူထုဘက္က ၾကည့္ရင္ေတာ့ အဲ ဒီအခ်က္ေတြကို မသိရတဲ့အတြက္ အစိုးရအေပၚ ယုံၾကည္မႈေလ်ာ့ပါး ခဲ့တယ္။ဒါကေတာ့ ျမစ္ ဆုံစီမံကိန္း နဲ႔ပတ္သက္ၿပီး ဦးသိန္းစိန္ေဆာင္႐ြက္ခဲ့တဲ့အေျခအေန အက်ဥ္းခ်ဳပ္ပါပဲ။ အေသးစိတ္ကေတာ့ စာအုပ္ထြက္မွပဲဖတ္ၾကပါ ။ အႏွစ္ခ်ဳပ္ ကေတာ့ ျမစ္ဆုံကိစၥ မွာ ဦးသိန္းစိန္ ရဲ႕ ပေယာဂ မပါဘူး ဆို တဲ့ အေၾကာင္းပါပဲ ။

(Ye Htut)

UNICODE

ကချင်ပြည်နယ်က မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံ မြောက်ပိုင်း နဲ့ အရှေ့ မြောက်ပိုင်း တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ဒေ သတွေမှာ တိုက်ပွဲအသစ်တွေပြန်ဖြစ်လာတယ်။ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြောက်ပိုင်းအဖွဲ့တွေ ပါဝင်ဖို့အတွက်အရေးကြီးလာ တဲ့ အခါ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက အဓိကဖြစ်လာပြီး မြစ်ဆုံ နဲ့ ငြိမ်းချမ်းရေးဟာ အတူတွဲနေ သလို ဖြစ် လာတယ်။ သို့သော် ဦးသိန်း စိန်ဘက်ကလည်း ငြိမ်းချမ်းရေးဘယ်လောက်ပဲလိုချင်လိုချင် မြစ်ဆုံ စီမံကိန်း ပြန်စဖို့ဆိုတာ မဖြစ်နိုင်ဘူး။အဲဒီ အချိန် မှာ ဦးသိန်းစိန် ဟာ သူရဲ့ ဒုတိယ ရည်မှန်းချက်ဖြစ်တဲ့ စာချုပ်ကိစ္စ မိတ်ဝတ်မပျက်ဘဲ သဘောတူညီမှုရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

ကျွန်တော်က ၂၀၁၃ နောက်ပိုင်း ဦးသိန်း စိန်ရဲ့ တရုတ်နိုင်ငံခရီးစဉ်တိုင်းမှာ လိုက်ပါခွင့်ရခဲ့တဲ့အတွက် ထိပ်သီးဆွေးနွေး မှုတွေမှာ ဘာတွေ ဆွေးနွေးတယ်ဆိုတာ မြင်ခွင့် ၊ကြားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် လျှို့ဝှက်ကိစ္စတွေဖြစ်တဲ့အတွက် အဆိုပြုတာတွေရှိခဲ့ တယ်။ သဘော တူ ညီမှုမရခဲ့ဘူးလို့ပဲ ပြောပါရစေ။စီမံကိန်း ရပ်ဆိုင်းရေး လှုပ်ရှားမှုတွေ တစ်ကျော့ပြန် လှုပ်ရှား လာ တဲ့ အခါတုန်း က “ သမ္မတ ဦးသိန်းစိန် က မြစ်ဆုံ စီမံကိန်း ကို ဘာ့ကြောင့် အပြီးအပိုင် ရပ်ဆိုင်းတာ မလုပ်ဘဲ ဆိုင်းငံ့ရုံ ဆိုင်းငံ့ခဲ့တာလဲ ” ဆို တဲ့ မေးခွန်းတွေပေါ် လာတယ် ။

