ကိုဗစ္ စည္းကမ္းခ်က္ သက္တမ္းတိုး ခဲ့လို႔ ရန္ကုန္က ဘုရားေတြ ျပန္မဖြင့္ႏိုင္ေတာ့ဟု ေျပာဆို

COVID ကာလအတြင္းမွာ ျမန္မာႏိုင္ငံအႏွံ႔အျပားက ဘုရားေတြကို ဖူးေျမာ္ခြင့္ယာယီပိတ္ထားခဲ့ရာမွာ ကာလအေတာ္ၾကာခဲ့ၿပီး လက္ရွိမွာ ေတာ့ သတ္မွတ္စည္းကမ္းခ်က္ေတြနဲ႔ အညီျပန္လည္ဖြင့္လွစ္ခြင့္ျပဳထားၿပီျဖစ္ပါတယ္။ ေဒသအလိုက္ ဘုရားေတြကိုေတာ့ အခ်ိန္အကန႔္ အသတ္၊ လူအကန႔္အသတ္ေတြ နဲ႔ ဖူးေျမာ္ခြင့္ျပဳထားပါတယ္။

သက္ဆိုင္ရာ အစိုးရအဖြဲ႕ရဲ႕ ၫႊန္ၾကားခ်က္ေတြအတိုင္း COVID စည္းကမ္းခ်က္ ေတြကိုလည္း စနစ္တက် စီစဥ္ေဆာင္႐ြက္ထားရွိလွ်က္ ရွိပါတယ္။လက္ရွိမွာေတာ့ ရန္ကုန္က ဘုရားေတြကို ျပန္လည္ ဖြင့္လွစ္ႏိုင္ျခင္းမရွိေသးသလို ပုဂံမွာလည္း ဘုရားဖူး ျပည္သူေတြမ်ားျပား ေနတာေၾကာင္ နာမည္ႀကီး ဘုရား (၁၇)ဆူကို ဇူလိုင္(၂၉)ရက္ေန႔စလို႔ အကန႔္အသတ္ မရွိဖူးေျမာ္ခြင့္ ပိတ္ထားတာျဖစ္ပါတယ္။

ကနဦး ဇူလိုင္ (၃၀)မွာ ျပန္ဖြင့္ဖို႔ စီစဥ္ ထားတာပါ။ COVID ကာလအတြင္း ပိတ္ထားခဲ့တဲ့ ရန္ကုန္က ဘုရားေတြကို တိုင္းအစိုးရက ဇူ လိုင္ (၃၀)ရက္ေန႔မွာ ျပန္ဖြင့္ဖို႔ ၫႊန္ၾကားခဲ့ေပမယ့္လည္း ဒီကေန႔မွာေတာ့ ဘုရားေတြျပန္လည္ ဖြင့္လွစ္ႏိုင္ခဲ့ျခင္းမရွိခဲ့ပါဘူး။ ရန္ကုန္ကဘုရား ေတြမွာ သက္ဆိုင္ရာ ေဂါပကေတြက ဇူလိုင္(၃၀)ရက္ေန႔ မွာျပန္ဖြင့္ႏိုင္ဖို႔ COVID စည္းကမ္းေတြနဲ႔ အညီ ျပင္ဆင္ထားတာပါ။

ၾသဂုတ္လ(၁၅)ရက္ေန႔ ထိ COVID စည္းကမ္းခ်က္ေတြကို ထပ္မံတိုးျမင့္လိုက္တာေၾကာင့္ ျပန္လည္ဖြင့္လွစ္ႏိုင္ျခင္း မရွိခဲ့တာပါ။ ကြၽန္ ေတာ္တို႔က အေစာပိုင္း တိုင္း အစိုးရကလည္း သတ္မွတ္စည္းကမ္းခ်က္ေတြနဲ႔အညီ ဇူလိုင္(၃၀)မွာ ျပန္ဖြင့္ခြင့္ေပးေတာ့ ဘုရားမွာလည္း အားလုံးျပင္ဆင္ၿပီးသြားၿပီ။ အမွန္ဆို ဒီေန႔ ျပန္ဖြင့္ရမွာေပါ့။

