ဖားကန႔္တြင္ ေျမစာပုံကမ္းပါး ၿပိဳမႈ ႐ုတ္တရက္ျဖစ္ပြားၿပီး ရဲတပ္ဖြဲ႕ဝင္ (၃)ဦးႏွင့္ ကုမၸဏီ ဝန္ထမ္း (၁၅)ဦး ပါသြား၍ ရွာေဖြေန

ဖားကန႔္ေဒသအတြင္း မိုးရာသီ မွာ ေျမၿပိဳမႈေၾကာင့္ လူအစုလိုက္အၿပဳံလိုက္ ေသဆုံးမႈေတြကို ကာကြယ္တာဆီးႏိုင္ရန္ ရည္႐ြယ္ၿပီး ေက်ာက္စိမ္း တူးေဖာ္ေရး လုပ္ငန္းေတြကို ဇူလိုင္လ တစ္ရက္ေန႔ကေန စက္တင္ဘာလကုန္အထိ မိုးတြင္း ကာလ သုံးလကို တရားဝင္ ရပ္နားထားဘို႔ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာန ျမန္မာ့ ေက်ာက္ မ်က္ရတနာ ေရာင္းဝယ္ ေရးလုပ္ငန္း (မကလ) က ၫႊန္ၾကားထားခဲ့တဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။

ကခ်င္ ျပည္နယ္ သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီး ဦးဒါရွီလွဆိုင္းဟာလည္း ဖားကန႔္ ေက်ာက္စိမ္းတြင္းေဒ ကို ေရာက္ရွိေနခ်ိန္လည္း ျဖစ္ပါတယ္ ။ဖားကန႔္ ၿမိဳ႕နယ္ ဆိပ္မူ အုပ္စု ေကာင္စံေက်း႐ြာ ၊ကရင္ေခ်ာင္ေက်း႐ြာ ၊ေခ်ာင္းဖ်ားေက်း႐ြာ အနီးက အျမင့္ေပတေထာင္ခန႔္ရွိတဲ့ မေန႔ည ( ၂၈.၇.၂၀၁၉ ေန႔နံက္ ၀၂:၃၀နာရီခန႔္က စိန္လုံေတာင္ ေက်ာက္စိမ္းကမ္းပါးယံႀကီး ( ေဒသအေခၚ စိန္လုံ ေတာင္ေၾကာ )ၿပိဳက်ခဲ့တယ္ လို႔ အနီးအနားမွာရွိေနတဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးထံက သိရပါတယ္။

အဆိုပါ ကမ္းပါးၿပိဳ က်မႈေၾကာင့္ ရာဇဌာနီ ေက်ာက္စိမ္းတူးေဖာ္ေရး ကုမၼဏီဝန္ထမ္း (၁၅) ဦးေသဆုံးခဲ့ၿပီး၊ လုပ္ကြက္ လုံၿခဳံေရးေစာင့္ၾကပ္ တဲ့ ယာယီရဲကင္း တခုလည္းေျမၿပိဳတဲ့အထဲပါသြားခဲ့တယ္ လို႔ လုံၿခဳံေရးရဲတပ္ရင္း က တာဝန္ရွိသူတဦးကေျပာပါတယ္ ။ ရဲတပ္ဖြဲ႕ဝင္ ငါး ေယာက္ ပါသြားတာ ႏွစ္ဦးကေတာ့ အသက္ရွင္လွ်က္ ျပန္လြတ္လာတယ္ ။ သုံးဦးကေတာ့ ေသဆုံးတယ္ ။ အေလာင္း ကေတာ့ က်ေနာ္တို႔ ရဲတပ္ဖြဲ႕ဝင္ အေလာင္းတေလာင္းရွာေတြ႕ၿပီ ၊

ကုမၼဏီ လုံၿခဳံေရး ဝန္ထမ္းက (၁၅)ဦးပါသြားတာ (၆) ေလာင္းေတာ့ ျပန္ရၿပီ ။ အားလုံးေပါင္း ေလာေလာ ဆယ္ (၇) ေလာင္းေတာ့ ရွာ ေတြ႕ထားၿပီ ” လို႔ ၿပိဳက်သြား တဲ့ စိန္လုံေတာင္ေၾကာ အနီးမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲတပ္ရင္း ၃၀ က ရဲမႉးကေျပာပါတယ္ ။ဖားကန႔္ ေက်ာက္စိမ္းတြင္းေဒသ ေျမကမ္းပါးၿပိဳက်မႈ ၊ ေျမစာပုံၿပိဳက်မႈ ၊ ႏြံကန္ေပါက္က်မႈျဖစ္စဥ္ေတြထဲ လုံၿခဳံေရး ရဲတပ္ဖြဲ႕ဝင္ေတြ ထိခိုက္ေသဆုံး မႈဆိုတာ မရွိခဲ့ပါဘူးပါဘူး ။ယခု ျဖစ္စဥ္မွာ လုံၿခဳံေရး ရဲတပ္ဖြဲ႕ဝင္ သုံးဦးေပ်ာက္ဆုံးေနၿပီး ႏွစ္ဦးဒဏ္ရာ ရရွိခဲ့တာပါ။