မြစ်ဆုံ စီမံကိန်းနဲ့ပတ် သက်ပြီး ဦးသိန်းစိန်အစိုးရအဖွဲ့ အတွင်း မှာ ဖြစ်ပေါ်ခဲ့တဲ့အကြောင်းအရာတွေ နဲ့ ပတ်သက်လို့ ISEAS က ထုတ် ဝေမယ့် ကျွန်တော့်စာအုပ်ထဲမှာ အပိုင်းတစ်ပိုင်းအနေနဲ့ အပြည့် အစုံရေးထား ပါတယ် ။ ဒါပေမယ့် စည်းကမ်းအရ စာအုပ်ထုတ်ဝေခြင်း မပြုမီ အဲဒီအချက် အလက် တွေကို အပြည့်အစုံ ထုတ်ဖော်ရေးသားလို့ မရတဲ့ အတွက် အကျဉ်းချုပ်ပဲ တင်ပြ ပါ့မယ် ။မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် ၊ဦးဇော်မင်း အပါအဝင် မူဝါဒ ဆိုင်ရာ အဆင့် မှာ ပါဝင်ခဲ့ သူ တွေကို မေးခွင့်ရခဲ့တယ်။ ခွင့်တောင်းပေမယ့် မဖြေ တဲ့သူ သုံးယောက်ရှိတယ်။ ဦးသန်းရွှေ၊ သူရ ဦး ရွှေမန်း နဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး။

ဦးသန်းရွှေ ကတော့ တွေ့ဆုံခွင့်တောင်း တာကို ခွင့်မပြုဘူး ။ ဦးရွှေမန်းက တွေ့တယ်။ လွှတ်တော် ရေးရာနဲ့ ပတ်သက်ပြီး သူပြောချင်တာ ဆယ့်ငါး မိနစ်လောက်ပြောတယ်။ မေးခွန်းမေးခွင့်မပြုဘုူး။ သူ့ ကော်မရှင်အဖွဲ့ဝင် အချို့နဲ့ပေးတွေ့ တယ် ။ ဒီလူတွေက မြစ်ဆုံ စီမံ ကိန်းအကြောင်း သိတဲ့ လူ တွေမဟုတ်တဲ့ အတွက် ဥပဒေပြုရေးနဲ့ ပြည်ခိုင်ဖြိုးပါတီအကြောင်းပဲ မေးခွင့်ရတယ်။ ဦးတင် အောင်မြင့်ဦးကတော့ တွေ့တယ် ။ ဘာမှမဖြေဘူး ။ ပြောချင်ရင်တော့ မင်း ကို ပြောမလား ၊ ငါ့ ဟာ ငါ စာရေးမှာပေါ့လို့ပြော တယ်။ သူဆီက မြစ်ဆုံနဲ့ပတ်သက်လို့ရော၊ စာအုပ်ပါ အခြားအချက်တွေ နဲ့ပတ်သက် လို့ရော ဘာမှမေး လို့မရခဲ့ဘူး။

ဦးသိန်းစိန် သမ္မတ သက်တမ်းကာလ မှာ ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေကို ကြိုတင် အသိမပေးဘဲ ဆုံးဖြတ်ခဲ့တဲ့ အဓိက ဆုံးဖြတ်ချက် ကြီး နှစ်ခုရှိတယ်။ပထမ တစ်ခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ တွေ့ဆုံမယ့်ကိစ္စဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပြည်ခိုင်ဖြိုးခေါင်းဆောင် တစ်ချို့ က ဦးသိန်းစိန်ဟာ “ကျားသေကို အသက်သွင်းတယ်” လို့ အပြစ်တင်ခဲ့ ကြတယ်။ အဲဒီထက် ဆိုးတဲ့စကားနဲ့ ပြောတာလည်းရှိတယ်။ အဲဒါ ကိုတော့ စာအုပ်ထွက်မှပဲ ဖတ် ကြပေတော့။ဒုတိယ တစ်ခုကတော့ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားဖို့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အဲဒီဆုံး ဖြတ်ချက်ကြောင့် သူ့မှာ ရန်သူအသစ်တွေပေါ်လာခဲ့တယ်။

