ကမ္ဘာ့နိုင်ငံ ပေါင်း (၁၈၄) နိုင်ငံတွင် COVID 19 ကူးစက် ခံရပြီး နာလန်ပြန်ထူမှု အညွှန်ကိန်းတွင် မြန်မာက အဆင့် (၂၀) တွင် ရပ်တည်၍ နေရာယူနိုင်
crd:dvb news
UNICODE
ကိုဗစ်-၁၉နဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံကတော့ နာလန် ထူညွှန်ကိန်း ၄၂ ဒသမ ၉၁ နဲ့ အဆင့် ၁၂၀ မှာ ရှိ နေပြီး ရောဂါဖြစ်ပွားမှု စတင်ရာ တရုတ် နိုင်ငံက တော့ နာလန်ထူညွှန်ကိန်း ၆၂ ဒသမ ၇၅ နဲ့ အဆင့် ၃၅ နေရာတွေမှာ ရပ်တည် နေကြတာပါ ။ မြန်မာ နိုင်ငံ မှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က စတင် တွေ့ရှိခဲ့ တာဖြစ်ပြီး ဇူလိုင် ၂၉ ရက် မနက်အထိ အတည်ပြု လူနာ ၃၅၁ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၂၉၃ ဦးရှိပါတယ်။
ကမ္ဘာ တဝန်း မှာတော့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ သန်းနီးပါး ရှိပြီး သေဆုံးသူ ၆၆၀,၀၀၀ ကျော်နဲ့ ရောဂါပိုး ကင်းစင်လာသူ ၁၀ သန်းကျော် ရှိတယ်လို့ သိရပါ တယ်။Covid 19 ရော ဂါ ကူးစက် ခံရပြီး ပြန် လည် နာလန် ထူသက်သာ လာတဲ့ ကမ္ဘာ့ နိုင်ငံ တွေေ ရဲ့ ညွှန် ကိန်း မှာ မြန်မာ နိုင်ငံ က အဆင့် (၂၀)နေရာ မှာ ရပ် တည် နေပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း (၁၈၄) နိုင်ငံရဲ့ စာရင်း အင်း ဆိုင် ရာ ညွှန် ကိန်းတွေ ကိုတော့ (Global Covid 19 Index (GCI) )က အချိန် နဲ့ တပြေးညီ ဖော်ပြပေး ထားတာဖြစ်ပါတယ်။
တနိုင်ငံ ချင်း စီ ရဲ့ လူဦးရေ ၊ တဦးကျတိုင်းပြည်ဝင်ငွေ၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုအစီအမံ၊ ရောဂါကူးစက်မှု၊ သေဆုံး မှုနဲ့ ပြန် လည်သက်လာပျောက် ကင်း မှုစ တဲ့ အချက် အလက် တွေအ ပေါ် အခြေခံ ပြီး တွက်ချက် ပေးထား တာ ဖြစ်ပါ တယ်။ဒီ စာရင်း ရဲ့ ထိပ်ဆုံး မှာ ရှိနေ တာကတော့ အိမ်နီးချင်း အာရှ နိုင်ငံတ နိုင်ငံဖြစ် တဲ့ ထိုင်း နိုင်ငံဖြစ် ပြီး ပြန် လည် နာလန်ထူ ညွှန် ကိန်း (၈၂ ဒသမ ၂၇) နဲ့ ရပ် တည်နေကာ တောင် ကိုရီးယား နိုင်ငံကတော့ (၈၁ ဒသမ ၂၉) နဲ့ ဒုတိယ နေရာမှာ ရပ်တည် နေတာ ဖြစ် ပါတယ်။
တတိ ယ နေရာမှာ တော့ လတ်ဗီးယား နိုင်ငံက နာလန်ထူ ညွှန်ကိန်း (၈၀ ဒသမ ၉၅) နဲ့ ရပ် တည်နေပြီး သူ့နောက် မှာတော့ အာရှ နိုင်ငံတွေဖြ စ်ကြတဲ့ မလေးရှား နဲ့ ထိုင်ဝမ် က နာလန် ထူညွှန်ကိန်း ၇၉ ဒသမ ၄၃၊ ၇၈ ဒသမ ၆၈ အသီးသီးနဲ့ ထိပ် ပိုင်း ၅ နိုင်ငံအဖြစ် ရပ်တည်နေကြတာ ဖြစ်ပါတယ်။အဆိုပါ နိုင်ငံတွေ နောက်မှာတော့ နယူးဇီလန်၊ လစ်သူယေးနီးယား၊ ဩစတေးလျ၊ ကနေဒါနဲ့ ဖင်လန် နိုင်ငံတွေ ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကတော့ နာလန်ထူညွှန်ကိန်း ၆၉ ဒသမ ၇၉ နဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး အာရှနိုင်ငံတွေထဲမှာတော့ ပဥ္စမမြောက် နိုင်ငံဖြစ်ပါတယ်။စင်ကာပူနိုင်ငံကတော့ နာလန်ထူညွှန်ကိန်း ၅၇ ဒသမ ၈၃ နဲ့ အဆင့် ၅၁ နေရာမှာ ရှိနေပြီး ဂျပန်နိုင်ငံက နာလန်ထူညွှန်း ကိန်း၆၂ ဒသမ ၄၇ နဲ့ အဆင့် ၃၇ တွေမှာ အသီးသီး ရှိနေကြပါတယ်။
crd:dvb news