ဘယ္အစိုးရ တက္တက္ ကိုယ္လုပ္ မွ ကိုယ္စားရတာ ဆိုသူမ်ား.ႏွင့္ မဲမေပးေရး( NOVOTE ) လို႔ေျပာေန တဲ့ လူေတြ အတြက္ အရွင္ဆႏၵာဓိက” ရဲ႕ ဆုံးမစကား

ေ႐ႊပါရမီေတာရ ဆရာေတာ္ အရွင္ဆႏၵာဓိက သည္ ဗုဒၶဘာသာဆိုင္ရာ ဘာသာေရးစာေပမ်ားကို ေရးသားေသာ ရဟန္းေတာ္ တစ္ပါး ျဖစ္သည္။ ေ႐ႊပါရမီေတာရဆရာေတာ္ အရွင္ဆႏၵာဓိက ယေန႔ ဓမၼစာေပနယ္ပယ္တြင္ ပရိတ္သတ္အခိုင္အမာရရွိထားၿပီး တရားပြဲမ်ားတြင္ ပရိတ္သတ္ ႀကိတ္ႀကိတ္တိုး စည္ကားလ်က္ရွိသည္။၁၉၆၈ ခုႏွစ္၊ ဇန္နဝါရီလ(၉)ရက္၊ အဂၤါေန႔တြင္ ေရနံေခ်ာင္းၿမိဳ႕၊ သူေဌးကုန္းရပ္ ကြက္ ၌ ခမည္းေတာ္ဦးစိန္ဝင္း၊ မယ္ေတာ္ေဒၚသိန္းသိန္း တို႔မွ ဖြားျမင္သည္။

၁၉၈၄ ခုႏွစ္တြင္ ဆယ္တန္းစာေမးပြဲကို ေရနံေခ်ာင္းၿမိဳ႕၊ အထက(၁)မွ ေျခာက္ဘာသာ (ဘာသာစုံ) ဂုဏ္ထူးျဖင့္ ျမန္မာတစ္ႏိုင္ငံလုံး ဒုတိယရလ်က္ ေအာင္ျမင္သည္။သုံးထပ္ကြမ္းလူရည္ခြၽန္အျဖစ္ ၈တန္း၊ ၉တန္း၊ ၁၀တန္းတို႔၌ သုံးႏွစ္ဆက္တိုက္ ေ႐ြးခ်ယ္ခံခဲ့ရသည္။ ၁၉၈၄ ခုႏွစ္၊ ဆယ္တန္းေအာင္ျမင္ၿပီးေနာက္ သာသနာ့ေဘာင္သို႔ဝင္ေရာက္ခဲ့ၿပီး အမရပူရၿမိဳ႕၊ မဟာဂႏၶာ႐ုံေက်ာင္းတိုက္တြင္ ပရိယတၱိ စာေပမ်ား ေလ့လာဆည္းပူးခဲ့သည္။

၁၉၉၂ ခုႏွစ္တြင္ ပထမေက်ာ္ဘြဲ႕ ႏွင့္ ၁၉၉၅ ခုႏွစ္တြင္ ဓမၼာစရိယဘြဲ႕တို႔ကို ရရွိခဲ့သည္။၁၉၉၈ ခုႏွစ္တြင္ အသက္(၃၀)ျပည့္ ပုလဲရတု ေမြး ေန႔အထိမ္းအမွတ္အျဖစ္ တစ္ေယာက္တည္းေန တစ္စိတ္တည္းထား စာအုပ္ကို စတင္ထုတ္ေဝခဲ့သည္။ကိုယ္လုပ္ မွ ကိုယ္စားရ မယ္ ။ မဲ သြားေပးစရာ မလို ပါဘူး (No Vote) ဆိုတဲ့ သူေတြလည္း ရွိတယ္ ။ သာမန္အားျဖင့္ ၾကည့္လိုက္ ရင္ေတာ့ ဟုတ္သလို ထင္ရတာေပါ့ေနာ္ ။ ဒါေပမဲ့ ကိုယ္လုပ္ မွ ကိုယ္စား ရမယ္ ဆိုတဲ့ စကား ကို ခြဲျခမ္းၾကည့္ရင္ လုပ္တာရယ္ ၊ စားတာရယ္ ႏွစ္မ်ိဳး ရွိတယ္ ။