နောင်ဖြစ်လာတဲ့ နိုင်ငံရေးလွန်ဆွဲမှုတွေမှာ သူ့ အတွက် အရေးကြီးတဲ့ ထောက်ခံမှု တစ်ခုကို ဆုံးရှုံးခဲ့ရတယ်။၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ ရက်စွဲနဲ့ ပြည်သူ့လွှတ်တော်ကို ပေးပို့တဲ့ သမ္မတ ဦးသိန်း စိန်ရဲ့ သဝဏ်လွှာမှာ မြစ်ဆုံနဲ့ပတ်သက်ပြီး အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။ ပထမပိုင်းက စီမံကိန်းကို သူ့သက်တမ်းအတွင်းမှာ ရပ်ဆိုင်းထား ဖို့ဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ မြစ်ဆုံစီမံကိန်းနဲ့ ပတ် သက်တဲ့ စာ ချုပ်စာတမ်းတွေကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် တရုတ်နိုင်ငံနဲ့ ညှိ နှိုင်းဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။အဲဒီလို နှစ်ပိုင်းခွဲ ခြား ရတာကလည်း ဆိုင်းငံ့တာကို မိမိဆန္ဒနဲ့လုပ်လို့ရပေမယ့် သဘောတူစာချုပ် ကို ပြင်ဆင်တာ၊

ပယ်ဖျက်တာလုပ်မယ်ဆိုရင်တော့ နှစ်နိုင်ငံညှိနှိုင်းပြီးမှ ဆောင်ရွက်ရတဲ့ သဘော သဘာ၀ ကြောင့်ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ တရုတ်၊ စင်္ကာပူတို့နဲ့ ဆောင်ရွက်မယ့် ရထားလမ်း စီမံကိန်းတွေမှာလည်း မဟာသီယာအစိုးရက ဆိုင်းငံ့ထားတယ်။ ပြီးမှာ စာချုပ်ပြင်ဆင်၊ဖျက် သိမ်း နိုင်ဖို့ ဆွေးနွေးတာလုပ်တယ် ဆိုတဲ့ အခြေအနေကို တွေ့နိုင်ပါတယ်။ဒါပေမယ့် ဦးသိန်းစိန် အနေနဲ့ ဒုတိယအဆင့်ကို ဆက်လက် ဆောင်ရွက်ဖို့ လုပ်ဆောင်တဲ့အခါ မှာ အတွင်း ၊ အပြင် ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။

၂၀၁၁ သမ္မတရာထူး လက်ခံပြီး နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ မြစ်ဆုံ စီမံ ကိန်းရပ်ဆိုင်းထားမှု တို့ကြောင့် ဦး သိန်းစိန်ဟာ ပြည်တွင်း၊ ပြည်ပမှာ လူကြိုက်များလာ ခဲ့တယ်။ အဲ ဒီလို လူကြိုက်များ လာတာကြောင့်ပဲ တစ်ချို့ပုဂ္ဂိုလ်တွေကြားမှာ ဦး သိန်းစိန်ဟာ သက်တမ်းတစ်ခုပဲ တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ မူလ စိတ်ထားများ ပြောင်းသွားလေမလား၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ဦး သိန်းစိန်နဲ့ ပြည်ခိုင်ဖြိုးကို ထောက် ခံသူတွေများ လာမလား လို့ စိုးရိမ်မှုတွေလည်း ပေါ်ပေါက် လာတယ်။

အဲဒီ ပုဂ္ဂိုလ်တွေကပဲ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှုနဲ့ပတ်သက်ပြီး တရုတ်ဘက် ကို သူတို့ အနေနဲ့ ဒီလို တစ်ဖက်သတ် ဆုံးဖြတ်ချက် ကို သဘောမတူကြောင်း၊ သူတို့သာဆိုရင် အခြား နည်းနဲ့ ဖြေရှင်းမှာ ဖြစ်ကြောင်း သတင်းစကားပါးခဲ့တယ် ဆိုတာကို အဲဒီ ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူအချို့ဆီက နေ ပြန်ကြားခဲ့ရတယ်။ အဲဒီလို လုပ်ဆောင်ချက်တွေဟာ မြစ်ဆုံစီမံကိန်း အနာဂတ်နဲ့ပတ်သက် ပြီး ဆက်ဆွေးနွေးတဲ့အခါ ဦးသိန်းစိန်ရဲ့ အနေအထားကို အများကြီး ထိခိုက် စေခဲ့ တယ်။

