ခံယူခ်က္ခ်င္းမတူတာနဲ႔ ပယ္မဲျဖစ္ေစခ်င္တာဟာ မေကာင္းတဲ့စိတ္ဓာတ္နဲ႔ လုပ္ရပ္ပါ

သူမဟာ သူမ ေျပာသမွ် သူ႔ပရိသတ္ အားလုံး သူ႔ဖက္ကေန လိုက္ပါလာၾက လိမ့္မယ္လို႔ အေတြးမွားဟန္တူ ပါတယ္။ မပါႏိုင္ပါဘူး။ သူအခု လို ေရးတင္ လိုက္တာဟာ သူ႔ညီမပါတီပါ ေျမာင္းထဲေရာက္ တဲ့ ကိန္းပါပဲ။ ဒီလို ခံယူခ်က္မ်ိဳး နဲ႔ လုပ္ရပ္မ်ိဳးဟာ အခုတေလာ ျမင္ေတြ႕ေန ရတဲ့ ႏိုးဗုတ္သမား ေတာ္လွန္ေရး ဇာတ္ပ်က္၊ ႏိုင္ငံေရး စားဖား၊ ဟိုအေရးဒီအေရး ကြၽမ္းက်င္သူ ေလ့လာသူအမည္ခံထားတဲ့ ႏိုင္ငံေရး အလဇၨီ ဒုသီလေတြ ရဲ႕ လုပ္ရပ္နဲ႔ အတူတူပါပဲ။

သူတို႔ဟာ သူတို႔ဝန္းရံ ခဲ့လို႔ ေဒၚေအာင္ဆန္းစုၾကည္ရယ္ လို႔ ျဖစ္လာတာလို႔ ထင္တစ္လုံးျဖစ္ေနၾက ရွာတယ္။ တကယ္ေတာ့ လူထုဟာ ေဒၚေအာင္ဆန္းစုၾကည္ လက္ခံက်င့္သုံးတည္ေဆာက္ေန တဲ့ အမွန္တရား ကို ေထာက္ခံေနၾကတာပါ။ ဒီအခ်က္ကို မျမင္ႏိုင္ေသး သမွ် ေတာ့ ျမန္မာ့ႏိုင္ငံေရးမွာ ကိုယ့္ေသတြင္း ကိုယ္တူးၿပီး ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံၾကမယ့္ ႏိုင္ငံေရး ဇာတ္ပ်က္ေတြ ကို စိတ္မ ေကာင္းစြာနဲ႔ပဲ ျမင္ေတြ႕ေနၾကရဦး မွာပါ။

ဒီေန႔ည မွာ “ပယ္မဲျဖစ္ေအာင္ လုပ္ၾက” ဆိုတဲ့ စာသား နဲ႔ လူထု ရဲ႕ တံေတြးခြက္ ထဲ ကို မိုက္မဲစြာ ခုန္ဆင္းသြား သူကေတာ့ မခိုင္ေခၚ ထြန္း အိျႏၵာဗို ပါပဲ။ၿပီးခဲ့တဲ့ ေ႐ြးေကာက္ ပြဲ မွာ ဝန္းရံမႈမွန္ခဲ့ လို႔ သူမ ရဲ႕ အတိတ္ ကို ေမ့ေပ်ာက္ပစ္ၾကၿပိး လူထုက အခ်စ္ပို ခဲ့တယ္။ သူ႔ညီမလည္း အမတ္ျဖစ္ခဲ့တယ္။ အမတ္ျဖစ္ၿပီး မၾကာခင္ လမ္းခုလတ္မွာပဲ မိခင္ပါတီ နဲ႔ လမ္းခြဲခဲ့တယ္ ။ အခုေတာ့ သူ႔ညီမ လည္း စဥ္ၿပိဳင္ တစ္ပါတီ ေထာင္ၿပီး မဲဆြယ္ေနၿပီမို႔ သူ လည္း သူ႔ညီမ အတြက္ မဲရလိုရျငား မဲဆြယ္ တာပါပဲ။

ဒါေပမဲ့ ဆြယ္နည္း က အမွားႀကီးမွားေန တယ္။ ေ႐ြးေကာက္ပြဲ ဆိုင္ရာ ဥပေဒနဲ႔ ၾကည့္ရင္ ျပစ္မႈေျမာက္ပါတယ္။ ကြၽန္ေတာ္က သူ႔အႏု ပညာကို ေလးစားတဲ့ ပရိသတ္တစ္ေယာက္ပါ။ ဒါေပမဲ့ သူ႔ႏိုင္ငံေရးခံယူခ်က္ ေျပာင္းျပန္ျဖစ္သြား ကိုေတာ့ သေဘာမက် ပါဘူး။ ဒီလုပ္ရပ္ မ်ိဳးဟာ မစားရတဲ့ အမဲ သဲနဲ႔ပက္တာပါပဲ ။ သူ႔အႏုပညာ ကို ေန႔ခ်င္း ညခ်င္း ေျမာင္းထဲေရာက္ေအာင္ ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္း ႀကံ လိုက္ တာပါပဲလို႔ ေျပာခ်င္ပါတယ္။

