ဧရာဝတီ ျမစ္ေရ စစ္ကိုင္းတိုင္းမွာ စိုးရိမ္ေရမွတ္ကို ေက်ာ္လြန္ေရာက္ရွိလာ၍ သတိျပဳၾကရန္ မိုး/ဇလ သတိေပး

ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၀:၃၀) နာရီအခ်ိန္ တိုင္းထြာခ်က္အရ ဧရာဝတီျမစ္ေရသည္ ဆိပ္သာၿမိဳ႕ တြင္ (၃)လက္မခန႔္ ယင္းၿမိဳ႕၏ စိုးရိမ္ ေရမွတ္ အထက္သို႔ ေက်ာ္လြန္ေနေရာက္ရွိေနပါသည္။ အဆိုပါျမစ္ေရ သည္ လက္ရွိ ေရမွတ္မွ ေနာက္ (၂)ရက္အတြင္း ေပဝက္ခန႔္ ဆက္ လက္တက္လာႏိုင္ကာ ယင္းၿမိဳ႕၏စိုးရိမ္ ေရမွတ္အထက္ ဆက္လက္ တည္ရွိ ႏိုင္ပါသည္။ ယေန႔ နံနက္(၁၀:၃၀) နာရီအခ်ိန္ တိုင္းထြာခ်က္ အရ ခ်င္းတြင္းျမစ္ေရသည္ ေဖာင္းျပင္ၿမိဳ႕ တြင္ (၁)ေပခန႔္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္သို႔ ေက်ာ္လြန္ေရာက္ရွိ ေနပါသည္။

အဆိုပါျမစ္ေရသည္ ေနာက္ (၃)ရက္အတြင္း ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ေအာက္သို႔ ျပန္လည္ က်ဆင္းႏိုင္ပါသည္။မင္း ကြန္းယဥ္ ေက်းမႈေဒ သ သို႔သြားရာ စစ္ကိုင္း-မင္းကြန္းကားလမ္း ဆြမ္းဦးပုည‌ရွင္ ေရစက္အနီး ကားလမ္းေပၚ သို႔ ဇူလိုင္ ၂၈ တြင္ ဧရာဝတီ ျမစ္ေရစတင္ေက်ာ္ ေနပါသည္။ကားလမ္းေပၚေရေက်ာ္ေနေသာ္လည္း ကား၊ ဆိုင္ကယ္မ်ား သြားလာ၍ ရပါသည္။ ယေန႔ ေန႔ လည္ တိုင္းထြာခ်က္အရ ဧရာဝ တီျမစ္ေရသည္ ၁၁၅၁ စင္တီမီတာသို႔ေရာက္ရွိေနၿပီး စစ္ကိုင္းၿမိဳ႕၏စိုးရိမ္ေရအမွတ္ ၁၁၅၀ စင္တီမီတာကို ေက်ာ္လြန္သြားၿပီျဖစ္သည္။

စစ္ကိုင္း-မင္းကြန္း ေအာက္လမ္း (ရွင္ျဖဴရွင္လွလမ္းပိုင္း) ေရေက်ာ္၍ သြားလာရ ခက္ခဲပါက အေပၚလမ္းမွ လမ္းလႊဲေမာင္ႏွင္ပါသည္။ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လ (၂၈)ရက္ေန႔ (၁၁:၀၀)နာရီ အခ်ိန္တြင္ ျမစ္ေရႀကီးမႈအေျခအေန သတင္းကို ေအာက္ပါအတိုင္း ထုတ္ျပန္ ထားပါတယ္။ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၀:၃၀) နာရီအခ်ိန္ တိုင္းထြာခ်က္အရ ဧရာဝတီ ျမစ္ေရ သည္ စစ္ကိုင္းၿမိဳ႕ တြင္ (၁)စင္တီမီတာခန႔္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္သို႔ ေက်ာ္လြန္ေရာက္ရွိေနၿပီး၊ ေနာက္(၂)ရက္ အတြင္း ယင္း ၿမိဳ႕၏စိုးရိမ္ေရမွတ္ေအာက္သို႔ ျပန္လည္က်ဆင္းႏိုင္ပါသည္။

ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၀:၃၀) နာရီအခ်ိန္ တိုင္းထြာခ်က္အရ ဧရာဝတီျမစ္ေရ သည္ ေညာင္ဦးၿမိဳ႕ တြင္ ေပဝက္ခန႔္ ယင္းၿမိဳ႕၏ စိုးရိမ္ ေရမွတ္အထက္သို႔ ေက်ာ္လြန္ေရာက္ရွိေနပါသည္။ အဆိုပါျမစ္ေရသည္ လက္ရွိေရမွတ္မွ ေနာက္ (၂)ရက္အတြင္း ေပဝက္ခန႔္ ဆက္လက္ တက္လာ ႏိုင္ကာ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ အထက္ ဆက္လက္ တည္ရွိႏိုင္ပါသည္။သို႔ျဖစ္ပါ၍ ေညာင္ဦးၿမိဳ႕နယ္ ႏွင့္ ဆိပ္သာၿမိဳ႕ အတြင္း ရွိ ျမစ္ကမ္းအနီး ႏွင့္ ေျမနိမ့္ပိုင္း ေနထိုင္သူမ်ား အေနျဖင့္ အထူးသတိျပဳ ေနထိုင္ၾကပါရန္ အသိေပး ႏႈိးေဆာ္အပ္ပါသည္။

REF: မိုး/ဇလ

UNICODE

ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဆိပ်သာမြို့ တွင် (၃)လက်မခန့် ယင်းမြို့၏ စိုးရိမ် ရေမှတ် အထက်သို့ ကျော်လွန်နေရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် လက်ရှိ ရေမှတ်မှ နောက် (၂)ရက်အတွင်း ပေဝက်ခန့် ဆက် လက်တက်လာနိုင်ကာ ယင်းမြို့၏စိုးရိမ် ရေမှတ်အထက် ဆက်လက် တည်ရှိ နိုင်ပါသည်။ ယနေ့ နံနက်(၁၀:၃၀) နာရီအချိန် တိုင်းထွာချက် အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့ တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိ နေပါသည်။

အဆိုပါမြစ်ရေသည် နောက် (၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနိုင်ပါသည်။မင်း ကွန်းယဉ် ကျေးမှုဒေ သ သို့သွားရာ စစ်ကိုင်း-မင်းကွန်းကားလမ်း ဆွမ်းဦးပုည‌ရှင် ရေစက်အနီး ကားလမ်းပေါ် သို့ ဇူလိုင် ၂၈ တွင် ဧရာဝတီ မြစ်ရေစတင်ကျော် နေပါသည်။ကားလမ်းပေါ်ရေကျော်နေသော်လည်း ကား၊ ဆိုင်ကယ်များ သွားလာ၍ ရပါသည်။ ယနေ့ နေ့ လည် တိုင်းထွာချက်အရ ဧရာဝ တီမြစ်ရေသည် ၁၁၅၁ စင်တီမီတာသို့ရောက်ရှိနေပြီး စစ်ကိုင်းမြို့၏စိုးရိမ်ရေအမှတ် ၁၁၅၀ စင်တီမီတာကို ကျော်လွန်သွားပြီဖြစ်သည်။

စစ်ကိုင်း-မင်းကွန်း အောက်လမ်း (ရှင်ဖြူရှင်လှလမ်းပိုင်း) ရေကျော်၍ သွားလာရ ခက်ခဲပါက အပေါ်လမ်းမှ လမ်းလွှဲမောင်နှင်ပါသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် မြစ်ရေကြီးမှုအခြေအနေ သတင်းကို အောက်ပါအတိုင်း ထုတ်ပြန် ထားပါတယ်။ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေ သည် စစ်ကိုင်းမြို့ တွင် (၁)စင်တီမီတာခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး၊ နောက်(၂)ရက် အတွင်း ယင်း မြို့၏စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။

ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀) နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ သည် ညောင်ဦးမြို့ တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက် (၂)ရက်အတွင်း ပေဝက်ခန့် ဆက်လက် တက်လာ နိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက် တည်ရှိနိုင်ပါသည်။သို့ဖြစ်ပါ၍ ညောင်ဦးမြို့နယ် နှင့် ဆိပ်သာမြို့ အတွင်း ရှိ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

REF:   မိုး/ဇလ

Add a Comment

Your email address will not be published. Required fields are marked *