ဒါဟာ ပထမဆုံးျဖစ္တယ္လို႔ ေဒသခံေတြက ဆိုပါတယ္ ။တပိုင္တႏိုင္ လက္က်င္း တူးသူ လူေပါင္းမ်ားစြာ ေသဆုံးႏိုင္တယ္လို႔ ေျပာဆို ေနၾကေပမဲ့ ေလာေလာဆယ္ အတည္ျပဳခ်က္ေတြ မရႏိုင္ေသးဘူးလို႔ ေဒသခံေတြက ေျပာဆို ေနၾကပါတယ္ ။အဲ့နားမွာ လက္က်င္းတူးတဲ့ လူေတြလည္း ရွိတယ္ေနာ္ ။အနည္းဆုံးေတာ့ ၁၅ေယာက္အေယာက္ ႏွစ္ဆယ္ေလာက္ေတာ့ ပါသြားႏိုင္တယ္ေနာ္ ” လို႔ ဟင္းတင့္႐ြာသား တဦးကလည္း သူ႔ရဲ႕ထင္ုမင္ယူဆခ်က္ကို ေျပာဆိုခဲ့ပါတယ္ ။

Source: Zaw Moe Htet

UNICODE

ဖားကန့်ဒေသအတွင်း မိုးရာသီ မှာ မြေပြိုမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေကို ကာကွယ်တာဆီးနိုင်ရန် ရည်ရွယ်ပြီး ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေကို ဇူလိုင်လ တစ်ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ မိုးတွင်း ကာလ သုံးလကို တရားဝင် ရပ်နားထားဘို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန မြန်မာ့ ကျောက် မျက်ရတနာ ရောင်းဝယ် ရေးလုပ်ငန်း (မကလ) က ညွှန်ကြားထားခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။

ကချင် ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလှဆိုင်းဟာလည်း ဖားကန့် ကျောက်စိမ်းတွင်းဒေ ကို ရောက်ရှိနေချိန်လည်း ဖြစ်ပါတယ် ။ဖားကန့် မြို့နယ် ဆိပ်မူ အုပ်စု ကောင်စံကျေးရွာ ၊ကရင်ချောင်ကျေးရွာ ၊ချောင်းဖျားကျေးရွာ အနီးက အမြင့်ပေတထောင်ခန့်ရှိတဲ့ မနေ့ည ( ၂၈.၇.၂၀၁၉ နေ့နံက် ၀၂:၃၀နာရီခန့်က စိန်လုံတောင် ကျောက်စိမ်းကမ်းပါးယံကြီး ( ဒေသအခေါ် စိန်လုံ တောင်ကြော )ပြိုကျခဲ့တယ် လို့ အနီးအနားမှာရှိနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးထံက သိရပါတယ်။

အဆိုပါ ကမ်းပါးပြို ကျမှုကြောင့် ရာဇဌာနီ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီဝန်ထမ်း (၁၅) ဦးသေဆုံးခဲ့ပြီး၊ လုပ်ကွက် လုံခြုံရေးစောင့်ကြပ် တဲ့ ယာယီရဲကင်း တခုလည်းမြေပြိုတဲ့အထဲပါသွားခဲ့တယ် လို့ လုံခြုံရေးရဲတပ်ရင်း က တာဝန်ရှိသူတဦးကပြောပါတယ် ။ ရဲတပ်ဖွဲ့ဝင် ငါး ယောက် ပါသွားတာ နှစ်ဦးကတော့ အသက်ရှင်လျှက် ပြန်လွတ်လာတယ် ။ သုံးဦးကတော့ သေဆုံးတယ် ။ အလောင်း ကတော့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင် အလောင်းတလောင်းရှာတွေ့ပြီ ၊

ကုမ္မဏီ လုံခြုံရေး ဝန်ထမ်းက (၁၅)ဦးပါသွားတာ (၆) လောင်းတော့ ပြန်ရပြီ ။ အားလုံးပေါင်း လောလော ဆယ် (၇) လောင်းတော့ ရှာ တွေ့ထားပြီ ” လို့ ပြိုကျသွား တဲ့ စိန်လုံတောင်ကြော အနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ရင်း ၃၀ က ရဲမှူးကပြောပါတယ် ။ဖားကန့် ကျောက်စိမ်းတွင်းဒေသ မြေကမ်းပါးပြိုကျမှု ၊ မြေစာပုံပြိုကျမှု ၊ နွံကန်ပေါက်ကျမှုဖြစ်စဉ်တွေထဲ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံး မှုဆိုတာ မရှိခဲ့ပါဘူးပါဘူး ။ယခု ဖြစ်စဉ်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် သုံးဦးပျောက်ဆုံးနေပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့တာပါ။

ဒါဟာ ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ် ။တပိုင်တနိုင် လက်ကျင်း တူးသူ လူပေါင်းများစွာ သေဆုံးနိုင်တယ်လို့ ပြောဆို နေကြပေမဲ့ လောလောဆယ် အတည်ပြုချက်တွေ မရနိုင်သေးဘူးလို့ ဒေသခံတွေက ပြောဆို နေကြပါတယ် ။အဲ့နားမှာ လက်ကျင်းတူးတဲ့ လူတွေလည်း ရှိတယ်နော် ။အနည်းဆုံးတော့ ၁၅ယောက်အယောက် နှစ်ဆယ်လောက်တော့ ပါသွားနိုင်တယ်နော် ” လို့ ဟင်းတင့်ရွာသား တဦးကလည်း သူ့ရဲ့ထင်ုမင်ယူဆချက်ကို ပြောဆိုခဲ့ပါတယ် ။

Source: Zaw Moe Htet

Add a Comment

Your email address will not be published. Required fields are marked *