မင္းဒင္

REF: LET PAN

UNICODE

သူမဟာ သူမ ပြောသမျှ သူ့ပရိသတ် အားလုံး သူ့ဖက်ကနေ လိုက်ပါလာကြ လိမ့်မယ်လို့ အတွေးမှားဟန်တူ ပါတယ်။ မပါနိုင်ပါဘူး။ သူအခု လို ရေးတင် လိုက်တာဟာ သူ့ညီမပါတီပါ မြောင်းထဲရောက် တဲ့ ကိန်းပါပဲ။ ဒီလို ခံယူချက်မျိုး နဲ့ လုပ်ရပ်မျိုးဟာ အခုတလော မြင်တွေ့နေ ရတဲ့ နိုးဗုတ်သမား တော်လှန်ရေး ဇာတ်ပျက်၊ နိုင်ငံရေး စားဖား၊ ဟိုအရေးဒီအရေး ကျွမ်းကျင်သူ လေ့လာသူအမည်ခံထားတဲ့ နိုင်ငံရေး အလဇ္ဇီ ဒုသီလတွေ ရဲ့ လုပ်ရပ်နဲ့ အတူတူပါပဲ။

သူတို့ဟာ သူတို့ဝန်းရံ ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ရယ် လို့ ဖြစ်လာတာလို့ ထင်တစ်လုံးဖြစ်နေကြ ရှာတယ်။ တကယ်တော့ လူထုဟာ ဒေါ်အောင်ဆန်းစုကြည် လက်ခံကျင့်သုံးတည်ဆောက်နေ တဲ့ အမှန်တရား ကို ထောက်ခံနေကြတာပါ။ ဒီအချက်ကို မမြင်နိုင်သေး သမျှ တော့ မြန်မာ့နိုင်ငံရေးမှာ ကိုယ့်သေတွင်း ကိုယ်တူးပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံကြမယ့် နိုင်ငံရေး ဇာတ်ပျက်တွေ ကို စိတ်မ ကောင်းစွာနဲ့ပဲ မြင်တွေ့နေကြရဦး မှာပါ။

ဒီနေ့ည မှာ “ပယ်မဲဖြစ်အောင် လုပ်ကြ” ဆိုတဲ့ စာသား နဲ့ လူထု ရဲ့ တံတွေးခွက် ထဲ ကို မိုက်မဲစွာ ခုန်ဆင်းသွား သူကတော့ မခိုင်ခေါ် ထွန်း အိန္ဒြာဗို ပါပဲ။ပြီးခဲ့တဲ့ ရွေးကောက် ပွဲ မှာ ဝန်းရံမှုမှန်ခဲ့ လို့ သူမ ရဲ့ အတိတ် ကို မေ့ပျောက်ပစ်ကြပြိး လူထုက အချစ်ပို ခဲ့တယ်။ သူ့ညီမလည်း အမတ်ဖြစ်ခဲ့တယ်။ အမတ်ဖြစ်ပြီး မကြာခင် လမ်းခုလတ်မှာပဲ မိခင်ပါတီ နဲ့ လမ်းခွဲခဲ့တယ် ။ အခုတော့ သူ့ညီမ လည်း စဉ်ပြိုင် တစ်ပါတီ ထောင်ပြီး မဲဆွယ်နေပြီမို့ သူ လည်း သူ့ညီမ အတွက် မဲရလိုရငြား မဲဆွယ် တာပါပဲ။

ဒါပေမဲ့ ဆွယ်နည်း က အမှားကြီးမှားနေ တယ်။ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေနဲ့ ကြည့်ရင် ပြစ်မှုမြောက်ပါတယ်။ ကျွန်တော်က သူ့အနု ပညာကို လေးစားတဲ့ ပရိသတ်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့နိုင်ငံရေးခံယူချက် ပြောင်းပြန်ဖြစ်သွား ကိုတော့ သဘောမကျ ပါဘူး။ ဒီလုပ်ရပ် မျိုးဟာ မစားရတဲ့ အမဲ သဲနဲ့ပက်တာပါပဲ ။ သူ့အနုပညာ ကို နေ့ချင်း ညချင်း မြောင်းထဲရောက်အောင် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံ လိုက် တာပါပဲလို့ ပြောချင်ပါတယ်။

မင်းဒင်

REF:  LET  PAN

Add a Comment

Your email address will not be published. Required fields are marked *