အဲဒီေတာ့ ကိုယ္လုပ္ သေလာက္ အက်ိဳးခံစားခြင့္ ရဖို႔ အလုပ္လုပ္တဲ့ ေနရာ မွာ အဆင္ေျပေျပ လုပ္ေဆာင္ႏိုင္ဖို႔ က အေရးႀကီးေသး တယ္။ ဒါေတြ အဆင္ေျပဖို႔က စနစ္ေကာင္းဖို႔၊ အစိုးရ ေကာင္းဖို႔ လိုတယ္ ။ လယ္သမားက ကိုယ္လုပ္ မွ ကိုယ္စားရမယ္ ဆိုေပမယ့္ ကိုယ္စိုက္မယ့္ လယ္ အစိုးရက သိမ္းသြား ရင္ လုပ္လို႔ မရေတာ့ ဘူးေလ။ အစိုးရသိမ္းထား တဲ့ လယ္ကို သြားထြန္ ရင္လည္း တရားစြဲခံ ရဦးမယ္ ။ အလုပ္ သမားေတြ ဆိုရင္လည္း ကိုယ့္အိမ္ နဲ႔ အလုပ္ ကို အေဝးႀကီးသြားရၿပီး လမ္းမွာ ကားေတြ ပိတ္ လို႔ အခ်ိန္ကုန္ ရတယ္။

လုပ္ငန္းခြင္ ဆိုင္ရာ အေျခခံအေဆာက္ အအုံေတြ မေကာင္းဘူး ဆိုရင္လည္း အလုပ္လုပ္ရတာ ပင္ပန္းဆင္းရဲ တာေပါ့။ ကိုယ္လုပ္မွ ကိုယ္စားရမယ္ဆိုတာ မွန္တယ္။ ဒါေပမဲ့ စနစ္ မေကာင္းတဲ့အတြက္ ကိုယ္ လုပ္ သေလာက္ အက်ိဳးခံစားခြင့္ မရဘူး ။ ဘယ္အစိုးရတက္ တက္ ကိုယ္လုပ္မွ ကိုယ္စားရ တာ ဆိုသူမ်ား ဆရာေတာ္ အရွင္ဆႏၵာဓိ က မိန႔္ၾကားထားတာေလး ဖတ္ၾကည့္ပါ …..မလိုအပ္ဘဲ အခ်ိန္ ဆုံးရႈံး မႈ၊ စိတ္အား၊ လူအား ဆုံးရႈံးမႈေတြ ျဖစ္ေပၚလာရတယ္။ ကိုယ္လုပ္မွ ကိုယ္စားရမယ္ဆိုတာ မွန္တယ္။

ဒါေပမဲ့အစိုးရ မေကာင္းဘူး၊ စနစ္ မေကာင္းဘူးဆိုရင္ ကိုယ္လုပ္တဲ့ လုပ္အားခ ထိုက္ထိုက္ တန္တန္ ရမွာ မဟုတ္ဘူး ။ အလုပ္ခ်င္းအတူ တူကို လုပ္အားခ ပို ရလို႔ မိသားစုနဲ႔ခြဲ၊ ကိုယ့္ေရေျမကို စြန႔္ခြာၿပီး ျပည္ပမွာ သြားအလုပ္လုပ္ေနရတာေတြ အ မ်ားႀကီးပါ။ အဲဒါ ေၾကာင့္ အစိုးရေကာင္းဖို႔၊ စနစ္ ေကာင္းဖို႔ အေရးႀကီး ပါတယ္။ ေက်ာင္းသားလည္း ကိုယ္စာ က်က္မွ ကိုယ္ရမွာေပါ့ေလ။ဒါေပမဲ့ ကိုယ္သင္ၾကား တဲ့ ပညာ ေရး၊ ကိုယ္က်က္တဲ့ စာ အဆင့္အတန္းျမင့္ဖို႔ လိုတာေပါ့ေလ။