မေန႔ကပဲ COVID ထိန္းခ်ဳပ္ကာကြယ္ေရး ဗဟိုေကာ္မတီက COVIDနဲ႔ ပတ္သက္ၿပီး ထုတ္ထားတဲ့ သတ္မွတ္ခ်က္ေတြ ကို ၾသဂုတ္ (၁၅)ရက္ထိ ထပ္တိုးတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ အဲဒီရက္ေနာက္ပိုင္းမွ ျပန္ဖြင့္ႏိုင္မယ္ထင္တယ္” လို႔ ဆူးေလဘုရားေဂါပကအဖြဲ႕က ေျပာပါတယ္။

REF: duwun

UNICODE

COVID ကာလအတွင်းမှာ မြန်မာနိုင်ငံအနှံ့အပြားက ဘုရားတွေကို ဖူးမြော်ခွင့်ယာယီပိတ်ထားခဲ့ရာမှာ ကာလအတော်ကြာခဲ့ပြီး လက်ရှိမှာ တော့ သတ်မှတ်စည်းကမ်းချက်တွေနဲ့ အညီပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီဖြစ်ပါတယ်။ ဒေသအလိုက် ဘုရားတွေကိုတော့ အချိန်အကန့် အသတ်၊ လူအကန့်အသတ်တွေ နဲ့ ဖူးမြော်ခွင့်ပြုထားပါတယ်။

သက်ဆိုင်ရာ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်တွေအတိုင်း COVID စည်းကမ်းချက် တွေကိုလည်း စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိလျှက် ရှိပါတယ်။လက်ရှိမှာတော့ ရန်ကုန်က ဘုရားတွေကို ပြန်လည် ဖွင့်လှစ်နိုင်ခြင်းမရှိသေးသလို ပုဂံမှာလည်း ဘုရားဖူး ပြည်သူတွေများပြား နေတာကြောင် နာမည်ကြီး ဘုရား (၁၇)ဆူကို ဇူလိုင်(၂၉)ရက်နေ့စလို့ အကန့်အသတ် မရှိဖူးမြော်ခွင့် ပိတ်ထားတာဖြစ်ပါတယ်။

ကနဦး ဇူလိုင် (၃၀)မှာ ပြန်ဖွင့်ဖို့ စီစဉ် ထားတာပါ။ COVID ကာလအတွင်း ပိတ်ထားခဲ့တဲ့ ရန်ကုန်က ဘုရားတွေကို တိုင်းအစိုးရက ဇူ လိုင် (၃၀)ရက်နေ့မှာ ပြန်ဖွင့်ဖို့ ညွှန်ကြားခဲ့ပေမယ့်လည်း ဒီကနေ့မှာတော့ ဘုရားတွေပြန်လည် ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ရန်ကုန်ကဘုရား တွေမှာ သက်ဆိုင်ရာ ဂေါပကတွေက ဇူလိုင်(၃၀)ရက်နေ့ မှာပြန်ဖွင့်နိုင်ဖို့ COVID စည်းကမ်းတွေနဲ့ အညီ ပြင်ဆင်ထားတာပါ။

သြဂုတ်လ(၁၅)ရက်နေ့ ထိ COVID စည်းကမ်းချက်တွေကို ထပ်မံတိုးမြင့်လိုက်တာကြောင့် ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့တာပါ။ ကျွန် တော်တို့က အစောပိုင်း တိုင်း အစိုးရကလည်း သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ဇူလိုင်(၃၀)မှာ ပြန်ဖွင့်ခွင့်ပေးတော့ ဘုရားမှာလည်း အားလုံးပြင်ဆင်ပြီးသွားပြီ။ အမှန်ဆို ဒီနေ့ ပြန်ဖွင့်ရမှာပေါ့။

မနေ့ကပဲ COVID ထိန်းချုပ်ကာကွယ်ရေး ဗဟိုကော်မတီက COVIDနဲ့ ပတ်သက်ပြီး ထုတ်ထားတဲ့ သတ်မှတ်ချက်တွေ ကို သြဂုတ် (၁၅)ရက်ထိ ထပ်တိုးတယ်ဆိုတော့ ကျွန်တော်တို့ အဲဒီရက်နောက်ပိုင်းမှ ပြန်ဖွင့်နိုင်မယ်ထင်တယ်” လို့ ဆူးလေဘုရားဂေါပကအဖွဲ့က ပြောပါတယ်။

REF:  duwun

Add a Comment

Your email address will not be published.