ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ သက္ေတာ္ေစာင့္ ဦးစိုးဝင္း ၏ မိသားစုရွိရာ နာေရး ေနအိမ္

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၏ အနီးကပ္လူယုံ၊ သက္ေတာ္ေစာင့္ ဦးစိုးဝင္း ကြယ္လြန္ ခ်ိန္တြင္ မိန္းမႏွ င့္ သား ၃ ေယာက္ က်န္ရစ္ခဲ့ၿပီး မိသားစု ထက္ အလုပ္တာဝန္ကို ပိုမို ခ်စ္ျမတ္ႏိုးသူဟု သူ၏ အသိုင္းအဝိုင္းၾကားတြင္ ေျပာစမွတ္ ျပဳၾကသည္။

ဦးစိုးဝင္း ကြယ္လြန္သြားသည့္အေပၚ ဝမ္းနည္းေၾကာင္းကို အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ပါတီဝင္မ်ား၊ႏို င္ငံေရး လုပ္ေဖာ္ကိုင္ဖက္ မ်ား က လူမႉကြန္ရက္ေပၚတြင္လည္း ေရးသားထားၾကသည္။ေဒၚေအာင္ဆန္းစုၾကည္၏ အနီးကပ္လူယုံ၊ သက္ေတာ္ေစာင့္ ၁ ဦးလည္း ျဖစ္ သည့္ အသက္ ၅၉ ႏွစ္ ရွိ ဦးစိုးဝင္း မွာ ဇူလိုင္ ၂၅ ရက္က ဦးေႏွာက္ ေသြးေၾကာေပါက္ကာ ေနျပည္ေတာ္တြင္ ႐ုတ္တရက္ကြယ္လြန္ခဲ့သည္။

ဦးစိုးဝင္း ၏ က်န္ရစ္ေသာ ႐ုပ္ကလာပ္ ကို ယမန္ေန႔က ရန္ကုန္သို႔ ျပန္လည္သယ္ေဆာင္လာၿပီး ျဖစ္သလို နာေရးကို ဇူလိုင္ ၂၉ ရက္ေန႔ တြင္ ျပဳလုပ္ မည္ျဖစ္ကာ ေရေဝးသုသာန္တြင္ ဂူသြင္း သၿဂိဳလ္မည္ ျဖစ္သည္။ ဦးစိုးဝင္းသည္ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ ခ်ဳပ္မွ လြတ္ေျမာက္လာသည့္ အခ်ိန္မွ စကာ သစၥာအရွိဆုံး အနီးကပ္ လူယုံေတာ္ အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူလည္း ျဖစ္သည္။

REF: ဧရာဝတီ

UNICODE

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံ၊ သက်တော်စောင့် ဦးစိုးဝင်း ကွယ်လွန် ချိန်တွင် မိန်းမနှ င့် သား ၃ ယောက် ကျန်ရစ်ခဲ့ပြီး မိသားစု ထက် အလုပ်တာဝန်ကို ပိုမို ချစ်မြတ်နိုးသူဟု သူ၏ အသိုင်းအဝိုင်းကြားတွင် ပြောစမှတ် ပြုကြသည်။

ဦးစိုးဝင်း ကွယ်လွန်သွားသည့်အပေါ် ဝမ်းနည်းကြောင်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ၊နို င်ငံရေး လုပ်ဖော်ကိုင်ဖက် များ က လူမှူကွန်ရက်ပေါ်တွင်လည်း ရေးသားထားကြသည်။ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံ၊ သက်တော်စောင့် ၁ ဦးလည်း ဖြစ် သည့် အသက် ၅၉ နှစ် ရှိ ဦးစိုးဝင်း မှာ ဇူလိုင် ၂၅ ရက်က ဦးနှောက် သွေးကြောပေါက်ကာ နေပြည်တော်တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်။

ဦးစိုးဝင်း ၏ ကျန်ရစ်သော ရုပ်ကလာပ် ကို ယမန်နေ့က ရန်ကုန်သို့ ပြန်လည်သယ်ဆောင်လာပြီး ဖြစ်သလို နာရေးကို ဇူလိုင် ၂၉ ရက်နေ့ တွင် ပြုလုပ် မည်ဖြစ်ကာ ရေဝေးသုသာန်တွင် ဂူသွင်း သဂြိုလ်မည် ဖြစ်သည်။ ဦးစိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ် ချုပ်မှ လွတ်မြောက်လာသည့် အချိန်မှ စကာ သစ္စာအရှိဆုံး အနီးကပ် လူယုံတော် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

REF:  ဧရာဝတီ

Add a Comment

Your email address will not be published. Required fields are marked *