က်န္းမာေရးကလည္း ဒီလိုပဲ။ ေနာက္ၿပီး ကိုယ္လုပ္ၿပီး ကိုယ္စားရတဲ့ အခါမွာလည္း ကိုယ္စားရတဲ့ အစားအစာေတြ အရည္အေသြး ေကာင္းဖို႔၊ ေဘးအႏၲရာယ္ကင္း ဖို႔၊ က်န္းမာေရး နဲ႔ ညီၫြတ္ ဖို႔ အေရးႀကီးတာ ေပါ့ေလ။ဒါေၾကာင့္ စနစ္ေကာင္း ကို က်င့္သုံးမယ့္ အစိုးရ တစ္ရပ္ ကို ေ႐ြးခ်ယ္တင္ ေျမႇာက္ႏို င္ဖို႔ ႏိုင္ငံသားတစ္ဦး ၊ တစ္ေယာက္ ခ်င္းစီက ဘယ္ အဖြဲ႕ အစည္း ကေတာ့ စနစ္ေကာင္းေအာင္ ၊ အစိုး ရေကာင္းေအာင္ လုပ္ႏိုင္မလဲဆိုတာ ေလ့လာၿပီး ေကာင္းေအာင္လုပ္ႏိုင္မယ့္ အဖြဲ႕အစည္းကို မဲ ေပးရမွာေပါ့။

အဲဒီေတာ့ ကိုယ့္ကိုယ္တိုင္လည္း မဲ သြားေပးၾကပါ။ ကိုယ့္ဝန္းက်င္ က လူေတြ မဲ သြားေပးျဖစ္ေအာင္လည္း ကူညီတိုက္တြန္း ေပးၾကပါ လို႔ ေျပာခ်င္ ပါတယ္။

ေ႐ႊပါရမီဆရာေတာ္ အရွင္ ဆႏၵာဓိက

UNICODE

ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက သည် ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးစာပေများကို ရေးသားသော ရဟန်းတော် တစ်ပါး ဖြစ်သည်။ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ယနေ့ ဓမ္မစာပေနယ်ပယ်တွင် ပရိတ်သတ်အခိုင်အမာရရှိထားပြီး တရားပွဲများတွင် ပရိတ်သတ် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ(၉)ရက်၊ အင်္ဂါနေ့တွင် ရေနံချောင်းမြို့၊ သူဌေးကုန်းရပ် ကွက် ၌ ခမည်းတော်ဦးစိန်ဝင်း၊ မယ်တော်ဒေါ်သိန်းသိန်း တို့မှ ဖွားမြင်သည်။

၁၉၈၄ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲကို ရေနံချောင်းမြို့၊ အထက(၁)မှ ခြောက်ဘာသာ (ဘာသာစုံ) ဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယရလျက် အောင်မြင်သည်။သုံးထပ်ကွမ်းလူရည်ချွန်အဖြစ် ၈တန်း၊ ၉တန်း၊ ၁၀တန်းတို့၌ သုံးနှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရသည်။ ၁၉၈၄ ခုနှစ်၊ ဆယ်တန်းအောင်မြင်ပြီးနောက် သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ပရိယတ္တိ စာပေများ လေ့လာဆည်းပူးခဲ့သည်။

၁၉၉၂ ခုနှစ်တွင် ပထမကျော်ဘွဲ့ နှင့် ၁၉၉၅ ခုနှစ်တွင် ဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့သည်။၁၉၉၈ ခုနှစ်တွင် အသက်(၃၀)ပြည့် ပုလဲရတု မွေး နေ့အထိမ်းအမှတ်အဖြစ် တစ်ယောက်တည်းနေ တစ်စိတ်တည်းထား စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။ကိုယ်လုပ် မှ ကိုယ်စားရ မယ် ။ မဲ သွားပေးစရာ မလို ပါဘူး (No Vote) ဆိုတဲ့ သူတွေလည်း ရှိတယ် ။ သာမန်အားဖြင့် ကြည့်လိုက် ရင်တော့ ဟုတ်သလို ထင်ရတာပေါ့နော် ။ ဒါပေမဲ့ ကိုယ်လုပ် မှ ကိုယ်စား ရမယ် ဆိုတဲ့ စကား ကို ခွဲခြမ်းကြည့်ရင် လုပ်တာရယ် ၊ စားတာရယ် နှစ်မျိုး ရှိတယ် ။

အဲဒီတော့ ကိုယ်လုပ် သလောက် အကျိုးခံစားခွင့် ရဖို့ အလုပ်လုပ်တဲ့ နေရာ မှာ အဆင်ပြေပြေ လုပ်ဆောင်နိုင်ဖို့ က အရေးကြီးသေး တယ်။ ဒါတွေ အဆင်ပြေဖို့က စနစ်ကောင်းဖို့၊ အစိုးရ ကောင်းဖို့ လိုတယ် ။ လယ်သမားက ကိုယ်လုပ် မှ ကိုယ်စားရမယ် ဆိုပေမယ့် ကိုယ်စိုက်မယ့် လယ် အစိုးရက သိမ်းသွား ရင် လုပ်လို့ မရတော့ ဘူးလေ။ အစိုးရသိမ်းထား တဲ့ လယ်ကို သွားထွန် ရင်လည်း တရားစွဲခံ ရဦးမယ် ။ အလုပ် သမားတွေ ဆိုရင်လည်း ကိုယ့်အိမ် နဲ့ အလုပ် ကို အဝေးကြီးသွားရပြီး လမ်းမှာ ကားတွေ ပိတ် လို့ အချိန်ကုန် ရတယ်။