ဒီ ပုဂ္ဂိုလ်တွေ က ပြည်တွင်း မှာ မြစ်ဆုံ ကိစ္စနဲ့ပတ်သက်ပြီး သမ္မတကို ထိုးနှက် လို့မရပေမယ့် အခြားကိစ္စ တွေမှာ ထိုးနှက် ခဲ့ကြတယ်။ (အဲဒီဖြစ်စဉ်တွေကို စာအုပ်မှာ သီးခြား အပိုင်းတစ်ပိုင်း အဖြစ် နဲ့ ရေးထား ပါတယ်။ ) ဒ့ါကြောင့်၂၀၁၂ ခုနှစ်ကုန်ပိုင်းက စပြီး ဦးသိန်းစိန်နဲ့ သူ့အစိုးရ အဖွဲ့ နောက်ကြောမလုံတော့ ဘူး။ ရှေ့ တစ်လှမ်း လှမ်းမယ်ပြင်တိုင်း နောက်ကို နှစ်ခါ ပြန်ကြည့် နေခဲ့ရတယ်။ ၂၀၁၃-၁၄ နှစ် တွေက အဆိုးဆုံးပဲ။ ၂၀၁၁နဲ့ ၂၀၁၂ နှစ်လယ် ပိုင်းလောက်အထိ ကာလ တုန်းလို ကိုယ်က ဦးဆောင်တာမဟုတ်ဘဲ ကိစ္စ တစ်ခုခြင်းမှာ တစ်ဘက် ရဲ့ အခြေ အနေ တွေကို လိုက်ပြီး တုန့်ပြန်ဆောင်ရွက်လာရတယ်။ နိုင်ငံရေး လက်ဦးမှု မဲ့လာ တယ် ။

ဒီလိုအခြေ အနေမျိုးမှာ ဦးသိန်းစိန်အနေနဲ့ မြစ်ဆုံ အနာဂတ်နဲ့ပတ်သက်ပြီး အဆိုပြုချက်တစ်ခုခု (ပုံစံပြောင်း ပြီးလုပ်မလား၊ ပြန်လေ့ လာမလား၊ လျော်ကြေးပေး ဖျက်သိမ်းမလား) လုပ်ဖို့ ခက်ခဲခဲ့တယ်။ဦးသိန်းစိန် ဟာ သူ တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာရော၊ စာအုပ် အတွက် တွေ့ဆုံမေးမြန်းမှုတွေ လုပ် တဲ့ အချိန်မှာရော နယက အဖွဲ့ဝင်တစ်ဦးအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ တာဝန် ရှိသလို သမ္မ တတစ်ဦးအနေနဲ့ အရင်အစိုးရရဲ့ ကောင်းမွေ၊ဆိုးမွေကို ဆက်ခံဖြေရှင်းဖို့ တာဝန်ရှိ တယ်လို့ ခံယူထားတုန်းပဲ။ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်း နိုင်ဖို့ အတွက် သဘောတူညီချက် တစ်ခု ရအောင်၊ ဒါမှမဟုတ် အဲဒီသဘောတူညီချက်ကို ရှေ့ရှု စေ မယ့် လုပ်ငန်းစဉ်တစ်ခု ပေါ်လာအောင်။

မလုပ်နိုင်ခဲ့တဲ့အတွက် နိုင်ငံအပေါ်မှာ သူအကြွေး ကျန်ခဲ့တယ်လို့ စိတ်မကောင်းစွာနဲ့ ပြောနေဆဲပဲ။ဒါပေမယ့် တကယ်တော့ ဦးသိန်းစိန် ဟာ ၂၀၀၇ နှစ် အောက်တိုဘာလက စပြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင် ခဲ့ပေမယ့် လည်း မြစ်ဆုံစီမံကိန်းအပါအဝင် စီမံကိန်းကြီးတွေ အတွက် သဘော တူစာချုပ် ဆွေးနွေး မှု၊ ချုပ်ဆိုမှုတွေမှာ အဓိက အခန်းက ပါခဲ့တာ မဟုတ်ဘူး။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ တရုတ် ဒုသမ္မတ ရှီကျင့်ဖျင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ရှေ့မှာ ရေအား လ ျှပ်စစ်ဆိုင်ရာ သဘောတူစာချုပ်တွေ လက် မှတ် ထိုးခဲ့ တဲ့ အခမ်းအနားမှာတောင် ဦးရွှေ မန်းနဲ့ ဦးတင် အောင် မြင့်ဦးတို့ တက်ရောက်ခဲ့ပေမယ့် ဦးသိန်းစိန်မပါခဲ့ရဘူး။

