တရားလိုဘက်က ရုံးချိန်းတွေမလာပဲ ကျွန်တော်တို့ကိုထောင်ထဲမှာ အကြာကြီးနေရအောင် လုပ်နေတာဟု မင်းရာဇာပြောပြီ





REF: APANN PYAY

UNICODE

အိမ်အကူ မိန်းကလေးရဲ့ နာမည်ကို အမှုကိစ္စ စတင် ဖြစ်ပွား ကတည်းက နာမည်အရင်းကို မဖော်ပြခဲ့ဘဲ အိမ်အကူမိန်းကလေးရဲ့ရှေ့နေ ဖြစ်သူ ဦးရောဘတ်စန်းအောင်က Grace လို့သာ အမည်လွှဲခေါ်ဝေါ်စေခဲ့တာ ဖြစ်ပါတယ်။မင်းရာဇာရဲ့ အမှုအခြေအနေကတော့ တရားလို ဘက်က သက်သေခံ အဖြစ် မင်းရာဇာတို့ ဇနီးမောင်နှံပြောထားတဲ့ အသံဖိုင်တွေကို တင်သွင်းထားတယ်လို့ သိရပါတယ်။

ရှေ့နေ ဦးရောဘတ်စန်းအောင် က ဆိုပါတယ်။ တရားလို မိန်းကလေးရဲ့ နာမည်ကို Grace လို့ပဲ ပေးထားတာပါ။အိမ်အကူ မိန်းကလေး အား ညှင်းပန်းနှိပ်စက်မှု၊ မုဒိန်းမှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာ နဲ့ ဇနီးတို့ကို ဇူလိုင်(၂၉) ရက်နေ့ မြောက်ဥက္ကလာတရား ရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ရုံးထုတ်ခဲ့ပေမယ်လည်း သူတို့ဘက်က ရုံးချိန်းတွေလည်း မလာဘူးဗျာ.. ။

ကျွန်တော်တို့ကို ထောင်ထဲမှာအကြာကြီးနေလို့ရ အောင် လုပ်လို့ရတဲ့ ဘက်က နေသူတို့လုပ်မှာပေါ့”ဟု သရုပ်ဆောင်မင်းရာဇာက ပြော ဆိုသည်။မင်းရာဇာက သူ့အမျိုးသမီးအခြေအနေနဲ့ပတ်သက်ပြီး ကျနော့်အမျိုးသမီး သိပ်နေမကောင်းဗျ၊ တစ်ချို့စာနယ်ဇင်းတွေ မီဒီယာ တွေက ရေးနေကြတာ တွေ့မှာပါ၊

သူတို့က တရားသူကြီးနဲ့ ကျနော်တို့ထက်ပိုသိနေသလိုရေးနေကြတယ်ဗျ၊အမှုမှန်ကို တရားသူကြီး၊ ကျနော်တို့ ရှေ့နေနဲ့ ကျနော်တို့ဘဲ သိပါ တယ်။ သေချာတာကတော့ ကျနော်တို့ လူယုတ်မာတွေမဟုတ်ဘူးဗျ” ဟုဆိုသည်။

REF:   APANN  PYAY

Add a Comment

Your email address will not be published. Required fields are marked *