လုပ်ငန်းခွင် ဆိုင်ရာ အခြေခံအဆောက် အအုံတွေ မကောင်းဘူး ဆိုရင်လည်း အလုပ်လုပ်ရတာ ပင်ပန်းဆင်းရဲ တာပေါ့။ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ စနစ် မကောင်းတဲ့အတွက် ကိုယ် လုပ် သလောက် အကျိုးခံစားခွင့် မရဘူး ။ ဘယ်အစိုးရတက် တက် ကိုယ်လုပ်မှ ကိုယ်စားရ တာ ဆိုသူများ ဆရာတော် အရှင်ဆန္ဒာဓိ က မိန့်ကြားထားတာလေး ဖတ်ကြည့်ပါ …..မလိုအပ်ဘဲ အချိန် ဆုံးရှုံး မှု၊ စိတ်အား၊ လူအား ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရတယ်။ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာ မှန်တယ်။

ဒါပေမဲ့အစိုးရ မကောင်းဘူး၊ စနစ် မကောင်းဘူးဆိုရင် ကိုယ်လုပ်တဲ့ လုပ်အားခ ထိုက်ထိုက် တန်တန် ရမှာ မဟုတ်ဘူး ။ အလုပ်ချင်းအတူ တူကို လုပ်အားခ ပို ရလို့ မိသားစုနဲ့ခွဲ၊ ကိုယ့်ရေမြေကို စွန့်ခွာပြီး ပြည်ပမှာ သွားအလုပ်လုပ်နေရတာတွေ အ များကြီးပါ။ အဲဒါ ကြောင့် အစိုးရကောင်းဖို့၊ စနစ် ကောင်းဖို့ အရေးကြီး ပါတယ်။ ကျောင်းသားလည်း ကိုယ်စာ ကျက်မှ ကိုယ်ရမှာပေါ့လေ။ဒါပေမဲ့ ကိုယ်သင်ကြား တဲ့ ပညာ ရေး၊ ကိုယ်ကျက်တဲ့ စာ အဆင့်အတန်းမြင့်ဖို့ လိုတာပေါ့လေ။

ကျန်းမာရေးကလည်း ဒီလိုပဲ။ နောက်ပြီး ကိုယ်လုပ်ပြီး ကိုယ်စားရတဲ့ အခါမှာလည်း ကိုယ်စားရတဲ့ အစားအစာတွေ အရည်အသွေး ကောင်းဖို့၊ ဘေးအန္တရာယ်ကင်း ဖို့၊ ကျန်းမာရေး နဲ့ ညီညွတ် ဖို့ အရေးကြီးတာ ပေါ့လေ။ဒါကြောင့် စနစ်ကောင်း ကို ကျင့်သုံးမယ့် အစိုးရ တစ်ရပ် ကို ရွေးချယ်တင် မြှောက်နို င်ဖို့ နိုင်ငံသားတစ်ဦး ၊ တစ်ယောက် ချင်းစီက ဘယ် အဖွဲ့ အစည်း ကတော့ စနစ်ကောင်းအောင် ၊ အစိုး ရကောင်းအောင် လုပ်နိုင်မလဲဆိုတာ လေ့လာပြီး ကောင်းအောင်လုပ်နိုင်မယ့် အဖွဲ့အစည်းကို မဲ ပေးရမှာပေါ့။

အဲဒီတော့ ကိုယ့်ကိုယ်တိုင်လည်း မဲ သွားပေးကြပါ။ ကိုယ့်ဝန်းကျင် က လူတွေ မဲ သွားပေးဖြစ်အောင်လည်း ကူညီတိုက်တွန်း ပေးကြပါ လို့ ပြောချင် ပါတယ်။

ရွှေပါရမီဆရာတော် အရှင် ဆန္ဒာဓိက

Add a Comment

Your email address will not be published. Required fields are marked *