ဝန်ကြီးချုပ်အနေနဲ့ ဝန်ကြီး ဌာန လုပ်ငန်း တစ်ခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းအပါအဝင် စီမံကိန်းကြီးတွေရဲ့ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ ကို စစ်ဆေးရတာပဲရှိတယ်။ ဒါတောင် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဆိုရင် အ ထက်ကို ပြန်တင်ပြရသေးတယ်။ပထမ အချက်က တော့မြစ်ဆုံ အနာဂတ် အရေးနဲ့ပတ်သက်ပြီးလူထုလှုပ်ရှားမှုပုံစံနဲ့ ထောက်ခံမှု ရအောင်မလုပ်နိုင် ခဲ့တာဖြစ်ပါတယ်။ အဲဒီလို လုပ်ရင် ပြည်ခိုင်ဖြိုး အပါအဝင် အခြားနိုင်ငံရေး အင်အားစုတွေ က ထောက်ခံပါ့မလား၊ မီဒီယာတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပူးပေါင်း ပါ့မလား။တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပိုဆိုးသွားမလားဆိုတဲ့ စဉ်းစားရန်အချက်တွေ ရှိပေမယ့် ကြိုးစားကြည့် ခဲ့သင့်တယ်လို့ထင်ပါတယ်။

ဒုတိယ အချက် ကတော့ မြစ်ဆုံစီမံကိန်းသဘောတူ စာချုပ်နဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု၊ လ ျှပ်စစ် ဓာတ်အားခွဲဝေမှုဆိုတဲ့ အချက် အလက်တွေကို သတင်းထုတ် ပြန်ခဲ့တာရှိပေမယ့် စာချုပ် ဖျက်သိမ်း မယ်၊ ပြင်ဆင်မယ် ဆိုရင် လိုက်နာရမယ့် အချက်တွေကို ပြည်သူလူထု ကို ပွင့်ပွင့်လင်းလင်း အသိပေး တာမရှိခဲ့ဘူး။ ပြန်ကြားရေး ဝန်ကြီးဌာန အနေနဲ့တောင် သတင်းထုတ်ပြန်နိုင်ဖို့အတွက် လိုအပ်တဲ့ အချက် တွေပဲ သိခဲ့ရတယ်။ အဲဒီအချိန်ကတော့ ဖျက်သိမ်း/ ပြင်ဆင်တာ နဲ့ပတ်သက်တဲ့ သ တင်း အချက်အလက်တွေကို ထုတ်ပြန်ခဲ့ရင် တရုတ်ကို နောက်ထပ်ဖိအား တစ်ခု ထပ်ပေးသလို ဖြစ် မှာကို စိုးရိမ်တဲ့ စိတ်က အားကောင်း နေခဲ့တယ်ထင်တယ်။

သို့သော် လူထုဘက်က ကြည့်ရင်တော့ အဲ ဒီအချက်တွေကို မသိရတဲ့အတွက် အစိုးရအပေါ် ယုံကြည်မှုလျော့ပါး ခဲ့တယ်။ဒါကတော့ မြစ် ဆုံစီမံကိန်း နဲ့ပတ်သက်ပြီး ဦးသိန်းစိန်ဆောင်ရွက်ခဲ့တဲ့အခြေအနေ အကျဉ်းချုပ်ပါပဲ။ အသေးစိတ်ကတော့ စာအုပ်ထွက်မှပဲဖတ်ကြပါ ။ အနှစ်ချုပ် ကတော့ မြစ်ဆုံကိစ္စ မှာ ဦးသိန်းစိန် ရဲ့ ပယောဂ မပါဘူး ဆို တဲ့ အကြောင်းပါပဲ ။

(Ye Htut)

Add a Comment

Your email address will not be published. Required fields are marked *